ရေတာရှည်မြို့နယ်ရှိ စစ်ကောင်စီ တိုင်းရုံး၊ လေ့ကျင့်ရေး ၅ တပ် နှင့် အမှတ် ၈၄ တပ်ရင်းတို့ကို ၁၀၇မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ စစ်ကောင်စီ တိုင်းရုံး၊ လေ့ကျင့်ရေး ၅ တပ် နှင့် အမှတ် ၈၄ တပ်ရင်းတို့ကို ၁၀၇မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MKCDF ဥက္ကဋ္ဌက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ရေးပစ်မှတ်အဖြစ် စစ်ကောင်စီ တိုင်းရုံး၊ လေ့ကျင့်ရေး ၅ တပ် နှင့် အမှတ် ၈၄ တပ် ရင်းတို့ကို ၁၀၇မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်တွန်းလှန်ရေးလှုပ်ရှားမှုတွင် ပါဝင်ရင်း မြင့် မြတ်စွာ အသက်ပေးသွားခဲ့သော ကရင်နှင့် ကရင်နီ အာဇာနည် ရဲဘော်များအတွက် သွေးကြွေး တောင်းသည့်အနေဖြင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့ ၊ MKCDF (ယခင် MKPDF) အဖွဲ့ နှင့် Brave Warriors for Myanmar (BWM) အဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက် ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ တိုက်ခိုက်ရာတွင် ပဲခူးတိုင်း၊ တောင်ငူ ခရိုင် ရေတာရှည်မြိုနယ်ရှိ အာဏာ သိမ်း စစ်ကောင်စီတိုင်းရုံးကို ရှော့တိုက် ဒုံး ၁ လုံးဖြင့်လည်း ကောင်း ၊ စစ်ကောင်စီလေ့ကျင့်ရေး ၅ တပ်ကို ရှော့တိုက်ဒုံး ၂ လုံး ဖြင့်လည်းကောင်း၊ ဆွာမြို ရှိ စစ်ကောင်စီ၏ အမှတ် ၈၄ တပ်ရင်း ကို ရှော့ တိုက်ဒုံး ၁ လုံးဖြင့်လည်းကောင်း စုစုပေါင်း ရှော့တိုက် ဒုံး ၄ လုံး ဖြင့် တိုက်ခိုက် နိုင်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီ တပ် ဖွဲ့ ဝင်များ၏ ထိခိုက် သေ ဆုံး မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s