စစ်ကောင်စီသင်္ကြန်ပွဲတွင် နိုင်ငံတကာ DJ အနု ပညာရှင်များမပါဝင်ရန် တောင်းဆို

လာမယ့်မြန်မာ့နှစ်သစ်ကူးကာလမှာ စစ်ကောင်စီက သင်္ကြန်ပွဲတော်တွေ စည်ကားအောင်ကျင်းပဖို့ ပြင်ဆင်နေရာမှာ  စစ်ကောင်စီနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း Thingyan Music Festival (EDM) ဖျော်ဖြေပွဲတွေကို ရန်ကုန်မြို့မှာ ကျင်းပဖို့ စီစဉ်နေပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပမယ့် သင်္ကြန် EDM ပွဲတပွဲမှာ နိုင်ငံတကာက DJ artist တွေ ပါဝင်မယ်လို့ သိရပြီး အဲဒီ အနု ပညာရှင်တွေကို မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေမှန်ကို သိစေဖို့နဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု ယန္တရားလည်ပတ်မှုအောက်မှာ မပါဝင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။

Yangon Revolution Force တာဝန်ရှိသူက “ပြည်ပက DJ တွေကတော့ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အမှန်တရားကို မသိရှိနိုင်လို့ ဒီလိုမျိုး ပွဲတွေကို လက်ခံတယ်လို့ ယူဆလို့ ရတယ်။ ဒါကြောင့် သူတို့တွေကို မြန်မာပြည်မှာ ဘာတွေ ဖြစ်နေလဲဆိုတာ ပြောပြတယ်။ ပြည်တွင်းက DJ တွေကတော့ တတ်နိုင်သမျှ စကစ ဝါဒဖြန့်တဲ့ ပွဲလမ်းတွေ ရှောင်ကြဉ်ပြီး လက်ခံပြီး ဖျော်ဖြေပေးဖို့ တောင်းဆိုချင်တယ်။ ကျနော်တို့အနေနဲ့ ဒီနှစ်သင်္ကြန်မှာလည်း ပြည်သူတွေကို တော်လှန်သင်္ကြန် ဆက်လက် ဆင်နွှဲပေးဖို့ တောင်းဆိုချင်တယ်။ ကျနော်တို့က ပြည်သူတွေကို မပျော်ရဘူး၊ မသွားရ မလာရဘူးလို့ ပြောတာ မဟုတ်ဘူး။ ပြည်သူတွေ ပျော်လို့ရတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ဖြစ်စေချင်တဲ့အတိုင်း ဝါဒဖြန့်ချိဖို့ အ တွက် ကိုယ်က အသုံးချခံဖြစ်သွားစေမယ့် ပျော်ရွှင်ခြင်း နည်းလမ်းတွေကို ရှောင်ကြဉ်ပြီးတော့ ကိုယ့်ရဲ့ မိသားစု၊ အပေါင်းအသင်းတွေနဲ့ တ ခြားနည်းလမ်းတွေနဲ့ ပျော်ရွှင်ဖို့ ကြိုးစားစေချင်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီကတော့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သင်္ကြန်မဏ္ဍပ် တည်ဆောက်နေပြီး ပြည်သူ့ရင်ပြင်မှာလည်း လမ်းလျှောက်သင်္ကြန်ပွဲ ကျင်း ပဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် စီးပွားဖြစ် မဏ္ဍပ်တွေ တည်ဆောက်ခွင့်ပြုထားပြီး လက်ရှိ အချိန်မှာတော့ ရန်ကုန်မှာ ပုဂ္ဂလိက မဏ္ဍပ်တွေ ဆောက်လုပ်နေတာ မတွေ့ရသေးပါဘူး။

မြို့ပြပျောက်ကျားအဖွဲ့ တဖွဲ့ဖြစ်တဲ့ Dark Show အဖွဲ့ကလည်း စစ်ကောင်စီ လက်အောက်ခံ သင်္ကြန်ပွဲတွေမှာ ပြည်တွင်း ပြည်ပက Dj artist တွေ မပါဝင်ကြဖို့ တောင်းဆိုထားပြီး ပါဝင်ဖျော်ဖြေမယ့် အနုပညာရှင်တွေကိုလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

တနိုင်ငံလုံး စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာပြီး ပျက်စီး ဆုံးရှုံးနေတဲ့ မိသားစုတွေ အများကြီး ရှိနေတာကို မျက်ကွယ်ပြုပြီးတော့ ဒီရန်ကုန်မှာရှိတဲ့ သူတွေက ပျော်နေနိုင်ရဲ့လားလို့  Dark Shadow အဖွဲ့မှ ရဲဘော် စီဂျီက မေးခွန်းထုတ်လိုက်ပြီး ဒီနှစ်မှာလည်း တော်လှန်သင်္ကြန်မှာ ပါဝင်ဖို့အတွက် မိဘပြည်သူတွေကို တိုက်တွန်းတောင်းဆိုတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီ သင်္ကြန်မှာ ပါဝင်မယ့်သူတွေ ကျနော်တော့ အနုပညာရှင်လို့တောင် မသုံးစေချင်ဘူး။ ဒီကောင်တွေက သင်္ကြန်တွင်းမှာ သုံးမယ့် ပိုက်ဆံတွေက ပြည်သူတွေဆီကနေ မတရား သိမ်းယူထားတဲ့ ပိုက်ဆံတွေဖြစ်တယ်။ ဒီပိုက်ဆံတွေကို လက်ခံပြီးတော့ ပွဲကို ဖျော်ဖြေဖို့အ တွက် လိပ်ပြာသန့်ရဲ့လားလို့ အရင်ဆုံး မေးချင်တယ်။ ပါဝင်ဖျော်ဖြေမယ့်သူတွေ အချက်အလက် တွေကိုလည်း သတင်းတွေ ရရှိပြီးသားဖြစ်တယ်။ ဖျော်ဖြေမယ့်သူတွေထဲကပဲ ကျနော်တို့ကို သတင်းပေးတာပေါ့။ စစ်ကောင်စီပွဲမှာ ပါဝင်ဖျော်ဖြေတယ်ဆိုကတည်းကိုက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို လည်ပတ်အောင် လုပ်ဆောင်ပေးတာ ဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့တွေက စစ်ကောင်စီရဲ့ ထောက်တိုင်အနေနဲ့ သတ်မှတ်ပြီးတော့ ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။”

စစ်ကောင်စီက သင်္ကြန်ပွဲတော်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေ အပါအဝင် နယ်မြို့တွေမှာပါ ကျင်းပဖို့ ပြင်ဆင်နေတာပါ။ တချို့ မြို့နယ်တွေမှာဆိုရင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် သင်္ကြန်ပွဲမှာ ပါဝင်ဖို့ ပြည်သူတွေကို ငွေကြေး ကောက်ခံတာတွေ၊ ဖိ အားပေးတာတွေ ရှိနေပါတယ်။

တော်လှန်ရေး အင်အားစုတွေကတော့ ပြည်သူတွေကို တော်လှန်သင်္ကြန်မှာ ပါဝင်ဖို့ တောင်းဆိုပြီး စစ်ကောင်စီရဲ့ အတုယောင် သင်္ကြန်ပွဲမှာ မပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s