PTTEPအား အမေရိကန်အစိုးရမှ ဒဏ်ခတ်အရေးယူ ပိတ်ဆို့သွားရန် ဖိအားပေးလုပ် ဆောင်သွားမည်

စစ်ကောင်စီအား နိုင်ငံခြားငွေအများဆုံး ပေးဆောင်နေသည့် PTTEP အား အမေရိကန်အစိုးရမှ ဒဏ်ခတ်အရေးယူ ပိတ်ဆို့သွားရန် ဖိအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးတက်ကြွလှုပ်ရှားသူများထံမှ သိရသည်။

အကြမ်းဖက်စစ်တပ်အားနိုင်ငံခြားဝင်ငွေ အများဆုံးထောက်ပံ့နေသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အား အမေရိကန်အစိုးရမှ ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများ အချိန်မဆွဲဘဲ အလျင်အမြန် ပြုလုပ်ရေးအတွက် မည်ကဲ့သို့လုပ်ဆောင်သွားမည်ကို အတိအကျမပြောနိုင်သေးကြောင်း ကိုစောအယ်မှုးက ပြောသည်။

“ဖိအားပေးတဲ့ပုံစံတွေဘယ်လိုရှိလဲဆိုတော့ ကျွန်တော်တို့က နောက်ပိုင်းပိုပြီးတော့ မြေပြင်ရော အွန်လိုင်းမှာရော လှုပ်ရှားမှုတွေကို တောက် လျှောက် ထိထိရောက်ရောက်ဆက်လုပ်သွားဖို့ရှိတယ်။ အဲ့နေရာမှာကျွန်တော်တို့တောင်းဆိုနေတဲ့အသံတွေ ကျွန်တော်တို့ပြောနေတဲ့ဟာတွေကို အမေရိကန်အစိုးရရယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းရယ် သိမြင်မယ့်နည်းလမ်းတွေကို ဆက်ပြီးလုပ်ဆောင်သွားဖို့ရှိပါတယ်။ ဥပမာဆိုရင် ဗီဒီယိုကမ်ပိန်းလုပ်တာတွေ၊ သူတို့ဆီပို့တဲ့Email ကမ်ပိန်းလုပ်တာတွေ အမေရိကန်နိုင်ငံမှာရှိနေတဲ့ ကျွန်တော်တို့နဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသားတွေစုပေါင်းပြီး State Departmart မှာ သွားပြီး စကားပြောတာမျိုး၊ စာပို့တာမျိုးလှုပ်ရှားမှုမျိုးတွေ ထိထိရောက်ရောက်လုပ်သွားဖို့ရှိပါတယ်”ဟု ကိုစောအယ်မှုးက ပြောသည်။

အထက်ပါ ပြောကြားမှုများကို မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄နာရီက ပြုလုပ်သည့် တတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုနှင့် ပတ်သက်ပြီး အသိပေးသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲသည် အကြမ်းဖက်စစ်တပ်အားနိုင်ငံခြားဝင်ငွေ အများဆုံးထောက်ပံ့နေသော မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အား အမေရိကန်အစိုးရမှ ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများ အချိန်မဆွဲဘဲ အလျှင်အမြန် ပြုလုပ်ရေး နှင့် အကြမ်းဖက်မြန်မာစစ်တပ်အား နိုင်ငံခြားငွေအများဆုံး ပေးဆောင်နေသည့် ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီ PTTအုပ်စုအ၀င်ဖြစ်သော PTTEP အနေဖြင့် အကြမ်းဖက်စစ်တပ်ထံ ရေနံငွေများ ဆက်လက်ပေးချေမှု မပြုလုပ်ရန်၊ ချက်ခြင်းရပ်တန့်ရန်အတွက်ဖြစ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့မှ ရှင်းပြသည်။

လက်ရှိတွင် PTTEPအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်ခြင်းမပြုရန် ထိုင်းအစိုးရအား သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့မှ စာပို့တောင်းဆိုထားသော်လည်း ယခုအချိန်ထိ ပြန်လည်ဖြေကြားခြင်းမပြုဘဲ လျစ်လျူရှုထားကြောင်း သိရသည်။ ထို့ကြောင့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအနေဖြင့် အမေရိကန်အစိုးရနှင့် ထိုင်းနိုင်ငံပိုင် PTTကုမ္ပဏီတို့အား ပိုမိုထိရောက်သည့်လှုပ်ရှားမှုများဖြင့် ဆက်လက်ဖိအားပေးလုပ်ဆောင်သွားမည်ဖြစ်ကာ ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများအနေဖြင့် PTT ၏ ထုတ်ကုန်များကို သပိတ်မှောက် ဆန့်ကျင်သွားရန် အကူညီတောင်းခံအပ်ကြောင်း သတင်းစာရှင်လင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s