တပ်မတော်နေ့ စစ်ရေးပြ လေ့ကျင့်ကွင်းကို ၁၀၇ မမ ရှော့ တိုက်ဒုန်း ၄ လုံးဖြင့် ပစ်ခတ်၊ နေပြည်တော် အဝင်အထွက် အားလုံးကို စစ် တပ် က ပိတ်ဆို့ စစ်ဆေးနေ

နေပြည်တော်တွင် အကြမ်းဖက် စစ်ကောင်စီက ကျင်းပမည့် ၇၈ နှစ်မြောက် တပ်မ တော်နေ့ အခမ်းအနား ပြုလုပ်မည့် စစ်ရေးပြ လေ့ကျင့်ကွင်းကို ယနေ့ည ၇ နာရီခွဲ အချိန်တွင် ရှော့တိုက်ဒုန်း ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။
မတ်လ ၂၆ ရက်နေ့ ည ၇ နာရီ ၃၀ အချိန်တွင် စစ်ရေးပြ လေ့ကျင့်ကွင်းကို ပစ် ခတ် တိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းကွင်းတွင် မနက်ဖြန် ပြုလုပ်မည့် တပ်မတော် နေ့ အတွက် ညပိုင်း လုံခြုံရေးများ၊ အခမ်းအနားအတွက် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်သားများ ရှိနေကြောင်း ၊ သို့ ရာတွင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေများကို မသိရှိရသေးဘဲ စစ်ကားများဖြင့် ဂိတ်ချ၍ နေရာပေါင်းစုံကို ပိတ်ဆို့ စစ်ဆေးနေသည်ဟု သိရှိရသည်။
“စစ်ကားတွေတော့ အရေးတကြီး သွားလာနေတာတွေ့တယ်။ ပေါက်ကွဲသံ လည်းကြားတယ်။ ကျန်တာတော့ မသိရသေးဘူး။ စစ်ဆေးမှုတွေ လည်းရှိနေတယ်” ဟု နေပြည်တော် ဒေသပြည်သူတစ်ဦးက ပြောသည်။
နေပြည်တော်စစ်ရေးပြကွင်းကို တိုက်ခိုက်မှုသည် ကိုဇေယျာသော်၏ မွေးနေ့ အထိမ်းအမှတ် အဖြစ် စစ်ကောင်စီကို လက်တုံ့ပြန်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“တော်လှန်တဲ့ မတ်လရဲ့ ၂၆ရက်နေ့ဟာ အကြမ်းဖက်စစ်အုပ်စု ရဲ့သူရဲဘော ကြောင်စွာ ကွပ်မျက်မှုကို ခံခဲ့ရတဲ့ ကျနော်တို့ရဲ့ အာဇာနည်သူရဲ ကောင်း ဖြိုးဇေယျာသော် (ခ)ဇေယျာသော်(ခ)မောင်ကျော်ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ လမ်းမတွေပေါ်က လူထုဆန္ဒပြပွဲတွေမှာ လူငယ်တွေရဲ့ နောက်က ပံ့ပိုးအားဖြည့် ပေးခဲ့သလို၊ သက်စွန့်ဆံစား မြေအောာက်မြို့ပြပျောက်ကျား တိုက်ပွဲတွေ မှာလည်း လူငယ်ထုနဲ့ တသားတည်းတိုက်ပွဲဝင်ခဲ့တဲ့ ကိုဇေယျာသော် (ခ) မောင် ကျော် ဟာ Generation Zဆိုတဲ့ မျိုးဆက်သစ် လူငယ်ထုအပေါ် သူပြောခဲ့တဲ့ ကတိစကားအတိုင်း သူ့အသက်နဲ့ရင်းပြီး တာဝန်ကျေစွာ ဦးဆောင်ခဲ့ပါတယ်။ လုပ်တဲ့အတိုင်းပြော ပြောတဲ့အတိုင်းလုပ်ပြီး စစ်အာဏာရှင်စနစ်ကို ဘဝရောအ သက်ပါ စွန့်လွှတ်တော်လှန်ပြသွားတဲ့ ကျနော်တို့ခေတ်ရဲ့ သူရဲကောင်း ကိုဇေယျာ သော် အတွက် ဂုဏ်ပြုမွေးနေ့လက်ဆောင်အနေနဲ့ ဒီကနေ့မှာ ကျနော် တို့ အထူးစစ်ဆင်ရေးအနေနဲ့ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပါ တယ်။ ဇေယျာသော်ရဲ့ ကျဆုံးမှုဟာ ဇေယျာသော်လို သူရဲကောင်းတွေ မျိုးဆက်တခုစာလုံး မွေးဖွားပေးလိုက်တာဖြစ်တယ်။တော်လှန်ရေးသမား တယောက်ကို သတ်လိုက်တိုင်း တော်လှန်ရေးရဲ့စိတ်ဝိညာဉ်တွေကို သိဒ္ဓိတင် လိုက်တာပဲ။ ငါတို့မျိုးဆက်တခုလုံးဟာဇေယျာသော်တွေဖြစ်တယ်။ “ဇေယျာ သော် စိတ်ဓါတ်နဲ့အဆုံးထိတိုက်ပွဲဝင်ကြ”” ဟု တော် လှန်ရေးအဖွဲ့က ပြောဆို သည်။khit thit