ယင်းမာပင်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ




khit thit
khit thit
ရန်ကုန်၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်ရှေ့သို့ ယမန်နေ့ (မတ် ၂၉) ညပိုင်းက စစ်ကား ၁၀ စီးဝန်းကျင် ရောက်ရှိလာပြီး အင်အားပြ ခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံများနှင့် ပါတီဝင်များက ပြောသည်။
“ရုံးချုပ်ရှေ့ကို စစ်ကားတွေက ၁၀ စင်း ဝန်းကျင်လောက်တော့ ရှိတယ်။ ၁၀ နာရီကျော်လောက်မှာ ရောက်လာတယ်၊ အင်အားပြတဲ့ သဘောနဲ့ပေါ့။ နောက်ပိုင်းကျတော့ ကျောက်ဆည်ဓမ္မာရုံလမ်းဘက်မှာ သွားပြီးတော့ ကားတွေ သွားထိုးထားတာတွေ့ရတယ်” ဟု တိမ်းရှောင်နေသည့် ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းမြင့်က ဒေသခံများကို ကိုးကားပြီး ပြောသည်။
စစ်တပ်၏ ရွေးကောက်ပွဲကော်မရှင်က NLD အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး နောက်တစ်နေ့တွင် ပါတီရုံးချုပ်ရှိရာသို့ စစ်တပ်အင်အား အများအပြား ရောက်ရှိလာခြင်းဖြစ်သည်။
သို့သော် ပါတီရုံးချုပ်ကို ချိပ်ပိတ်ခြင်း၊ ဖျက်ဆီးခြင်းများ မရှိဘဲ ရုံးအနီးရှိ ကျောက်ဆည်ဓမ္မာရုံတွင် စခန်းချ ရပ်နားခဲ့သည်၊ ပါတီရုံးချုပ် အပေါ်ဆုံးထပ်တွင် လွှင့်ထူထားသည့် ပါတီအလံလည်း ပျောက်ဆုံးနေသည်ဟု ဦးထွန်းမြင့်က ဆိုသည်။
“လေတိုက်လို့လဲ ပြဲချင်ပြဲသွားနိုင်တယ်။ ရာသီဥတုဒဏ်ကြောင့်လဲ ဖြစ်နိုင်တယ်။ ရုံးသော့တွေ ဘာတွေ ဖြုတ်ပြီး ချိပ်ပိတ်သွားတာမျိုးတော့ မရှိသေးပါဘူး” ဟု ပြောသည်။
ပါတီပိုင်ပစ္စည်းသိမ်းယူပါက အကျိုးဆက်ကို အာဏာသိမ်းစစ်တပ်က တာဝန်ခံရမည်ဟုလည်း ပြောသည်။
စစ်တပ်က NLD ကို ဆက်လက် ပစ်မှတ်ထားနေချိန်တွင် ရန်ပြု၊ ဖမ်းဆီးခံရမည်ကို စိုးရိမ်ရသဖြင့် ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ ဘေးလွတ်ရာတွင် တိမ်းရှောင်နေကြရာ ဌာနချုပ်အပါအဝင် NLD ရုံးများ ပိတ်ထားရသည်။
စစ်တပ်၏ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်တွင် ဖျက်သိမ်းခံရသည့် ပါတီများမှာ အသစ်ပြဋ္ဌာန်းထားသော ပါတီမှတ်ပုံတင်ဥပဒေကို လိုက်နာခြင်းမရှိဟု ဖော်ပြထားသည်။
ဖျက်သိမ်းသည်ဟု ကြေညာခံရသည့် ပါတီများထဲမှ တချို့က အာဏာသိမ်းစစ်တပ်၏ နိုင်ငံရေးပါတီဥပဒေအသစ်ကို လိုက်နာရန်မလိုဟု တုံ့ပြန်ထားသည်။
ထိုဥပဒေအသစ်၏ ပုဒ်မ (၁၉) အရ ဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီများသည် ပါတီပိုင်ပစ္စည်းများကို သတ်မှတ်ထားသည့် ဌာနအဖွဲ့အစည်းများတွင် အပ်နှံရမည်ဟု ဖော်ပြထားသည်။
အာဏာသိမ်းစစ်တပ်၏ ထုတ်ပြန်ချက်များမှာ တရားဝင်မှု မရှိ၍ တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများကို ဖျက်သိမ်းခွင့်၊ အတည်ပြုခွင့် မရှိကြောင်း NLD ပါတီက မတ် ၂၉ တွင် ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းပြီးနောက် အာဏာရပါတီဖြစ်သည့် NLD ကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်ဆေးမေးမြန်းသည့် စစ်ကြောရေးစခန်းများတွင် သေဆုံးရသူ အများအပြားရှိနေရာ ထိုအထဲတွင် NLD ပါတီဝင် ၂၆ ဦး ပါဝင်သည်ဟု ဆိုသည်။
