Monthly Archives: Apr 2023

ဟုမ္မလင်းတွင် စစ်တပ်လက်အောက်ခံ အဖွဲ့များ နှင့် PDF တို့ တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၁၀ ဦးသေဆုံးကာ သေနတ် ၇ လက်သိမ်း ဆည်းရရှိ၊ ရေစကြိုတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်း-ဖောင်းပြင်နယ်စပ်၌ ကင်းလှည့် လာ သော ပျူစောထီးများ နှင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်သော PDF တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၁၀ ဦးသေဆုံးကာ သေနတ် ၇ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း ဟုမ္မလင်း PDF တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၈ ရက်နေ့ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု၊ ဖောင်းပြင် ပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့ နှင့် ဖောင်းပြင် (ပ.က.ဖ) အင်အားစုများက ချင်းတွင်း မြစ်ကမ်းနံဘေး ကျေးရွာများကို နယ်မြေရှင်းလင်းရေးများ လုပ် ဆောင် စဉ် ကင်းလှည့်လာသော ပျူစောထီးနှင့် ပြည်သူ့စစ် လက်နက် ကိုင် အဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ပွဲအတွင်း ဌာနေပြည်သူ့စစ်များထံမှ လက်လုပ်သေနတ် ၁၂ ဗို့ ၇ လက် သိမ်းဆည်း ရရှိခဲ့ပြီး အချို့မှာ ကိုယ်တိုင် ကိုယ်ကျ လာရောက်အပ်နှံခြင်း ဖြစ် ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၂၉ ရက်နံနက်ပိုင်းက ဟုမ္မလင်းပြည်သူ့ကာကွယ်ရေး တပ် ပေါင်း စုက ဝန်းရံ ပိတ် ဆို့ထားသော ဟုမ္မလင်းမြို့နယ်၊ ဝဲဟက်ကျေး ရွာကို အကြမ်းဖက် စစ်ကောင်စီဝပ်မှ JF-17 ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ဟုမ္မလင်း-ဖောင်းပြင် အစပ်ရှိ ချင်း တွင်းမြစ်ကမ်း နံဘေး ကျေးရွာများတွင် စစ်ဆိုင်ထားဆဲဖြစ်ကြောင်း Homalin People Defense Force – HPDF က ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် ခလရ ၂၅၈ တပ်ထဲမှ ထွက်လာသည်ဟု ယူဆရသော အင်အား ၄၀ ခန့် စစ်သားများ စီးနင်းလိုက်ပါသည့် ဖောကား ၃စီး ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပေပါမိုင်း၁လုံး၊ အသေး ၅ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ယာဉ်တန်းအလယ်မှ လိုက်ပါ လာသော ဖောကား တစ်စီးမှ နောက်ပိုင်းလေပေါ်လွင့် ပျက်စီးသွား ကြောင်း၊ စစ်သား ၂ ဦး သေဆုံးမှုကို မျက်မြင်တွေ့ရရှိပြီး သေဆုံး ပိုမိုများပြား နိုင် ကြောင်း၊ ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်း ရှိကြောင်း ရေစကြို မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

“မိုင်း ၂ ကြိမ်ဆွဲခဲ့တာ၊ ပထမ တစ်ကြိမ် ဆွဲတဲ့ ရှေ့ဆုံး ၂ စီးက စစ်ခွေးတွေ လိုက်ပါလာတာ၊ နောက် ဆုံး တစ်စီးက ရိက္ခာတွေ တင်လာတာ၊ ပေ ပါမိုင်းနဲ့ ဆွဲတဲ့အချိန်မှာ အလယ်က ကားကတော့ နောက်ပိုင်း လေပေါ် မြောက် တက်သွားတယ်၊ ခွေး ၂ ကောင်သေတာတော့ မျက်မြင်ပေါ့၊ ဒီထက်တော့ များနိုင်တယ်ဗျ၊ ဒဏ်ရာရတဲ့ကောင်တွေကတော့ ၁၀ ကောင်ထက်နည်းဘူး၊ မိုင်းပေါက်ကွဲတဲ့ အရှိန်ကပြင်းတယ်” ဟု ရေစကြိုပကဖမှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့် တပ်ထဲမှ မြို့ပေါ်ဝင်လာသော စစ်ကား ၂ စီးကို မြို့အဝင်ဘက်စုံကွေ့ အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။khit thit

