ဘီးလင်း၊ အလူးလေးရွာ တိုက်ပွဲတွင် စစ်သား ၆ ဦးသေဆုံးပြီးနောက် အမျိုးသမီး ၁ ဦးကို စစ်တပ်က ပစ်သတ်၊

မွန်ပြည်နယ်၊ ဘီးလင်း၊ အလူးလေးရွာ တိုက်ပွဲတွင် စစ်သား ၆ ဦးသေဆုံးပြီးနောက် စစ်တပ်က အမျိုးသမီး ၁ ဦးကို ပစ်သတ်ကာ အလုံတောင် သမိုင်းဝင် ဘုရားစေတီကုန်း တစ်လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ယမန်နေ့မတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်အချိန် ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီးသို့ ဖြတ်သန်းလာ‌သော အကြမ်း ဖက်စစ်ယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ကြးဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ အထိနာသွား သောအကြမ်းဖက်စစ်တပ်က လမ်းတလျှောက်ရှိပြည်သူများကို ပစ်ခတ်ခဲ့ရာ အလူးလေးကျေးရွာအုပ်စု၊ ဝမ်းဗဒုံကျေးရွာနေ အသက် ၅၅ နှစ်အရွယ် ဒေါ်ဘုတိုတွင် လည်ပင်းအောက် ကျည်ဖောက် ဝင်ဒဏ်ရာ ရရှိပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပြီးတော့ လမ်းတလျှောက်ကို ပစ်ခတ်သွားတာ၊ ဒေါ်ဘုတိုက လည်ပင်းအောက်မှာ ကျည် ဖောက်ဝင်ဒဏ်ရာ ၂ ချက်ရပြီးသေသွားတယ်၊ အသက် ၄၅ နှစ်လောက်ရှိတဲ့ဒေါ်ခင်ဝင်းက ဘက်နဲ့ခြေ ထောက်ကျည်ဖောက်ဝင်ဒဏ်ရာရတယ်၊ ရွာသားအမျိုးသားတစ်ဦးနဲ့ နွားတစ်ကောင်လည်း ကျည်ရှပ် ထိဒဏ်ရာရတယ်၊ သေဆုံးသွားတဲ့အမျိုးသမီးတွေဆိုရင် သူတို့အိမ်မှာ အလုပ်လုပ်နေရင်း ထိမှန်တာ” ဟု ဒေသ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ယာဉ်တန်း တိုက်ခိုက်ခံရ၍ စစ်သားများ သေဆုံးပြီးနောက် တပ်မ ၄၄ လက်အောက်ခံ ခမရ ၈ မှတပ်သားများက ကား ၃ စီးဖြင့် ညနေ ၃ နာရီခွဲခန့်အချိန် အလူးလေးကျေးရွာနှင့် ဝမ်းဗဒုံကျေးရွာသို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် ပြည်သူများကို ခြိမ်းခြောက်ကာ ရွာအနီး အ နားပတ်ဝန်းကျင်ရှိ ရာဘာခြံများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ သမိုင်းဝင် အလုံတောင် ဘုရားကုန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ယင်းအလုံတောင်ဘုရားကုန်းတွင် သီလရှင် ဆရာ လေးများ ကျောင်းဆောက်ကာ တရားအားထုတ်နေထိုင်ကြသည့်နေရာဖြစ် ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s