အကြောင်းမဲ့ သတ်ဖြတ်ခံရသည့် ပါတီဝင် ၆၃ ဦးအထိ ရှိနေပြီ ဖြစ်ပြီး ပါတီဝင် ၁၂၃၅ အထိ ဖမ်းဆီးခံထားရသည်ဟု သိရသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများလည်း ချိပ်ပိတ် သိမ်းဆည်းခံထားရပြီး ပါ တီ ဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ် ရုံးများ အကြိမ်ပေါင်း ၁၂၀ ကျူးကျော် ဖျက်ဆီးခံခဲ့ရသည်ဟု မတ် ၂၉ NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
NLD ပါတီအပါအဝင် နိုင်ငံရေးပါတီများကို ဖျက်သိမ်းလိုက်ခြင်းမှာ မြန်မာ့နိုင်ငံရေးအခြေအနေကို ပိုမိုဆိုးရွားစေသည်ဟု အာဏာသိမ်းစစ် တပ်ကို နိုင်ငံတကာက ဝေဖန်ထားပြီး စစ်တပ်ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း လွတ်လပ်မျှတမည်မဟုတ်ကြောင်း ထောက်ပြပြောဆိုထားကြသည်။myanmar now
ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်မှ အစည်းအဝေးတက်ပြီး ပြန်လာသည့် ရဲ ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း PDF-Khayan တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် သုံးခွမြို့နယ် အစည်းအဝေးတက်ပြီး ပြန်လာသည့် ရဲ ၂ ဦးကို ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်အစပ်ရှိ ကတုံးပေါ်ကျေးရွာနှင့် ကုန်းခလာ ကျေးရွာအကြားတွင် PDF-Khayan တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
” ဒါတောင်ဆက်ဆော်မလို့ဗျ ရဲကားနောက်ကပါလာလို့ မဆော်တော့တာ သေဆုံးသွားတဲ့ ရဲ ၂ ကောင်က သုံးပေါက်ချွန်း နယ်မြေမှာ ပြည်သူ များတွေဆီက လိုင်းကြေးကောက်ပြီး လူပါးဝနေတဲ့ကောင်တွေပါ” ဟု PDF-Khayan တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ် နန်းတွင်း တောင်ဘက်ရှိ စစ်းများကို ၂၈ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က လက်ပစ်မိုင်း ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
“အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းတပ်ခွဲ ၁ ဖြစ်တဲ့ Naungyoe Armyနဲ့ ယင်း ၅ တပ်ခွဲ ၃တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။ စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး” ဟု ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။khit thit
NLD အစိုးရလက်ထက်က ရန်ကုန်မြို့နဲ့ နိုင်ငံတော်ဓာတ်အားပေးစနစ်ထဲ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးဖို့ ရောက်ရှိခဲ့တဲ့ ဟောင်ကောင်အခြေစိုက် V-Power Energy Group ရဲ့ LNG ဓာတ်ငွေ့သုံး ဓာတ်အားဖြန့်ဖြူးရေးသင်္ဘောဟာ ရန်ကုန်မြို့ကနေ ဒီနေ့ ပြန်လည်ထွက်ခွာသွားပြီလို့ သိရပါတယ်။
အဲဒီသင်္ဘောဟာ နိုင်ငံတော်အဆင့်လျှပ်စစ်ဓာတ်အားဝယ်ယူရေးလုပ်ငန်းတင်ဒါအောင်မြင်ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
“လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး ဖြန့်ဖြူးရေးတွေ အားလုံးပြင်ဆင်ပြီးကာမှ အာဏာသိမ်းခံရတယ်။ လုပ်ငန်းတွေဆက်မရဘူး။ စကစ က အဲဒီစီမံကိန်းကနေ နိုင်ငံခြားငွေကုန်မှာကြောက်ပြီး လှည့်မကြည့်ခဲ့ဘူး။ ဒီနေ့တော့ သင်္ဘောက ပြန်ထွက်သွားတယ်။ စကစနဲ့ စာချုပ်စာတမ်း ဘယ် လိုညှိလဲမသိဘူး” လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနသတင်းအရင်းမြစ်တဦးက ပြောပါတယ်။
