နေပြည်တော်လေတပ်ဆွယ်(အေလာ) ကို ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး လှုပ်ရှားမှုများတွင် တစိုက်မတ်မတ်ပါဝင်ရင်း ကျဆုံးခဲ့ရသော မောင်ကျော်(ခ) ကိုဖြိုးဇေယျာသော်၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်လေတပ်ဆွယ်(အေလာ) ကို ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း MKCDF ဥက္ကဋ္ဌက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန် MKCDF အဖွဲ ၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ နှင့် Brave Warriors for Myanmar (BWM) အဖွဲ့ ပူးပေါင်း၍ နေပြည်တော်အေလာ လေတပ်ကို ဒုံး ၃ လုံး အောင်မြင်စွာ မှပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဒုံး ၃ လုံးစလုံးလေဆိပ်အတွင်းကျရောက်ခဲ့ပြီး အဆိုပါပစ်ခတ်တိုက်ခိုက်မှုအတွင်း အထိအခိုက် အခြေအနေများကို သေချာစွာ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s