ပုံအမှားသုံးကာ အလောင်းတော်ကဿပဘုရား မျက်လုံးတော်ပွင့်ဟု သတင်းမှားဖြန့်ဝေမှုရှိ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ကျောက်ပိရဟန္တာ၏ ပုံများကို အသုံးပြုကာ အလောင်းတော်ကဿပဘုရား မျက်လုံးတော်ပွင့်နေကြောင်း သတင်းမှား ဖြန့်ဝေမှုရှိနေသည်။

လူပေါင်း ၅၀၀,၀၀၀ ကျော်မှ ကြိုက်နှစ်သက်ကြောင်းဖော်ပြထားသည့် “TayarMedia” အမည်ရှိဖေ့ဘုတ်စ့်ပေ့ချ်တစ်ခုမှ “အလောင်းတော် ကဿပမြတ်စွာဘုရား မျက်လုံးတော် ဖွင့် ကြယ်နဲ့လနဲ့ကလည်း ထပ် ဘာတွေဖြစ်မယ်မှန်းတော့မသိပေမယ့် တစ်ခုခုတော့ထူးခြားလိမ့်မယ်” ဟုဆိုကာ ပုံများဖြင့် ဖြန့်ဝေထားသည်။ ထို့အပြင် ဒီမှာပါဟုဆို၍ နှစ်လုံး/သုံးလုံး ပေါက်ဂဏန်းများကို ဖော်ပြထားသည့် ပေ့ခ်ျကိုလည်း ညွှန်းဆိုထား‌သည်။ ထိုပိုစ့်တွင် ပြန်လည်မျှဝေမှု “၉,၀၀၀” ကျော်ရှိနေပြီဖြစ်သည်။

မဇ္ဈိမ မှ ဒေသခံများ၏ပြောကြားချက်များ ဓာတ်ပုံများကို စစ်ဆေးခဲ့ပြီး လက်ရှိပျံ့နှံ့နေသည့် ပုံများသည် အလောင်းတော်ကဿပဘုရား၏ မှတ်တမ်းပုံများမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

အလောင်းတော်ကဿပဘုရား ဂေါပက တာဝန်ခံများနှင့် နီးစပ်သူတစ်ဦးက “အခု မျက်လုံးတော်ပွင့်တယ်ဆိုတာတွေက ဂျင်းသတင်းပါ၊ ဓာတ်ပုံသွားရိုက်ဖို့မပြောနဲ့၊ အလောင်းတော်ကဿပဘုရားသွားဖူးဖို့တောင် နယ်မြေအခြေအနေ မကောင်းပါဘူး”ဟုဆိုသည်။

မွန်ပြည်နယ်ရှိ ဒေသခံတစ်ဦးမှာလည်း အလောင်းတော်ကဿပဘုရားပုံဟူသည့် ဓာတ်ပုံများသည် မွန်ပြည်နယ် ဘီလင်းမြို့နယ် မဲလံဆံတော်ရှင်ဘုရားရှိ ကျောက်ပိရဟန္တာ၏ ပုံများသာဖြစ်ကြောင်း မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

အလားတူ Google Map တွင် “မဲလံဆံတော်ရှင်ဘုရား” ဟု ရှာဖွေလိုက်သည်နှင့် ထိုဒေသသို့ရောက်ရှိခဲ့သည့် ဘုရားဖူးများမှ ပုံများကို ဖော်ပြထားသည်ကိုတွေ့ရသည်။

လင့် – t.ly/Itqyp

ထို့ကြောင့်လက်ရှိပျံ့နှံနေသည့် “TayarMedia” ဟူသည့်ဖေ့ဘုတ်စ်ပေ့ချ်မှ ဓာတ်ပုံများသည် အလောင်းတော်ကဿပဘုရား၏ လက်ရှိပုံတော်များမဟုတ်ဘဲ မွန်ပြည်နယ် မဲလံ ဆံတော်ရှင် ဘုရားရှိ ကျောက်ပိရဟန္တာပုံ သာဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s