V-Power Energy Group ရဲ့ CNTIC V-Power လျှပ်စစ်ဓာတ်လုပ်ပေးနိုင်တဲ့ သင်္ဘောဟာ တရက်ကို မဂ္ဂါဝပ် ၇၅၀ အထိ ထုတ်လွှတ်ပေးနိုင်မှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ကစလို့ စီမံချက်ကာလ ၅ နှစ်သတ်မှတ်ထားကြောင်း မူလထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲဒီသင်္ဘောဟာ ၂ နှစ်ကျော်အကြာမှာပဲ သီလဝါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာသွားခဲ့တာကြောင့် မူလရည်ရွယ်ချက်တွေပါ အဆုံးသတ်သွားခဲ့တာပါ။
လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ဖြန့်ဖြူးရေး ပြင်ဆင်နေစဥ်မှာ စစ်အာဏာသိမ်းခံရပြီးနောက် စီမံကိန်းပျက်သွားခဲ့ကာ သင်္ဘောဟာ သီလဝါဆိပ် ကမ်းမှာ သောင်တင်နေခဲ့တာဖြစ်ပြီး အခုလို ပြန်လည်ထွက်ခွာသွားရတာ နဲ့ ပတ်သက်လို့ ကုမ္ပဏီဘက်က တစုံတရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
အာဏာသိမ်းစစ်ခေါင်းဆောင်က နိုင်ငံခြားငွေကုန်ကျမူကို ချွေတာနေရတာကြောင့် လျှပ်စစ်မီးလင်းရေးကို အလေးမထားခဲ့ပေမဲ့ လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထား ပြေးဆွဲရေးကိုတော့ တစိုက်မက်မက်ပြောဆိုနေပါတယ်။ DVB
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှ စျေးဆိုင်ခန်း အများအပြားကို ဆိုင်ရှင်များကိုယ်တိုင် ဖျက်ဆီးဖယ်ရှားရန် စစ်ကောင်စီက စေခိုင်းခဲ့သည်ဟု ဆိုင်ပိုင်ရှင်များက ပြောသည်။
ဖျက်ရသည့် ဆိုင်ခန်း ၉၈ ခန်းမှာ နေရာ ၃ ခု ခွဲလျက် တည်ရှိပြီး မင်္ဂလာဒုံဈေး ၁၅ လမ်းတွင် ၂၃ ခန်း၊ ရေတမာလမ်းတွင် ဆိုင်ခန်း ၄၀ ခန့်နှင့် ကျန်ဆိုင်ခန်းများမှာ ဝါယာလက်ဆက်သွယ်ရေးတပ်အနီးတွင် ရှိကြသည်။
မင်္ဂလာဒုံဈေး ၁၅ လမ်း၊ မင်္ဂလာဒုံဈေး ရေတမာလမ်းနှင့် ဝါယာလက်ဆက်သွယ်ရေးတပ်အနီးတို့ရှိ ဆိုင်ခန်း ၉၈ ခန်း ဖြစ်သည်ဟု သိရသည်။
မတ်လ ၂၅ နှင့် ၂၆ ရက်နေ့တွင် ဆိုင်ခန်းရှိ မီတာပုံးများကို ဖြုတ်ယူသွားကြောင်း၊ ဆိုင်ခန်းကို ကိုယ်တိုင်မဖျက်လျှင် ဘူဒိုဇာဖြင့် ထိုးမည်ဟု ခြိမ်းခြောက်ထားသဖြင့် မတ်လ ၂၇ ရက်နေ့မှစ၍ ဖျက်ဆီးခဲ့ရကြောင်း Myanmar Now က ဆက်သွယ်ခဲ့သည့် ဆိုင်ခန်းပိုင်ရှင် ၃ ဦးက ပြေ ာသည်။
“ကျွန်မတို့ သတင်းကြားတာတော့ Mingalardon Mart ဆိုပြီး Shopping Mall ကြီး ဆောက်မယ်ပေါ့နော်။ အရင်ဖျက်တဲ့လူကို ဆိုင်ခန်းပြန်ဆောက်ရင် အရင်ပေးမှာပေါ့ဗျာဆိုတဲ့ ပုံစံမျိုးနဲ့ ခေါ်ယူညှိနှိုင်းပြီး ဖျက်ခိုင်းတာလည်း ရှိတယ်။ဒါပေမဲ့ အဲဒီအပေါ်မှာတော့ မယုံကြည်ပါဘူး” ဟု ဆိုင်ခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်း၏ ဆိုင်ခန်းကို လွန်ခဲ့သော ၁၀ နှစ်ကျော်က စစ်မှုထမ်းဟောင်းတစ်ဦးထံမှ သိန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူခဲ့ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။
ဆိုင်ခန်းပိုင်ရှင်များမှာ တာဝန်ထမ်းဆဲနှင့် အငြိမ်းစား စစ်သားတို့၏ မိသားစုဝင်များ ဖြစ်ပြီး တချို့မှာ ထိုမိသားစုများထံမှ ဝယ်ယူခဲ့သည့် အရပ် သားများ ဖြစ်သည်ဟု သူက ဆိုသည်။
ဆိုင်ခန်းများကို အာဏာမသိမ်းခင် ၂၀၂၀ မေလကတည်းက စစ်တပ်က ဖျက်သိမ်းရန် ကြံရွယ်ထားသော်လည်း အများအပြားက အယူခံတင် မေတ္တာရပ်ခံခဲ့ကြကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။
