တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်မှု စစ်ကောင်စီဘက်မှ ၃ ဦး သေ ဆုံးပြီး ရဟတ်ယာဉ် ၁ စီး ပျက်စီး
ပဲခူးတိုင်း၊ တောင်ငူမြို့မြောက်ဘက်ရှိ စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းဌာနချုပ်ကို Rain Of Fire စစ်ဆင်ရေးအဖြစ် မတ်လ ၂၅ ရက်နေ့ ရှော့တိုက်ဒုန်း ၄ လုံးဖြင့်လည်းကောင်း၊ မတ် လ၂၇ ရက်နေ့ တွင် ရှော့တိုက်ဒုန်း ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး သေ ဆုံးပြီး ရဟတ်ယာဉ် ၁ စီး ပျက်စီးကြောင်း Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်
တောင်ငူ လေတပ်စခန်း တိုက်ခိုက်မှုကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး မတ်လ၂၅ရက်နေ့ တိုက်ခိုက်မှုတွင် ရှော့တိုက် ၂ လုံးမှာ ဝန်ထမ်းလိုင်းခန်း မြောက်ဘက်တောစပ်နှင့် လေယာဉ်ပြေးလမ်း အနောက်မြောက်တောင့် ဖြူးကန်ဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုမူ အတည်ပြုဆဲဖြစ်ကြောင််း သိရှိရသည်။
မတ်လ၂၇ရက်နေ့ တိုက်ခိုက်မှုတွင်မူ လေတပ်စခန်းအတွင်း ဗုံးဂိုထောင်အနီး၊ ဆီလှောင်ကန် အနီး နှင့် လေယာဉ်ဂိုထောင်အနီးသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး လေတပ်စခန်းအတွင်းမှ မီးခိုး များ အူထွက်လာခဲ့ကာ ဒေသခံများနှင့် တပ်တွင်း သတင်းရင်းမြစ်၏ ပြောဆိုမှုအရ စစ်ကောင် စီဝင် ၃ ဦးသေ၍ ရဟတ်ယာဉ် ၁ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ပဲခူးတိုင်း PDF တာဝန်ရှိသူက ဆိုသည်။
“တပ်တွင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က သိရတာက ဒုံးထိလို့ ၃ ဦးသေတယ်။ ရဟတ်ယာဉ် ၁ စီး ထိခိုက်မှုဖြစ်တယ်လို့ သိရပါတယ်” ဟု ပဲ ခူးတိုင်း PDF တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
တောင်ငူ လေတပ်စခန်း တိုက်ခိုက်ခံရမှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့က ကား၊ ဆိုင်ကယ်များဖြင့် ဒိုးအင်းကျေးရွာအတွင်းသို့ ဝင်ရောက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။khit thit