Monthly Archives: May 2023

အင်းလေး PDF အဖွဲ့အမည်သုံးပြီး ငွေအလွဲ သုံးစားပြုနေသူအား ဖော်ထုတ်ပေးရန် တောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အမှတ်-၁၀၀၉ တပ်ရင်း၊ အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ် (IPDF) အမည်ကို အသုံးပြု အလှူငွေ ကောက်ခံတာတွေ ရှိနေတယ်လို့ IPDF က ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ပါဝင်တဲ့အတိုင်း အင်း​လေး PDF တပ်ဖွဲ့အမည်နဲ့ ငွေကြေး အလွဲသုံးစားပြုသူတွေကို တိတိကျကျ ဖော်ထုတ်ပေးဖို့ IPDF တပ်ဖွဲ့ဝင်ဟောင်းတွေက တောင်းဆိုလိုက်တာပါ။

IPDF တပ်ဖွဲ့ဝင်ဟောင်းတဦးက “IPDF ရဲ့ ထုတ်ပြန်ချက်မှာ တပ်ဖွဲ့အမည်ကို အလွဲသုံးစားလုပ်ပြီး ဂုဏ်ပြုလက်မှတ်အတု၊ ဆိုင်းအတုနဲ့ အလှူငွေ ကောက်ခံနေတယ်။ ဘယ်သူတွေ ကောက်ခံနေတယ်ဆိုတာ သိရတယ်။ တပ်ရင်း အခက်အခဲဖြစ်နေချိန် တချို့ တပ်ရင်းကို စွန့်ခွာသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကျနော်တို့က တပ်ရင်းကနေ အနားယူထားသူတွေဆိုတော့ IPDF က ထုတ်ပြန်တဲ့အတိုင်းဆိုရင် ကျနော်တို့ကပဲ အလွဲသုံးစားလုပ်နေသလို ဖြစ်နေတယ်။ ဒါ့ကြောင့် ဘယ်သူတွေက တပ်ဖွဲ့နာမည်နဲ့ ငွေကြေးအလွဲသုံးစားနေလဲ ဆိုတာကို တိတိကျကျ ဖော်ထုတ်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

အင်းလေးPDF ကို ဒေသခံ ၆ ဦးက စတင်တည်ထောင်ခဲ့တာပါ။ လက်ရှိ အဲ့ဒီ ၆ ဦးလုံးဟာ တခြား တော်လှန်ရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ဖို့ တပ်ဖွဲ့ကနေ အနားယူထားပါတယ်။ တပ်ဖွဲ့ကနေ အနားယူစဥ်က ငွေစာရင်းရှင်းတမ်းတွေကို IPDF ကို ဆက်လက်တာဝန်ယူမယ့်သူထံ အပ်နှံခဲ့ပြီး နောက်ထပ်လည်း အလှူငွေကောက်ခံတာ မရှိတော့ဘူးလို့ တပ်ဖွဲ့ဝင်ဟောင်းတွေက ဆိုပါတယ်။

“ကျမက IPDF စတင်တည်ထောင်စဥ်က အလှူငွေရှာဖွေပေးခဲ့သူ ဖြစ်ပါတယ်။ အခု တပ်ရင်းတည်ထောင်သူ ၆ ဦးလုံးဟာ တပ်ရင်းမှာ မရှိတော့ဘူး။ အခု ကျမ တပ်ရင်းက ထွက်ခွာခဲ့ပေမဲ့ အလှူရှင်တွေပေးပို့လာတဲ့ အလှူငွေတွေကို လက်ရှိတာဝန်ခံ ကိုအင်းစားကူးကို လွှဲပြောင်းပေးပြီး မှတ်တမ်းတွေကိုလည်း သူ့ဆီက ရယူခဲ့ပါတယ်။ ဒါ့ကြောင့် IPDF (1009) အနေနဲ့ ငွေအလွဲစားလုပ်သူတွေကို သေချာဖော်ထုတ်ရှင်း လင်းပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ တပ်ဖွဲ့ဝင်ဟောင်း အမျိုးသမီးတဦးက ပြောပါတယ်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ရှမ်းတောင် အမှတ်-၁၀၀၉ တပ်ရင်း ဖြစ်ပါတယ်။

IPDF အနေနဲ့ မဟာမိတ်တပ်ရင်းတွေနဲ့အတူ ဒေသအတွင်းမှာ စစ်ရေးဖော်ဆောင်တာတွေ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရ ကျဆုံးသူတွေလည်း ရှိခဲ့ပါတယ်။ DVB