ဆိုင်ခန်းအကျယ် အနည်းဆုံး ၈ ပေမှ အများဆုံး ၁၅ ပေအထိ၊ အရှည် ပေ ၅၀ ရှိသော၊ လူနေထိုင်၍ရသော အဆိုပါ ဆိုင်ခန်းများအတွက် မြေခွန် ကျပ် ၄၀,၀၀၀ မှ ၇၀,၀၀၀ အထိ ပေးဆောင်ရကြောင်း သိရသည်။
ဆိုင်ဖျက်ရခြင်းမှာ စီးပွားပျက်ခြင်းဖြစ်သည်ဟု အခွန်ဆောင်ခဲ့သည့် စစ်မှုထမ်းဟောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
“ကျွန်မတို့ စိတ်ထဲမှာ လုံးဝ မချမ်းသာပါဘူး။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရပါတယ်။ ဘဝပျက်တယ်ပေါ့။ အခြေပျက်အနေပျက်ဖြစ်အောင် လုပ်လိုက်တာပေါ့” ဟု သူက ဆိုသည်။
စစ်တပ်နယ်မြေဟု ခေါ်ဆိုနိုင်သည့် မင်္ဂလာဒုံမြို့နယ်တွင် မြေနေရာအများအပြားမှာ တပ်ပိုင်မြေအဖြစ် တည်ရှိနေပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလကလည်း ပျဉ်းမပင်ကျေးရွာအုပ်စုရှိ ရပ်ကွက် ၅ ခုမှ အိမ်ခြေ ၁၀,၀၀၀ ခန့် ဖယ်ရှားခံခဲ့ရသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးတွင် နေအိမ်များ၊ ဆိုင်ခန်းများကို အကြောင်းပြချက်အမျိုးမျိုးဖြင့် အင်အားသုံး ဖယ်ရှားလျက်ရှိရာ အများစုမှာ ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများ၏ ဆင်ခြေဖုံးရပ်ကွက်များတွင် ဖြစ်သည်။
ယခုလအတွင်း သာကေတမြို့နယ် သန်လျင်တံတားအဆင်း ရတနာလမ်းပေါ်ရှိ နေအိမ်များကို ကျူးကျော်အိမ်များဖြစ်သည်ဟုဆိုကာ စည်ပင်ဝန်ထမ်း၊ စစ်သားနှင့် ရဲများက မြေတူးစက်ဖြင့် ဖျက်ဆီးခဲ့သလို မန္တလေးတိုင်း မေမြို့ ခေါ် ပြင်ဦးလွင်မြို့တွင်လည်း ရပ်ကွက်နှစ်ခုရှိ စည်ပင် သာ ယာရေးကော်မတီ တိုက်ခန်းများတွင် ငှားရမ်းနေထိုင်သူများလည်း ဖယ်ရှားခံခဲ့ရသည်။myanmar now
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အင်မထီးကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ ကင်းလှည့်လာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် တိုက်မိုင်းကိုနင်းမိပြီး စစ်သားတဦးနှင့်ပျူစောထီးနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း အမှတ်-၇ ၊ ပုလဲမြို့နယ် အခြေစိုက် ပုလဲတပ်ရင်း-၁ နှင့် Royal Eagle PDF တပ်ဖွဲ့တို့ ပူး ပေါင်း၍ မတ်လ ၂၆ ရက် နံနက် ၁၀ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ပျူစောထီးနှစ်ဦးနှင့် စစ်သား တဦး သေဆုံးခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Royal Eagle PDFကဆိုသည်။
“ စစ်သားနဲ့ပျူတွေ မကြာခဏ ထွက်လေ့ ရှိတာကို သတင်းကြားတဲ့အတွက် တိုက်မိုင်းတွေ ထောင်ထားတာ ဖြစ်ပါတယ်။ အတွင်းသတင်းအရ တိုက်မိုင်း တလုံးကွဲတယ်။ ပျူ နှစ်ဦးနဲ့စစ်သားတဦး သေဆုံးတယ်။ စစ်သားခြောက် ဦးဒဏ်ရာ ရရှိခဲ့တယ်” ဟု Royal Eagle PDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်မထီးကျေးရွာ အနီးတဝိုက်တွင် ဘန်ကာများအခိုင်အမာ တည်ဆောက်၍ ခံတပ်ကဲ့သို့ ပြင်ဆင်ထားကာ အချိန်ပြည့် ကင်းပတ်နေကြောင်း သိရသည်။ အင်မထီးကျေးရွာသည် စစ်ကောင်စီခြေကုပ်ယူထားသည့် ကျေးရွာဖြစ်ပြီး ပျူစောထီးရွာအဖြစ် နာမည်ကြီးသည်။mizzima
