Monthly Archives: May 2023

ကျောက်ပန်းတောင်း၊ ပွေးကျစ် ရဲစခန်းကို PDF က တိုက်ခိုက်မှု ရဲမိသားစုဝင် ၂ ဦးသေ ဆုံးပြီး စခန်းမှူး ရဲအုပ်မျိုးလွင်နှင့် ရဲတပ်ကြပ် ကြီး အောင်အောင်တို့ ပျောက်ဆုံးနေဟု ပြည် ထဲရေး ဝန်ကြီးဌာနပြော

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို PDF တပ်ဖွဲ့များက ယနေ့ ဝင်ရောက် တိုက်ခိုက်ရာရဲမိသားစုဝင် ၂ ဦးသေဆုံးပြီး စခန်းမှူးနှင့် တပ်ကြပ်ကြီးတို့ ပျောက်ဆုံးလျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနဘက်က ပြောဆိုသည်။

မေလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်နယ်မြေရဲစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ င့် ရဲတပ်ကြပ် ဝင်းမြင့်၏ဇနီး မဥမ္မာဝင်း နှင့်သားဖြစ်သူ မောင်ဝေထူးတို့မှာ အခင်းဖြစ်နေရာတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ရဲတပ်ကြပ်ကြီး ရဲဝင်းမှာ သေနတ်ဒဏ်ရာများရရှိ၍ ကျောက်ပန်းတောင်း မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ စခန်းမှူး ရဲအုပ် မျိုးလွင်နှင့် ရဲတပ်ကြပ်ကြီး အောင်အောင် တို့ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။

ရဲစခန်းအတွင်းရှိ အဆောက်အဦးများနှင့် မော်တော်ယာဉ်များလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ၊ PDF တပ်များက ဝင်ရောက်တိုက်ခိုက်ချိန်တွင် ပွေးကျစ်နယ်မြေရဲစခန်းတွင် အင်အား ၁၃ ဦးရှိသည့်အနက် ၈ ဦးမှာ ကျောက်ပန်းတောင်း မြို့နယ်တရားရုံးချိန်းသို့ သွားရောက်နေပြီး စခန်းတွင်အင်အား ၅ ဦးသာ ရှိနေသည့်အချိန်ဖြစ်ကြောင်း၊ PDF တပ်များက လက်ပစ်ဗုံး၊ သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး နယ်မြေ ရဲစခန်းအား ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကူလွှတ်ရန် အတွက် အထိုင်တပ်ရင်းများဖြစ်သော အမှတ် ၆၀၉ ဒုံးတပ်ရင်း၊ အမှတ် ၂၁ တပ်မတော် ကာ ကွယ်ရေး ပစ္စည်းထုတ်လုပ်စက်ရုံနှင့် မြို့နယ် ရဲတပ်ဖွဲ့က စစ်ကူ သွားရောက်ခဲ့​ကြောင်း၊ PDF တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာသွားချိန်မှ စစ်ကူများ ရောက်ရှိခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။ khit thit

ပေါက်မြို့နယ်တွင် စစ်တပ် ဖမ်းဆီး ထားသည့် PDF ရဲဘော် ၂ ဦးက သေနတ်လု ထွက်ပြေးပြီး အနီးကပ် ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦးသေ ဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆူးလေကုန်းရွာတွင် စစ်တပ် ဖမ်းဆီး ထားသည့် PDF ရဲဘော် ၂ ဦးက သေနတ်လု ထွက်ပြေးပြီး အနီးကပ် ပစ် ခတ်မှုကြောင့် စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၂ ရက်နေ့တွင် ပေါက်မြို့နယ်၊ ဆူးလေကုန်းရွာကို ဖြတ်သန်းလာသည့် အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရန် ကျေးရွာထိပ်သို့ PDF ရဲဘော် ၂ ဦး လာရောက်စဥ် စစ်တပ် ကင်းပုန်းက ရဲဘော် ၂ ဦး ဖမ်းဆီးပြီး ဒူးထောက်ခိုင်းထားစဥ် PDF ရဲဘော် ၂ ဦးက အနီးကပ် လုံးထွေး တိုက်ခိုက်ပြီး MA 1 ၁ လက်နှင့် MA 4 ၁ လက်ကို လုယူပြီး စစ်သား ၁ ဦးကို အနီးကပ် ပစ်သတ်ကာ ထွက်ပြေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးစဥ် ကင်းပုန်းအနီး၌ ချက်ပြုတ်စားသောက်ရန် ရောက်ရှိလာသည့် စစ်သား ၃၈ ဦးက ထွက်ပြေးသွားသည့် PDF ရဲဘော် ၂ ဦးကို လိုက်လံ ပစ်ခတ်သောကြောင့် ရဲဘော် ၁ ဦး ကျည်ထိမှန် ကျဆုံးခဲ့ကာ ကျန်ရဲဘော် ၁ ဦးသည် သေနတ်ချ ထွက်ပြေးသောကြောင့် လွတ် မြောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး ညီနောင် ရဲဘော် ကျဆုံးခြင်း အတွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း၊ ရဲဘော် ၂ ဦး၏ စိတ်ဓာတ်သည် သတ္တိခဲတို့ ပြုကျင့်သော မြင့်မြတ်သည့်စိတ်ထားဖြစ်ကြောင်း၊ ကျဆုံးသွားသောရဲဘော်အား မြိုင် ပကဖမှ အာဇာနည်အဖြစ်မှတ်တမ်းတင်ထားရှိသွားကြောင်း မြိုင်ပကဖက ထုတ်ပြန်ထားသည်။khit thit