သပိတ်ကျင်းမြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရွှေကိုးပင်ပေါက်အနီး စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တကောင်း တိုက်နယ် – တကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ မေလ ၂ ရက် ည ၉ နာရီခွဲခန့်က တကောင်းတိုက်နယ်၊ အင်းနက်ကျေးရွာမှ တကောင်းမြို့သို့ ဆင်းလာသော Double cup 4 wheels အဖြူရောင် ကားတစ်စီးကို ရွှေကိုးပင်လမ်းပေါက်အနီး အ ရောက် မိုင်း ၄ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ကားပေါ်မှာက ၇ ယောက်ပါတာ၊ ၃ ယောက်သေတယ်၊ ၃ ယောက်ဒဏ်ရာရတယ်၊ မိုင်းဆွဲပြီးတော့ ကားက ထိုးရပ်သွားတာ၊ ကားလဲပျက်သွားတယ်၊ စစ်ခွေးဘက် ပြန်မပစ်နိုင်ဘူး၊ နာရီဝက်လောက်ကြာ တော့ တကောင်းက နာရေးကားတွေနဲ့ထွက်လာပြီး ကားရော၊ အလောင်းတွေရော၊ လူနာတွေရော သယ် သွားတယ်” ဟု တကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-Tagaung Defense Force နှင့် လျှပ်စီး ပျောက် ကြားတပ်ဖွဲ့တို ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအ ခိုက် မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ ဖမ်း ဆီးခံရသည်မှာ သတင်းမှားသာဖြစ်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာရှိ စစ်ကောင်စီတပ်သားများအား သင်္ကန်း ဝတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့မှရဲဘော်များ ဖမ်းဆီးခံရ သည်ဟူသောသတင်း ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။

“Min Aung Htoo”အမည်ရှိ ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးက “ပို့တက်လာထဲကမိမယ်ဆိုဒါသိနေတာ ဒါမျိုးဆိုရင်း ထိထိမိမိကိုလိုက်တာ” (မူရင်းအရေးအသားအတိုင်း) ဆိုသည့် ခေါင်းစဉ်ဖြင့် “ဘုန်းကြီးတု အယောင်ဆောင်ပြီး လိုက်သတ်နေတဲ့အဖွဲ့တွေမိပြီ။ မတ္တရာနတ်ဆိုးအဖွဲ့ဖြစ်တယ်လို့ သိရ” ဟူသည့် စာသားနှင့်အတူ ဓာတ်ပုံသုံးပုံအား ဧပြီလ ၂၃ ရက်နေ့တွင် ဖြန့်ဝေထားသည်။ အဆိုပါပိုစ့်အား ပြန်လည်မျှ ဝေထားသူ ၂၈၃ ဦးရှိပြီး အခြားအကောင့်များမှပြန်လည်ကူးယူဖော်ပြနေရာ တဆင့်မျှဝေမှုများလည်း ရှိသည်။

မဇ္ဈိမအနေဖြင့် အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အချက်အလက်စစ်ဆေးခဲ့ရာတွင် “နတ်ဆိုး မြေအောက် တော်လှန်ရေးတပ်ဖွဲ့” မှ ရဲဘော်များ ဖမ်းဆီးခံရသည်မှာ မဟုတ်မမှန်ကြောင်း တွေ့ရသည်။

သတင်းတွင်ဖော်ပြထားသည့် ဓာတ်ပုံသုံးပုံမှာ နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့်ပုံ များမဟုတ်ဘဲ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာမှ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် အိမ်ခြေ ၁၇၀ အတွက် နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့မှ စားသောက်ကုန်များသွား ရောက်ထောက်ပံ့ခဲ့စဉ်က ဓာတ်ပုံများအား အသုံးပြုထားခြင်းဖြစ်သည်။

လင့် – t.ly/r55at

နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ခံဗိုလ်နတ်ဆိုးအား မဇ္ဈိမမှမေးမြန်းခဲ့ရာတွင် ရဲဘော် များ ဖမ်းဆီးခံရခြင်းမရှိကြောင်းနှင့် အားလုံးလုံခြုံသည့်နေရာတွင်ရှိကြောင်း အသံဖြင့် ပြန်လည်ဖြေကြား ထားသည်။

“ရဲဘော်တွေဖမ်းဆီးခံရတာ မရှိဘူးဗျ။ အားလုံး လုံခြုံတဲ့နေရာမှာရှိနေပါတယ်။ အဲ့ကိစ္စ(ရဲဘော်များ ဖမ်းဆီးခံရခြင်း)နဲ့ပတ်သက်ပြီးတော့တော့ ခဏခဏလာပြီးမေးနေကြတယ်။ ထွေထွေထူးထူးတော့ ဘာမှ ပြောစရာမရှိပါဘူး။ ရူးကြောင်ကြောင်အလုပ်တွေက ဒီကောင်တွေလုပ်စမြဲဆိုတော့ ဘာမှလည်းပြော စရာမရှိပါဘူး” ဟု ဗိုလ်နတ်ဆိုးက မဇ္ဈိမကိုပြောသည်။