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ စစ်ကောင်စီနဲ့ ပျူစောထီးတွေ အထိုင်ချစခန်းဖြစ်တဲ့ ဘန့်ဘွေးရွာမကျေးရွာကို မတ်လ ၃၀ ရက် ဒီနေ့မနက်အစောပိုင်း ၁ နာရီကစပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဘန့်ဘွေးရွာမအနီး ကံစုရွာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီ ဘန့်ဘွေးရွာမမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအများစုဟာ စားနပ်ရိက္ခာပြတ်တောက်နေတာကြောင့် အနီးအနားကျေး ရွာကို စားနပ်ရိက္ခာ၊ ဆိုင်ကယ်နဲ့ ဖုန်း အပါအဝင် ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို လုယူတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီတပ်နဲ့ ပျူတွေကို မနေ့ညပိုင်း ၁ နာရီကစပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့စုံ လက်နက်ကြီးတွေနဲ့ တအိမ်းအိမ်းပစ်နေကြတာ။ မနက်ခင်း ၃ နာရီလောက်မှ ပစ်တဲ့အသံတွေ ရပ်သွားတယ်။ ဘာတွေဖြစ်ဦးမလဲတော့ မသိရသေးဘူး။ ကိုယ့်အထုပ်လေး ကိုယ်ပြင်ထားရတယ်။ စခတွေလာရင်တော့ ပြေးရမယ်” လို့ ကံစုရွာပြည်သူတဦးက ပြောပါတယ်။
လက်နက်ကြီးနဲ့ပစ်ခတ်တဲ့ ဘန့်ဘွေးရွာမရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲတဲ့ မတ်လ ၁၈ ရက်ကလည်း နဘူးတောရွာက ထန်းတက်သမားတဦးကို သတ်ဖြတ်ခဲ့ပြီး ထန်တောတဲအတွင်းက ဆန်၊ ဆီနဲ့ ဖုန်း ၂ လုံး၊ ဆိုင်ကယ် ၂ စီးကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီကောင်တွေ အနီးအနား ပြည်သူတွေရဲ့ရွာတွေကို ပတ်ပြီး အနိုင်ကျင့်တာတွေလုပ်တယ်။ နောက်ပြီး လမ်းသွားလမ်းလာတဲ့ ပြည်သူတွေကို ဖမ်းပြီး ဖုန်းသိမ်းတာတို့၊ ငွေတောင်းတာတို့၊ ပိုက်ဆံအိတ်လုတာတွေ နေ့စဉ်လုပ်နေတာတွေ ရှိတယ်။ အဲလို ပြည်သူအပေါ် အနိုင်ကျင့်တာတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို တိုက်ခိုက်ခဲ့ရတာဗျ။ ပစ်တဲ့အဖွဲ့လည်း များသလို ပစ်တဲ့အလုံးအရေအတွက်လည်း များတယ်ဗျ။ (–)တွေရဲ့ အကျအဆုံးတော့ အတိအကျတော့ မသိရသေးဘူး၊ စုံစမ်းနေဆဲပဲ။ ကျနော်တို့ဘက်ကတော့ အထိအခိုက် အကျအဆုံး မရှိခဲ့ဘူး” လို့ သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အခုပစ်ခတ်မှုကို သခင်ဒေါင်းညိုအဖွဲ့ အပါအဝင် ဆရာစံအဖွဲ့၊ ပုလဲဗိုလ်ဂဠုန်အဖွဲ့၊ ကိုဘသာအဖွဲ့နဲ့ ဒေသခံ Local အဖွဲ့တွေ ပူးပေါင်းပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်လည်း စစ်ကိုင်းခြံမှ ဘိုးမင်းကျီးကင်းကျေးရွာစခန်းကို သွားတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကားတစီးကို People’s Knight Defense Force Myinmu (PKDF – MMU) နဲ့ မဟာမိတ်အဖွဲ့တွေက မတ်လ ၂၉ ရက် ည ၉ နာရီ ၄၀ မိနစ်လောက်မှာ ၆ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PKDF – MMU က ပြောပါတယ်။
မြင်းမူမြို့နဲ့ ဝမ်းပြည့်ကျေးရွာကြားမှာ ၂ ကြိမ်၊ ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာကြားမှာ ၄ ကြိမ် စုစုပေါင်း ၆ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိပြီး စစ်ကောင်စီတပ်တွေက ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန် ရေးရဲဘော်တွေ အန္တရာယ်ကင်းတယ်လို့ PKDF – MMU က ပြောပါတယ်။