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ “လုပ်သားထုနဲ့ချီ ဖက်ဒရယ်ဆီ” စာသားနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သ ပိတ်စစ်ကြောင်းချီ

khit thit

တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gan နေ ပြည်တော်ရောက်ရှိနေပြီး အကြမ်း ဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံ

တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gan သည် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်ရောက်ရှိလာပြီး အကြမ်းဖက်မင်းအောင် လှိုင်နှင့်တွေ့ဆုံကြောင်း သိရှိရသည်။

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Qin Gan သည် Deer Jet Beijing ၏ လေယာဉ်အမှတ် B8415 ဖြင့် နေပြည်တော်သို့ ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်း၏ ခရီးစဉ်တွင် အကြမ်းဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံခြင်းဖြစ် ကြောင်း သိရှိရသည်။

နိုင်ငံခြားရေးဝန်ကြီး Qin Gang သည် နေပြည်တော်မှ တစ်ဆင့် မေလ ၃ ရက်နေ့တွင် ပုဂံ-ညောင်ဦးသို့ သွား ရောက်မည်ဖြစ်ပြီး မေလ ၄ ရက်နေ့တွင် မြန်မာ နိုင်ငံမှ ထွက်ခွာကာ အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမလာရောက်မီ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Qin Gangသည် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင် ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နှင့် မေလ ၁ ရက်နေ့တွင် တွေ့ဆုံပြီး နိုင်ငံ တကာ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ် အခြာအာဏာကို လေးစားလိုက်နာသင့်ကြောင်း၊ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ် ငန်း စဉ် ပြန်လည် စတင်သင့်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

တရုတ်နိုင်ငံသည် အခြားနိုင်ငံများထက် ပိုမိုရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံသည် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန် မျှော် လင့်ကြောင်း ၊ မြန်မာနိုင်ငံတွင် ကွဲပြားမှုများကို ပေါင်းစပ်နိုင်ရန် အားလုံးပါဝင်သော ဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ပြန်လည်စတင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ ပြောဆိုထားသည်။khit thit

ရဲစခန်းဗုံး ၂ ကြိမ်ပစ်ခံရပြီးနောက် မန္တလေးကို စစ်အုပ်စုက ပိတ်ဆို့စစ်ဆေးနေ

ရဲစခန်း ဗုံးနှစ်ကြိမ်ပစ်ခံရမှုအပါအဝင်၊ စစ်ကောင်စီတပ်နှင့်ဆက်စပ်သူများ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရမှုကြောင့်၊ မန္တလေးတစ်မြို့လုံးကို စစ်ကောင်စီတပ်က ယနေ့တစ်နေကုန် ပိတ်ဆို့စစ်ဆေးမှုတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မီးပွိုင့်တိုင်းမှာ စစ်သားနှစ်ယောက်၊ ရဲနှစ်ယောက် ယာဥ်ထိန်းနှစ်ယောက်ချထားတယ်၊ လမ်းဆုံလမ်းခွတွေမှာကျတော့ ကင်းပုန်းတွေချထားတယ်၊ ရဲစခန်းရှေ့တို့ ရပ်ကွက်ရုံးရှေ့တို့မှာဆိုရင် အရင်ကထက် လုံခြုံရေးပိုလုပ်ထားတာတွေ့ခဲ့ရတယ်၊ မနေ့က တစ်ရက်တည်း သုံးလေးကြိမ်လောက်ခံလိုက်ရတော့ လုံခြုံရေးတင်းကျပ်လိုက်တဲ့သဘောပါပဲ” ဟု ​မြို့ခံတစ်ဦးကပြောသည်။