KNU တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး ဗိုလ်မှူး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ ဆက်သွယ်ရေးဖြတ်တောက်စက် အပါအဝင် လက်နက်များ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး ဗိုလ်မှူး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၉ ရက်နေ့တွင် စစ်တပ်က KNU တပ်မဟာ ၆ နယ်မြေ၊ မြ၀တီမြို့နယ်အတွင်းရှိ ကော်ဘရာစစ်ကြောင်းနှင့် မဟာမိတ်တပ်များ ထိန်း ချုပ်ထားသော နယ်မြေများသို့ လက်နက်ကြီးဖြင့်အကြိမ်ရေ ၉၀ အထက်၊ အတွဲလိုက် ဒုံးများဖြင့် ၈ ကြိမ် ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးစားခဲ့ရာမှ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရင်ဆိုင်ထိတွေ့တိုက်ပွဲများတွင် တပ်ရင်း ၂၀၇ ဗိုလ်မှူး ၁ ဦး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ (IO) ၁ ဦး အပါ အဝင် စစတပ်ဘက်မှ ၅ ဦးသေ ဆုံးပြီး (၆)ဦးထိခိုက်ဒဏ်ရာရကြောင်း၊ လက်နက်သိမ်းဆည်းရရှိမှု အနေဖြင့် ကပစကျည် ၆၇ တောင့်၊ MA5 ၁ လက်၊ MA5 ကျည်ဘောက် ၁ ဘောက်၊ 9mm ကျည် ၁၅ တောင့်၊ MAကျည်ဘောက်

၄ ဘောက်၊ စကားပြောစက် ၂ လုံး၊ အီနာဂါ ၄ လုံး၊ RPG ၃ လုံး၊ RPG ပို့ယမ်း ၃ တောင့်၊ ဓား ၁ လက်၊ Jammer ကျောပိုးစက် ၁ လုံး စသည်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်တွင် တွင် ၁ ကြိမ်၊ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် ၁ ကြိမ် YAK-130 Jet Fighter ဖြင့် လေ ကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း ကော်ဘရာစစ်ကြောင်းနှင့် မဟာမိတ်တပ်များ ထိခိုက်ခြင်းမရှိကြောင်း သိရှိရသည်။khit thit

မြိုင်မြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများကို PDF တပ်များက စုပေါင်းတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများကို PDF တပ်များက စုပေါင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့အထိ မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးများသည် စခန်းအတွင်းတွင် မနေဘဲ နေအိမ်များတွင် ဖြန့် ကြက်နေကြောင်း ဖရဲသီး၏သတင်းပေးချက် ရရှိသဖြင့် PDF တပ်များက ဒရုန်းဖြင့် ဗုံး ကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းဗုံးကျဲမှုကြောင့် စစ်တပ်ဘက်မှ တပ်ကြပ် ၁ ဦး၊ စစ်သင်တန်းတက်နေသော ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ တပ်ရင်း၁ – တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ (ဂဠုန်) ၊ ဧရာအနောက်တပ်ဖွဲ့တို့က ပူး ပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၂၉ ရက်နေ့တွင် မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ် ဖလန်ကိုင်းရေနံမြေသို ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ် ကြောင်းကို PDF တပ်များက လိုက်လံတိုက်ခိုက်ရာတွင် စစ်သား ၂ ဦးသေဆုံးပြီး စစ်သား ၅ ဦး ဒဏ်ရာရရှိသွားကြောင်း၊ စစ်ဆင်ရေးတိုက်ခိုက်မှုတွင် ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ မြိုင်ပကဖအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတွင် ယာဉ်ထိန်းရဲတပ်သား နေလင်းထွန်း ပစ် ခတ်ခံရပြီး သေ ဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတွင် ယာဉ်ထိန်းရဲတပ်သား နေလင်းထွန်းကို ကျားဖြူတပ်ခွဲ – ၃၊ ပျံလွှားတပ်ဖွဲ့က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း ကျားဖြူတပ်ခွဲ -၃ ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ အဓိပတိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ နံနက် ၃ နာရီအချိန် ယဉ်ထိန်းရဲတပ်သား နေလင်းထွန်း မောင်းနှင်လာသော ကားကို ကရင် ပြည်နယ် ၊ကျုံဒိုးမြို့ ကမ်းနီအလွန် ကော့လျမ်းနှင့် တံတားဦးထိပ်ကြားတွင် စောင့်ဆိုင်းစစ်ဆေးရာအသာတကြည် စစ်ဆေးမခံဘဲ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးကြောင်း၊ ပစ်ခတ်မှုကြောင့် ယာဉ်ထိန်းရဲတပ်သား နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ၎င်း၏ Nissan AD ယာဉ်အတွင်းမှ ယဉ်ထိန်းရဲ အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ယဉ်ထိန်းရဲ မောင်းလာတဲ့ကားကို တားစစ်တာ ထွက်ပြေးလို့ ပစ်ဖမ်းတာပါ။ ကရင်ပြည်နယ် ကျုံဒိုးမြို့ ကမ်းနီအလွန် ကော့လျမ်းနှင့် တံတားဦးထိပ်ကြား ဖမ်းတာကို ရပ်မပေးဘဲ ထွက်ပြေးတာ။ လူကတော့ သေသွားပြီ” ဟု ကျားဖြူ တပ်ခွဲ -၃ ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ အဓိပတိက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။khit thit