“သတင်းရထားလို့ စောင့်ပြီး မိုင်းဆွဲလိုက်တာ၊ ၁၃ ကောင် သေသွားတယ်၊ တချို့လည်း ဒဏ်ရာရသွားတယ်။ လက်ရှိကတော့ မြင်းမူမြို့နယ်ထဲက မုံရွာ-မန္တလေး ကားလမ်းဘေးမှာ ရှိတဲ့ ဘိုးမင်းကြီးကင်းမှာ တပ်စွဲထားဆဲပါပဲ။ တခါတလေ (–)တွေက လမ်းပေါ်တက်ပြီး ပိုက်ဆံတောင်းတာတွေလည်း ရှိတယ်။ ဖြည့်စွက်ပြောချင်တာကတော့ တော်လှန်ရေး အောင်မြင်မယ်ဆိုတာ ယုံကြည်ပါတယ်။ အောင်မြင်ဖို့အတွက်လည်း ကြိုးစားသွားမယ်။ မိုင်းတလုံးဖိုးတတ်နိုင်ရင် တလုံးနဲ့ခွဲမယ်။ များများငွေရှိရင် များများခွဲမယ်။ လမ်းခရီးမှာ မကျဆုံးခဲ့ရင် အရေးတော်ပုံ အောင်သည်ထိ တော်လှန်ရေး ဆက်လုပ်သွားပါ့မယ်” လို့ PKDF – MMU ပြန်ကြားရေးရဲဘော်တဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF – MMU) နဲ့အတူ Dog Killers Defense Force Myinmu (DKPDF – MMU)၊ D.B.B.F – MMU စတဲ့ မဟာမိတ် အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ စစ်ဆင်ရေးသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာတော့ ညောင်ပင်သာကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ မတ်လ ၃၀ ရက် မနက် ၇ နာရီကစပြီး မီးရှို့နေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဟာ ဧရာဝတီမြစ်အတွင်းကနေ ဖလပ်မော်တော်နဲ့ မတ်လ ၂၉ ရက် ညနေပိုင်းက မန္တလေးမြို့နယ် ကျွန်းကြီးရွာကို ရောက်ရှိလာပြီး ဒီနေ့မနက်ခင်းမှာ ညောင်ပင်သာရွာကို မီးရှို့ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
“သူတို့လာပြီဆိုတာနဲ့ ရွာထဲကလူတွေ ထွက်ပြေးရတယ်။ အဲလို ကျနော်တို့ ဒေသခံရွာသားတွေ ပြေးနေတဲ့ဘက်ကို လက်နက်ကြီးနဲ့ပစ်လို့ အ မျိုးသမီးငယ်တဦး သေဆုံးတယ်ဗျ။ အသက်အရွယ်ကတော့ ခန့်မှန်း ၁၄၊ ၁၅ နှစ်လောက်ရှိမယ်။ သူတို့ ရွာထဲဝင်ပြီး သိပ်မကြာဘူး ရွာကို မီးရှို့တော့တာပါပဲဗျာ။ သူတို့မီးရှို့တာကို တောင်ကုန်းပေါ်ကနေ ထိုင်ကြည့်နေရတဲ့ ဘဝပါပဲ။ ကျနော်တို့ပြည်သူတွေမှာ ဘာအပြစ်မှမရှိဘဲနဲ့ကို ရွာကိုမီးရှို့ကြတာပါ။ မြေပြင်တိုက်ပွဲလည်း မဖြစ်ဘူး။ သူတို့ ရှို့ချင်လို့ကို ရှို့ကြတာ” လို့ ညောင်ပင်သာရွာ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က လက်ရှိအချိန်အထိ ညောင်ပင်သာကျေးရွာအတွင်းက မထွက်သေးတာကြောင့် မီးလောင်ဆုံးရှုံးတဲ့ အိမ်အရေအတွက်ကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အခု စစ်ကောင်စီတပ်မီးရှို့တဲ့ ညောင်ပင်သာကျေးရွာဟာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးတရွာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ကတော့ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာနေအိမ်တွေ မီးရှို့ခံရတာကို PDF နဲ့ KIA တွေလုပ်တာလို့ စစ်ကောင်စီဘက်က တာ ဝန်ရှိသူတွေက မီဒီယာတွေကို လိမ်လည်ဖြေကြားပြီး မြေပြင်သတင်းအမှန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကသာ ပြုလုပ်တာ ဖြစ်တယ်လို့ စစ် ကိုင်းတိုင်းအတွင်းက ကျေးရွာဒေသခံတွေက ပြောပါတယ်။ DVB
khit thit
နယ်စပ်ဒေသတွင် အိန္ဒိယနိုင်ငံသား ၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရန် အကူအညီပေးမည်ဟု မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ် (CDF) က မတ် ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။