နယ်မြေအလိုက်ရဲစခန်းများ၊ ရပ်ကွက်ရုံးများ၊ ဌာနဆိုင်ရာနေရာများ၊ စစ်တပ်ပိုင်ဘဏ်အဆောက်အအုံများအပါအဝင် စစ်ကောင်စီတပ်နှင့်ဆက်စပ်သည့်နေရာများတွင် လုံခြုံရေးအထူးတင်းကျပ်ထားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံကသိရသည်။

မန္တလေးမြို့တွင် ယမန်နေ့နံနက် ၆ နာရီနှင့် ၇ နာရီဝန်းကျင်ခန့်ကအမရပူရမြို့နယ်မြို့မရဲစခန်း ဒရုန်းဗုံးဖြင့် နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်။

အဆိုပါတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း ရဲသုံးယောက်ထက်မနည်း ဒဏ်ရာရမှုရှိနိုင်ကြောင်း၊ ဒေသခံသတင်းရင်းမြစ်များကဆိုသော်လည်း၊ စစ်ကောင်စီတပ်ဘက်က သတင်းများတွင် ကလေးငယ်တစ်ဦး သေဆုံးပြီးရဲဝန်ထမ်းမိသားစုဝင်အမျိုးသမီးလေးဦး ဒဏ်ရာရကြောင်း ဖော်ပြကြသည်ကိုတွေ့ရသည်။

အဆိုပါ တိုက်ခိုက်မှုကို Generation Z Power- GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး)၊ အမရပူရမြို့နယ် ပကဖ၊ ကျောက်ဆည်ခရိုင်ပကဖ၊ TKF-AMA မဟာမိတ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း GZP (Mandalay)က သတင်းထုတ်ပြန်ပြီး၊ ၎င်းရဲစခန်းမှ နယ်ထိန်းထွန်းနိုင်ဆိုသူက ပြည်သူများကိုခြိမ်းခြောက်နေသဖြင့် ၎င်းအား ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့နောက် နံနက် ၈ နာရီခန့်တွင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းသာယာရပ်ကွက်နေသူ မြေစာရင်း ဦးစီးဌာနလက်ထောက်ဦးစီးမှူးသန်းဝင်း (အသက် ၅၆ နှစ်)ဆိုသူ နေအိမ်အတွင်း ထမင်းစားနေစဥ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။

၎င်းအား လူငယ်အမျိုးသားနှစ်ဦးက လက်လုပ်သေနတ်ဖြင့် နေအိမ်ထဲအထိဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးခြင်းရှိမရှိ အတည်မပြုနိုင်သေးသလို မည်သည့်အဖွဲ့အစည်းကပစ်ခတ်သွားကြောင်း သတင်းထုတ်ပြန်သည်ကို မတွေ့ရသေးပေ။

အလားတူ ဧပြီလ ၃၀ ရက်နေ့ကလည်း၊ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်၊ ၅၆ လမ်းနှင့် ၁၁၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင်၊ ပျူစောထီးအဖွဲ့ဝင်ဆိုသူ နှစ်ယောက် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။

အဆိုပါပစ်ခတ်မှုတွင် တစ်ယောက်သေဆုံးပြီး နောက်တစ်ယောက်ဒဏ်ရာရကြောင်း မျက်မြင်များကဆိုသော်လည်း၊ စစ်အုပ်စုဘက်ကတော့ သေဆုံးသူမရှိကြောင်း ငြင်းဆိုထားသည်။

အဆိုပါတိုက်ခိုက်မှုကိုတော့ Ranger Urban Guerrillas Mandalay က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး၊ ပျူ ဒလန်အမြစ်ပြတ်ချေမှုန်းရေးဖြစ်ကြောင်း ၎င်းအဖွဲ့ကဆိုသည်။ mizzima