ဒလမြို့နယ်တွင် သောက်သုံးရေပြတ်လပ်

ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်က ရပ်ကွက်တွေမှာ ဧပြီလဆန်းပိုင်းကစလို့ ကန်ရေခန်းခြောက် သွားပြီး သောက်သုံးရေပြတ်လပ်နေတာကြောင့် ရေအလှူကားတွေကို အားထားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒလမြို့နယ်ဟာ ၂၀၁၄ လူဦးရေ စစ်တမ်းအရ ရပ်ကွက် ၂၃ ခု၊ ကျေးရွာအုပ်စု ၂၃ ခုနဲ့ လူဦးရေစုစုပေါင်း ၁သိန်း ၇ သောင်းကျော်ရှိပြီး ၂ ရပ်ကွက်ပေါင်း လူဦးရေ ၂၁၄၀၀ ကျော် နေထိုင်တဲ့ အံ့ကြီးအနောက်(ပျဉ်းမကုန်း)ရပ်ကွက်နဲ့ ကျန်စစ်သားရပ်ကွက်တို့မှာ လတ်တလော သောက်သုံးရေ ပြတ်လပ်နေတာပါ။ 

အဲဒီရပ်ကွက်တွေကို ဂါလန် ၁၆၀၀ ဆန့် ရေကားတွေနဲ့ ရေလှူပေးနေတဲ့ ရန်ကုန်မြို့ အခြေစိုက်ပရဟိတအသင်းက “ကျန်စစ်သားရပ်ကွက်မှာဆို အမက ၂၄ ရှေ့မှာ ရေလှူပေးပါတယ်။ အလှူရှင်တွေက နိုင်သလောက် လှူကြပါတယ်၊ တွံတေးက သွားသယ်တာပါ။ ဒီမှာက ရေလုံးဝ မရှိတာမျိုးတော့ မဟုတ်ဘူး၊ ရေစက်ကလည်း ရေတွန်းစက်နဲ့ ပေးတာ ရှိတယ်။ ရေက ပေါ့တော့ သောက်လို့ မရတာ။ နောက်တခုက ကန်ရေ၊ ကန်ရေကကျတော့ နွေဘက်မှာ ခန်းတာပေါ့၊ ဒီနှစ်က ပိုပူတယ်လေ။ သူတို့က ဒီနှစ် ၂ လပိုင်းလောက်မှာ မြစ်ထဲက ရေကို စက်နဲ့ ကန်ထဲ ဖြည့်ထားသေးတယ်၊ တကန်လောက်ပါပဲ။ မြစ်ရေဆိုတော့ ငန်တော့ ထမင်းချက်တာတောင် မရကြဘူး၊ ရေချိုးဖို့ပဲ ရတယ်။ ဂါလန် ၁၆၀၀ ဆန့် ရေကားတစ်စီးကို ရေသွားသယ်တာနဲ့ ဒီအထိအရောက်ဆို ဆီဖိုးအပါ ၇ သောင်း ကျပါတယ်။ ဒလကပဲ တခြားရပ်ကွက်တွေ သောက်ရေ မရတာတွေ ရှိသေးတယ်” လို့ ပြောပါတယ်။  