အိန္ဒိယနိုင်ငံသား အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ချင်းပြည်နယ်တွင်း သတ်ဖြတ်ခံရမှုတွင် စွပ်စွဲခံရသည့် ဆလိုင်းအောင်လိန်းမှာ CDF မင်းတပ် တပ်ဖွဲ့ဝင်မဟုတ်ကြောင်း၊ စစ်ဘေးရှောင်များအတွက် လိုအပ်သည့် ပစ္စည်းများ မီဇိုရမ်ပြည်နယ်မှတစ်ဆင့် ဝယ်ရာတွင် ကြားခံ ကူညီပေးသူသာ ဖြစ်ကြောင်း CDF မင်းတပ်က ဆိုသည်။
ကိုဂျက်ဆိုသူနှင့် ဆလိုင်းအောင်လိန်းတို့သည် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန် ပြည်သူများ၏ လှူဒါန်းငွေကို မီဇိုရမ်ပြည်နယ်မှ ပြည်သူတစ်ဦးထံ အပ်နှံထားသည်၊ ထိုငွေများကို ပြန်လည်တောင်းခံစဉ် လူသတ်မှု ဖြစ်ပွားခြင်းဖြစ်သည်ဟု CDF မင်းတပ်က ဆိုသည်။
သတ်ဖြတ်ခံရသူများမှာ Sisha ခရိုင်နေ မြန်မာနိုင်ငံဖွား ၄၈ နှစ်အရွယ် ချင်းအမျိုးသမီး C Biaksui, ၃၇ နှစ်အရွယ် Bablu Talkudar နှင့် Lwngtali ခရိုင်မှ အသက် ၄၂ နှစ်အရွယ် ယာဉ်မောင်း B Lathafamkima တို့ ဖြစ်ကြသည်။
မတ် ၁၉ ရက်နေ့တွင် အမျိုးသားတစ်ဦးက C Bialksui နှင့် Bablu Talkudar တို့ကို နေအိမ်မှ လာရောက် ခေါ်ဆောင်သွားပြီးနောက် ၄ ရက် အကြာတွင် မီးရှို့ခံထားရသည့် ရုပ်အလောင်းများ ချင်းပြည်နယ်အတွင်း တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း Times of India သတင်းတွင် ဖော်ပြထားသည်။
သတ်ဖြတ်ခံရသူ ၂ ဦးမှာ AK 47 သေနတ် ၆ လက် ဝယ်ယူရန် ရူပီး ၅၉၅,၀၀၀ ကျော် (ကျပ်ငွေ သိန်း ၁၅၀ ကျော်) လက်ခံရရှိခဲ့သူများဖြစ် ကြောင်း အိန္ဒိယသတင်းဌာနများက ကနဦး ဖော်ပြကြသည်။
နောက်ပိုင်းတွင် ငွေပမာဏမှာ ရူပီး ၅၀,၀၀၀ (ကျပ်ငွေ ၁၃ သိန်း) ကျော်သာ ဖြစ်ကြောင်း၊ အဆိုပါ သတ်ဖြတ်မှုတွင် ချင်းဒေသတော်လှန်ရေးအဖွဲ့ဝင်ဟောင်းများ ပါဝင်ပတ်သက်ဖွယ်ရှိကြောင်း အိန္ဒိယရဲအရာရှိ၏ ပြောကြားချက်ကို ကိုးကားပြီး အိန္ဒိယသတင်းဌာနများက ဖော်ပြသည်။
သတ်ဖြတ်မှု ကျူးလွန်သူများကို ဖမ်းဆီးနိုင်ရန် တာဝန်ရှိသူတို့၏ တရားနည်းလမ်းကျ ကြိုးပမ်းမှုများကို အလေးအနက် ထောက်ခံကြောင်း၊ စစ်ဘေးရှောင်ပြည်သူများကလည်း တရားဥပဒေစိုးမိုးရေးကိစ္စများတွင် ပူးပေါင်းကူညီကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၉ ရက်တွင် ထုတ်ပြန်သည်။
ထိုဖြစ်စဉ်အပြီးတွင် အိန္ဒိယ – မြန်မာနယ်စပ် အဝင်အထွက်လမ်းကြောင်းအချို့ကို မီဇိုရမ်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများက ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ဒေသအခြေစိုက် သတင်းဌာနများတွင် ရေးသားဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ စိုင်ဟားခရိုင်ရှိ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက “စိုင်ဟားခရိုင်နဲ့ မြန်မာဘက်ကို သွားလို့ရတဲ့ လမ်းတချို့ကို ပိတ်ထားတယ်။ ရက်အကန့်အသတ်တော့ မရှိဘူး။ အဲ့ဒီဘက်မှာ ဆန်တွေ၊ ဆီတွေ၊ စားဝတ်နေရေးအတွက် စိုင်ဟားဘက်ကို လာဝယ်တဲ့ လမ်းတွေ။ လမ်းပိတ်ပြီးတဲ့နောက်ပိုင်း နယ်မှာ နေတဲ့သူတွေအတွက် အခက်အခဲတော့ ကြုံလာနိုင်တယ်” ဟု ပြောသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ ထုတ်ပြန်သည့် အချက်အလက်များအရ အာဏာသိမ်းပြီး နှစ်နှစ်တာ ကာလအတွင်း နိုင်ငံအနောက်မြောက်ပိုင်းမှ လူဦးရေ ၅၁,၀၀၀ ကျော် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
