ကလိန်အောင်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးမဟာမိတ် ၂ဖွဲ့တိုက်ခိုက်

တနင်္သာရီတိုင်း၊ထား၀ယ်ခရိုင်၊ရေဖြူမြို့နယ်၊ကလိန်အောင်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ် သားငါးဦးဒဏ်ရာရရှိပြီး ယင်းထက်လည်း များနိုင်ကြောင်း Spring Dhmma PDF KLA- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

စစ်ကူလာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ မတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ကလိန်အောင်မြို့၊ကျောက်ရှပ်ရွာ၊မိုင်တိုင်အမှတ် (၄၁)အနီးမှစောင့်၍ Spring Dhmma PDF KLA- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ရွှေဘီလုံးပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ SBL တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားငါးဦး ဒဏ်ရာရရှိပြီး ယင်းထက်လည်း များနိုင်ကြောင်း Spring Dhmma PDF KLAမှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံ ကိုလင်းယုန်က မဇ္ဈိမကိုပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်ပစ်ခတ်မှုကြောင့် အသက် ၆ နှစ် အရွယ်ဒေသခံ ကလေးငယ်တဦး သေနတ်ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ကိုလင်းယုန်ကပြောသည်။

ကိုလင်းယုန်က ” ပစ်ခတ်ခံရတဲ့ စစ်ကားတွေက ရွာထဲ ဖြတ်မောင်းချိန် ကလိန်အောင်မြို့ ကျောက်ရှပ်ရွာအနီးမှာ သေနတ်နဲ့ ရမ်းသမ်းပစ်သွားလို့ ကလေးငယ်တဦး ကျည်ထိမှန်ခဲ့တယ်။ကလေးကတော့ အခုတော့ ကလိန်အောင် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့တော့ သတင်းကြားတယ်”ဟု ဆိုသည်။

မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း ကလိန်အောင်-ကံပေါက်လမ်းပိုင်းတွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ် သား သုံးဦးသေဆုံးပြီး ငါးဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

ကလိန်အောင်မြို့နယ်အတွင်း မတ်လ ၂၇ရက်နှင့် မတ်လ၂၈ ရက်က ဖြစ်ပွားသော တိုက်ခိုက်မှုများနှင့်ပတ်သက်၍ စစ်ကောင်စီဘက်ကထိခိုက်မှုကို သီးခြားအတည်ပြုချက်မရရှိသေးပေ။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s