ဒလမြို့နယ်ဟာ နွေရာသီတိုင်း သောက်သုံးရေပြတ်လပ်လေ့ရှိပြီး မြို့ခံ အိမ်ထောင်စု  ၈၅ ဒသမ ၄ ရာခိုင်နှုန်းဟာ ရေကန်ကနေ သောက်ရေအဖြစ် သုံးစွဲနေတာပါ။ 

ဒလမြို့နယ်အတွင်းကို ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းကနေ နေ့တိုင်း ဂါလန် ၁ သန်း ပေးဝေ ဖြန့်ဖြူးနေပေမဲ့ ရေသန့်စင်စက်ရုံ မရှိသေး တာကြောင့် တွံတေးတူးမြောင်းကနေ တရက် ဂါလန် ၃ ဒသမ ၃ သန်းထွက်မယ့် ရေသန့်စင်စက်ရုံကို စစ်ကောင်စီဘက်က တည်ဆောက်နေတယ်လို့ သိရပါတယ်။ 

ဒလမြို့ခံတဦးက “ရေက ဟိုတုန်းကတည်းကပါ၊ ဒီလိုပဲ ကြိုသောက်ရတာပေါ့။ ရပ်ကွက်က ပိုက်ဆံစုပြီး ရေစက်နဲ့ ကန်ထဲကို မြစ်က ရေတင်ထားတာ၊ ရေစစ်နဲ့ သုံးလေးခါလောက် စစ်သောက်ရင် အနယ်က မရှိဘူး ရေက ငန်တာပဲ။ ရန်ကုန်က ပေးတဲ့ ရေက ထမင်းချက်တာတို့တော့ ရတယ်၊ တအားပေါ့‌တော့ သောက်မရဘူး။ ကား‌တွေနဲ့ ပရဟိတဘက်က လာလှူတော့ အဆင်ပြေတာပေါ့၊ ရေသန့်ဘူး လိုက်ပို့တာ ရှိတယ်၊ တတ်နိုင်တဲ့သူကျတော့လည်း ဝယ်သောက်တာပေါ့၊ ဒီဘက်က ကန်ပဲ အားကိုးတာများတယ် ” လို့ ပြောပါတယ်။

အိမ်ထောင်စု  ၅ ဒသမ ၈ ရာခိုင်နှုန်းသာ ရေသန့်စက်၊ ရေသန့်ဘူးတွေက ရေကို ဝယ်ယူ သုံးစွဲနိုင်ကြပြီး ရန်ကုန်ရှိ အခြားမြို့နယ်တွေနဲ့ နှိုင်းယှဉ်ပါက ပဉ္ဇမမြောက်အနိမ့်ဆုံး မြို့နယ်ဖြစ်ကာ အိမ်ထောင်စု  ၉၂ ဒသမ ၂  ရာခိုင်နှုန်းဟာ မသန့်ရှင်းတဲ့အရင်းအမြစ်က ရေကို သောက်သုံး နေရတယ်လို့ ၂၀၁၇ ခုနှစ် မေလထုတ် ရန်ကုန်တိုင်းဒလမြို့နယ်အစီရင်ခံစာမှာ တွေ့ရပါတယ်။ DVB

KNU တပ်မဟာ(၁)နယ်မြေ အလူးလေးတွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၉ ရက်နေ့ နံနက် ၆ နာရီကျော်တွင် ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ အလုံတောင် ဘုရား ကုန်းသို့ အင်အားဖြည့်တင်းရန်စစ်ကြောင်းထိုးလာသော အင်အား ၅၀ ဝန်းကျင်ခန့်ရှိ စစ်ကောင်စီတပ် သားများနှင့် တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့အကြား ၃၀ မိနစ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