တိုက်ပွဲပြင်းထန်မှုကြောင့် တစ်ပြည်နယ်လုံးနီးပါး စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း မြို့နယ်အချို့မှ ပြည်သူအများအပြားမှာ နယ်နိမိတ်ချင်း ထိစပ်နေသည့် မီဇိုရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်တို့တွင် ခိုလှုံနေကြရသည်။
မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင် ၂၅,၀၀၀ ဝန်းကျင်အထိ ရှိနိုင်ပြီး ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ ကန်ပက်လက်၊ ကလေးမြို့နယ်တို့မှ လာရောက်ခိုလှုံနေခြင်းဖြစ်ကြောင်း စစ်ရှောင်အရေးကူညီနေသည့် ထန်တလန်မြို့နယ် ပြန်လည်နေရာချထားရေး ကော်မတီထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လက နယ်စပ် တမူးမြို့တွင် အိန္ဒိယနိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရပြီးနောက် နှစ်နိုင်ငံအခြေအနေ တင်းမာပြီး နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်ခဲ့သည်။ myanmar now
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အစပ် တစ်လတာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂၀၀ ကျော်သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း 1007 Mobye PDF ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိအကြမ်း ဖက်စစ်ကောင်စီတပ်နှင့် 1007 Mobye PDF၊ Phekhon Zone(KNDF)၊ 1001 Mobye PDF၊ 1002 PK PDF ၊ PNDF(KK)၊ DMO PDF ၊ DMO Local PDF ၊ 1009 IPDF ၊ 1008 SSRY နှင့်မဟာမိတ်တပ်ပေါင်းစုများအကြား တိုက်ပွဲပြင်းထန်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးကာ ၁၀၀ ဦးထက်မနည်းဒဏ်ရာရရှိခဲခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ထံ မှ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁၀ ဦးကျဆုံးကာ ၁၅ ဦးအထက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
မတ်လ ပထမပတ်အတွင်း အထိနာသော အကြမ်းဖက်စစ်တပ်မှ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအ တွင်းရှိ ရဟန်းသံ ဃာ ၃ ပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၂၂ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့်အပြင် ကျေးရွာကိုလည်းမီး ရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းဒေသတွင် ယနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှု ၂၆ ကြိမ် ရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော စစ်ဘေးရှောင်များ ခိုလှုံရာနေရာများကိုလည်း အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်နှင့်ဖယ်ခုံမြို့နယ်အစပ်တွင် အကြမ်းဖက်စစ်တပ်က ယနေ့အထိ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် လှုပ်ရှားနေကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအ နေဖြင့် ခုခံတိုက်ခိုက်နေသော တော် လှန်ရေးအင်အားစုများထံသို့ လက်နက်ခဲယမ်းဖိုးများ ကူညီထောက်ပံ့ပေးကြပါရန် တိုက်တွန်းကြောင်း 1007 Mobye PDF က ထုတ်ပြန်ထား သည်။khit thit