နွားထိုးကြီးမြို့မ ရဲစခန်းနှင့် စစ်တပ် ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့မရဲစခန်းနှင့် မြို့အရှေ့ဘက်ရှိ ထန်းဇင်ကျေးရွာ ကင်းစခန်း ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ် ရင်း ၄ နွားထိုးကြီး PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ မေလ ၁ ရက် နေ့လည် ၂ နာရီခွဲခန့်က နွားထိုးကြီးမြို့မရဲစခန်းကို ဒရု်နးဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့ရာ ရဲစခန်းအတွင်းရှိ ကင်းလှည့်ရာ တွင် အသုံးပြုသော မတ်တူးကားတစ်စီး မီးလောင် ပျက်စီးပြီး ရဲ တစ်ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မြို့မရဲစခန်းထဲကို ဗုံးသီးချတဲ့အချိန်မှာ ကားဘေးမှာ စုပြုံထိုင်နေတဲ့ ရဲခွေး ၅ ကောင် ထိတယ်၊ ကား တစ်စီးမီးလောင်တယ်၊ မီးလောင်တဲ့အ ချိန်မှာ နွားထိုးကြီးက မီးသတ်ကားတွေခေါ်ပြီးတော့ မီးငြှိမ်းရတဲ့ အထိဖြစ်သွားတယ်၊ ကားမီးလောင်တဲ့ မီးခိုးလုံးကလည်း တစ်မြို့လုံးက မြင်နေရတာ၊ မီးသတ်ကားတွေ လဲ ဆူညံပြီး လာငြှိမ်းသတ်ရတဲ့အထိ ဖြစ်သွားတာ၊ ရဲတစ်ယောက်သေသွားတယ်၊ လေးယောက်က ဒဏ်ရာအပြင်းအထန်ရတယ်၊ လက်ရှိကတော့ နွားထိုးကြီးမြို့နယ်ဆေးရုံမှာပဲ လို့သိရတယ်၊” ဟု မြင်းခြံ ခရိုင် တပ် ရင်း ၄ နွားထိုးကြီး PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၃၀ ရက် ညနေ ၆ နာရီခန့်ကလည်း နွားထိုးကြီးမြို့၏ အရှေ့ဘက် ထန်းဇင်ကျေးရွာ အကြမ်းဖက် ကင်းစခန်းဂိတ်ကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း အဖွဲ့မှ Drone ဖြင့် ၃ ကြိမ်တိတိ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးအပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။ khit thit

နွားထိုးကြီး မြို့မရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ ကားမီးလောင်ပြီး ရဲ ၁ ဦးသေ ၄ ဦးဒဏ်ရာရဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး မြို့မရဲစခန်း ဒရုန်းဖြင့်ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ရဲများအမြဲတမ်းအသုံးပြုနေသော မတ်ခ်တူးကားတစ်စီး မီးလောင်ပျက်စီးပြီး ရဲတစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု Natogyi People Defence Force(NPDF) မှ သတင်းထုတ်ပြန်သည်။

နွားထိုးကြီး မြို့မရဲစခန်းကို ယမန်နေ့ မေလ ၁ရက် နေ့လယ်၂နာရီ၃၀မိနစ်ဝန်းကျင်အချိန်ခန့်တွင် NPDF အဖွဲ့များမှ အီနာဂါဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ရာ ကားမီးလောင်၍ မီးသတ်ကားခေါ်ကာ မီးငြိမ်းသတ်ခဲ့ရသည့်အထိ ဖြစ်သွားသည်ဟု ယင်းအဖွဲ့တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။

“မြို့မရဲစခန်းမှာ တစ်ချိန်ချတယ်။ ဗုံးတွေချပြီးတော့မှ ကားဘေးမှာစုထိုင်နေတဲ့ ရဲငါးကောင်ရှိတာ ငါးကောင်လုံးဒဏ်ရာရတယ်။ ကားတစ်စီးမီးလောင်တယ်။ မီးလောင်တဲ့အချိန်မှာ ကျတော်တို့နွားထိုးကြီးက မီးသတ်ကားတွေကို ခေါ်ပြီးတော့မှ မီးငြိမ်းရတာတွေအထိ ဖြစ်သွားတယ်။ ကားက သူတို့အမြဲတမ်းသုံးနေတဲ့ မတ်ခ်တူးကားဗျ။ ရဲစခန်းထဲမှာ ရပ်ထားတာ။” ဟု NPDF မှ တာဝန်ရှိသူက ဆိုသည်။