“အလုံတောင်ကိုအင်အားလာဖြည့်တဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်တာပါ။ အထိအခိုက်ကတော့ စစ်ကောင်စီဘက်က သုံးယောက်သေတယ်။ ဒလန်တစ်ယောက် အရှင်ဖမ်းမိတာရှိတယ်” ဟု KNU နှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံးဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရသူများခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်ထံသတင်းပေးနသော ဒလန်တစ်ဦးအား အသက် ရှင်လျက် ဖမ်းမိကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းက ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာရှိ သံတံတားစစ်ကောင်စီ ဂိတ်စခန်းအား တပ်မဟာ (၁) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းရှိပြီး သံတံတား စစ်ကောင်စီဂိတ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သံတံတားဂိတ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်တစ်လုံးသည် သပြေနီကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံနှစ်ဦးအား ထိမှန်ခဲ့ကာ တစ်ဦးပွဲချင်းပြီးသေဆုံးကာ တစ်ဦးသည် လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ညနေပိုင်းမှာက စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည်တစ်လုံးက သပြေနီထဲကျတယ်၊ ရွာသား နှစ်ယောက်ထိပြီး တစ်ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ တစ်ယောက်ကတော့ ဆေးရုံမှာ ခြောက် ချက် ချုပ်လိုက်ရတယ်” ဟု ဘီးလင်းမြို့နယ်မှ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံး၊ ထိခိုက်ခဲ့ရသော သပြေနီကျေးရွာနေ ဒေသခံများသည် မည်သူမည်ဝါဖြစ် ကြောင်း မဇ္ဈိမမှ သီးသန့် အတည်ပြုနိုင်ခြင်းမရှိသေးချေ။

ဧပြီလ ၂၉ ရက်နေ့က ဘီးလင်းမြို့နယ်ရှိ သံတံတားဂိတ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကန်မွန်းစခန်းရဲစခန်း၊ ရွှေရောင်ပြကျေးရွာအနီးရှိ လုံခြုံရေးဂိတ်တို့အား တပ်မဟာ(၁)ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။mizzima

ကန့်ဘလူမြို့နယ်၊ ငါးရာနဲကျေးရွာမှ အစ္စလမ်ဘာသာဝင်များ နေထိုင်သည့် နေအိမ်များနှင့် ဗလီကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးရာနဲကျေးရွာမှ အစ္စလမ်ဘာသာ ဝင်များ နေထိုင်သည့် နေအိမ်များနှင့် ဗလီကို စစ်တပ်က ယနေ့ မီးဝင်ရှို့ ဖျက်ဆီး ကြောင်း ဒေသပြည်သူများက ပြောသည်။

ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘ လူ မြို့နယ်၊ ငါးရာနဲကျေးရွာကို စစ် ကြောင်း နှစ်ကြောင်းခွဲ၍ ဝင်ရောက် မီးရှို့ သွားခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ မီးဝင်ရှို့ သွားခြင်းဖြစ်ပြီး အဓိကအားဖြင့် အစ္ဒလမ်ဘာသာဝင်များ ၏ နေအိမ်များနှင့် ဗလီကို ဦးတည် မီးရှို့သွားခြင်းဖြစ်ကြောင်း၊ ပြည်သူအများစု ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရှိရသည်။

” ငါးရာနဲကျေးရွာ ကို ဒီနေ့စစ်ကြောင်းဝင်ပြီး မီးရှို့သွားပါတယ်။ အဓိကရှို့ သွားတာ အစ္စလာမ် တွေနေတဲ့ဘက်ခြမ်းကို ရှို့သွားတာ။ မီးလောင်တဲ့ အိမ်ခြေ ကခုထိ မသိသေးပါဘူး။ စစ်တပ်က တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ ဒီအတိုင်း ရှို့သွားတာ။ မနေ့က ရွာဘေးက သရက်ခေါင်းနဲ့ ဖလံကြိုင် ကျေးရွာကို စစ်ကြောင်းတွေ ဝင်ပါတယ်။ ဒီနေ့မှာ အဲဒီရွာတွေကနေ တစ်ဆင့် ငါးရာနဲ ရွာကိုဝင်ပြီး မီးရှို့တာပါ။ အိမ်ခြေဘယ်လောက် မီး လောင် ဆုံးရှုံးလဲ မသိရ သေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ဝင်ရောက် မီးရှို့နေသည့် ကန့်ဘလူမြို့နယ်၊ ငါးရာနဲရွာတွင် တောင် ရွာ၊ အ​ရှေ့ရွာ၊အနောက်ရွာ တို့ ပါဝင်ပြီး အိမ်ခြေ စုစုပေါင်း ၄၀၀ ဝန်း ကျင် ရှိ ကြောင်း၊ အစ္စလမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ စုပေါင်း နေထိုင် ကြသည့် ရွာဖြစ်ကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးလာချိန်တွင် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရှိရသည်။khit thit

မြိုင်၊ ကန်ပက်လက်မြို့နယ်တို့တွင် ပျူစောထီးနှင့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မကွေးတိုင်း မြိုင်မြို့နယ်၊ သရက်ကန်ရွာကို ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီလောက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပျူးစောထီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိုင်ပကဖက သိရပါတယ်။

ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၅ ကြိမ်ကြဲချ တိုက်ခိုက်ခဲ့တာကို ဧရာအနောက်ပြောက်ကျားတပ်ဖွဲ့နဲ့ TYK အဖွဲ့တို့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ မြိုင်ပကဖ၊တပ်ရင်း(၁)၊ တပ်ခွဲ (၂) ဂဠုန်တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးတာဝန်ခံ ရဲဘော်ဇေယျာက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ ပျူစောထီးသင်တန်း တက်ရောက်နေတဲ့ အမျိုးသမီး ၁ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော်ဇေယျာက “သတင်းရတဲ့ အိမ်တွေကို သွားကြဲနေတာ။ အီနာဂါကလည်း မလုံလောက်တော့ လို့ တခါကြဲရင် လေးငါးခြောက် လုံးလောက်ဘဲ ကြဲနိုင်တာ အများကြီးမကြဲနိုင်ဘူး”လို့ ဆိုပါတယ်။

ဧပြီ ၂၆ ရက်မှာတော့ စစ်ကောင်စီရဲ့ တပ်ကြပ်အဆင့်ရှိသူ တယောက် ဒဏ်ရာ ရရှိပြီး ဧပြီ ၂၇ ရက်မှာလည်း ပျူစောထီးသင်တန်းတက်နေတဲ့ အမျိုးသမီး တယောက် ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။

အဲဒီရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက မြိုင်မြို့ကနေ ၁၀တန်း စာမေးပွဲဖြေပြီး ပြန်လာတဲ့ အသက် ၁၆/၁၇ အရွယ်ကလေးတွေကို လက်နက်ကိုင်သင်တန်း ပေးနေတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ဧပြီ ၂၉ ရက်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ CDF-ကန်ပက်လက်က ထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ CDF-ကန်ပက်လက်ရဲ့ တပ်မဟာမှူး ကိုထွန်းလိန်းကို ဆက်သွယ်ခဲ့ ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

ကျင်ဒွေးမြို့ စစ်ကောင်စီတပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ ဧပြီ ၂၉ ရက်မှာ ကျေးရွာ တွေကို ဝင်ရောက်လာလို့ နှစ်ဘက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲဟာ ကျင်ဒွေးမြို့နဲ့ ငါးအော်ကျင်းကျေးရွာကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ၂ယောက်သေဆုံးခဲ့ပြီး CDF-ကန်ပက်လက်က ရဲဘော်တွေ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကန်ပက်လက်မြို့နယ် ထွေအုပ်ရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဧပြီ ၂၆ ရက် မနက်ပိုင်းမှာ CDF-ကန်ပက်လက်က သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁ ယောက် သေဆုံးကာ ၂ ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။DVB

« Older Entries