မြင်းခြံခရိုင်အမှတ်တပ်ရင်း (၄) Natogyi People Defence Force(NPDF) မှ ရဲဘော်များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက် အောက်ခံ ရဲတစ်ဦးသေဆုံးပြီး သုံးဦးအပြင်းအထန်ဒဏ်ရာရရှိကာ နွားထိုးကြီးပြည်သူ့ဆေးရုံးတွင် ဆေးကုသမှုခံယူနေကြသည်ကို မြို့နေဒေသခံများထံမှ တစ်ဆင့်ကြားသိရသည်ဟုလည်း ဆိုသည်။

နွားထိုးကြီးရဲစခန်းတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီလက်အောက်ခံရဲများထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

“ရဲစခန်းရှေ့ဆိုရင်လည်း ရေတွေအိုင်ထနေရော။ ကားကလည်း မီးလောင်တော့ မီးခိုးငွေ့တွေ တစ်မြို့လုံးကမြင်ရတယ်။ မီးသတ်ကားတွေလည်း ဆူညံနေတာ။” ဟုလည်း အမည်မဖော်လိုသူ မြို့နေဒေသခံတစ်ဦးကပြောသည်။

နွားထိုးကြီးမြို့မရဲစခန်းမှ ရဲတပ်ကြပ် ခိုင်မင်းထွန်းဆိုသူကိုလည်း နွားထိုးကြီးမြို့နယ်၊ ထန်းဇင်းကျေးရွာအနီး၌ ဧပြီလ ၂၆ရက်နေ့တွင် Natogyi People Defence Force(NPDF) မှ ပစ်ခတ်ရှင်းခဲ့သေးသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ရက်နေ့ ညနေ ၆နာရီဝန်းကျင်ခန့်တွင် နွားထိုးကြီးမြို့၏အရှေ့ဘက် ထန်းဇင်ကျေးရွာ ကင်းစခန်းဂိတ်ကို NPDF မှ ဒရုန်းဖြင့် သုံးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သုံးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ mizzima

ကျောင်ပန်းတောင်း၊ ပွေးကျစ် ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ ရဲ လိုင်းခန်း မီးလောင်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲ လိုင်းခန်း မီးလောင်နေကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် ပွေးကျစ် ရဲစခန်းကို စစ်ကား ၅ စီး ရောက်ရှိနေပြီး ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရှိရသည်။

“ဒီနေ့ မွန်းလွဲပိုင်းက PDF တပ်ပေါင်းစုက ပွေးကျစ်ရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တယ် ရဲစခန်း ထိခိုက် ပျက်စီးမှုရှိတယ်။ ရဲလိုင်းခန်းတွေလဲ မီးလောင်နေတယ်။ ရဲစခန်းကို စစ်ကား ၅ ရောက်နေတယ်။ ပိတ်ဆို့ပြီး ဘာတွေ မွှေနေလဲတော့ မသိဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို လာဘ်စားသည်ဆိုပြီး စွပ်စွဲအမိန့်ချထားသည့်အမှု အထူးအယူခံ တင်ထား

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ ဒေါ်လာနဲ့ ရွှေ လာဘ်စားတယ်လို့ စွပ်စွဲတရားစွဲဆို အမိန့်ချထားတဲ့အမှုအတွက် ပြည်ထောင်စုတရားလွှတ်ချုပ်ထံ ရာဇဝတ် အထွေထွေအထူးအယူခံ တင်ထားတယ်လို့ တရားရေးနဲ့နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။

တရားရေးနဲ့ နီးစပ်သူတဦးက “လာမယ့် ဧပြီ ၂၃ ရက်နေ့မှာ လက်ခံသင့် မသင့် ကြားနာမယ်၊ ကျန်တဲ့အမှုတွေကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုနဲ့ ထောင် ၃၃ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ အမှုအားလုံးကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အယူခံတင်သွင်းထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို မတရားစွပ်စွဲဖမ်းဆီးပြီး ထောင် ဒဏ်အသီးသီးချမှတ်ကာ သမ္မတ ဦးဝင်းမြင့်ကို တောင်ငူထောင်ပို့ဆောင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေပြည်တော်အချုပ်ထောင်ဝန်းအတွင်းက သီးသန့်အဆောက်အဦမှာ ဆက်လက် ထားရှိထားပါတယ်။

အမှုတွေအားလုံး ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အယူခံတင်ထားတဲ့အတွက် အမှုကိစ္စတွေ ပြောဆိုဆွေးနွေးဖို့ စွပ်စွဲခံရသူတွေနဲ့ ရှေ့ နေတွေ တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီထံ ခွင့်ပြုမိန့်တင်ထားတာကို ခုချိန်ထိ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။ DVB

« Older Entries