ယနေ့ မေလ ၃ ရက်နေ့နံနက်ပိုင်းတွင်လည်း နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့မှ ဗိုလ်ဇီးကွက်အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင်လည်း ၎င်းတို့အဖွဲ့မှ တော်လှန်ရေးရဲဘော်များဖမ်းဆီးခံရခြင်းမှာ သတင်းမှား သာဖြစ်ကြောင်း မဇ္ဈိမသို့ ပြောသည်။

နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာအား သွားရောက်မေးမြန်းရာတွင်လည်း ရဲဘော်များ ဖမ်းဆီးခံရခြင်းမရှိကြောင်း၊ အားလုံးလုံခြုံသည့်နေရာတွင်ရှိကြောင်း စာဖြင့် ပြန်လည်ဖြေ ကြားထားသည်။

အဆိုပါ မြကန်သာကျေးရွာအုပ်ချုပ်ရေးမှူးရုံးပစ်ခတ်မှုတွင် ၎င်းတို့တပ်ဖွဲ့မှ နယ်မြေလုံခြုံရေးအရ ရွေး ချယ်စရာမရှိသဖြင့် သင်္ကန်းဝတ်များဖြင့် လာရောက်ပစ်ခတ်ရသည့်အပေါ် တောင်းပန်ကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့မှ တပ်သားများဖမ်းဆီးခံခဲ့ရသည်ဟု ဧပြီလ ၂၃ ရက်နေ့တွင် ဖြန့်ဝေနေကြ သော်လည်း ဧပြီလ ၂၅ ရက်နေ့မှ စတင်ကာ နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့ အတွက် M79 ၄၀ မမ တစ်လက် ဝယ်ယူနိုင်ရန်အတွက် M79 ကမ်ပိန်းများ လုပ်ဆောင်လျက်ရှိနေသည်။ လင့် – t.ly/-n0cS

ထို့ပြင် မတ္တရာမြို့နယ်တွင် ဧပြီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ တိုက်ပွဲသတင်းများအား ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်၌ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

လင့် – https://t.me/+UhMZhWW9cYFjZTRl

နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့၏ ယခင်ဖေ့စ်ဘုတ်စာမျက်နှာသည် ဖေ့စ်ဘုတ်စည်းကမ်း ချက်များနှင့်ငြိနေသောကြောင့် ပေ့ချ်ပျက်သွားပြီး မတ်လ ၅ ရက်နေ့တွင် “နတ်ဆိုးမြေအောက်တော် လှန်ရေးတပ်ဖွဲ့” အမည်ဖြင့်အသစ်လုပ်ကာအသုံးပြုနေသော်လည်း နောက်ပိုင်းတွင် သတင်းကြေညာ ချက်များအား တယ်လီဂရမ်ချန်နယ်များတွင်သာ ထုတ်ပြန်လေ့ရှိသည်။

နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့နှင့်တွဲကာ စစ်ဆင်ရေးလုပ်ဆောင်နေသည့် နဂါးညီနောင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့အား မဇ္ဈိမကနတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်များ ဖမ်းဆီးခံရခြင်းရှိမရှိ မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် နတ်ဆိုးအဖွဲ့ဖမ်းဆီးခံရခြင်းအကြောင်းကို မကြားမိကြောင်းနှင့် ဖော်ပြပါစာမျက်နှာ သည် နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့၏ လက်ရှိအသုံးပြုနေသည့် စာမျက်နှာဖြစ်ကြောင်း အတည်ပြုဖြေ ကြား သည်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာဈေး တိုက်ခိုက်မှုဖြစ်စဉ်အား သတင်းဌာနများတွင် ဖော်ပြမှုရှိခဲ့သော်လည်း အဆိုပါတိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့သည့် နတ်ဆိုးမြေအောက်တော်လှန်ရေး တပ်ဖွဲ့မှ တပ်သားများ ဖမ်းဆီးခံရသည့်အကြောင်းကိုမူ မည်သူ့သတင်းဌာနတွင်မှ ဖော်ပြခြင်းမရှိကြောင်း တွေ့ရသည်။

လင့် – t.ly/J5Dh

ထို့ကြောင့် သင်္ကန်းဝတ်ဖြင့် ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့် နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့မှတပ်သားများ ဖမ်းဆီးခံရသည်ဆိုသည်မှာ သတင်းမှားသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

လားရှိုးအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၁၃ ဦးလွတ်မြောက်၊ ပုသိမ်ထောင်မှ ၁၈ ဦးလွတ်

ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်း နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်ကလွတ်ငြိမ်းခွင့်ပေးရာ လားရှိုးအကျဥ်းထောင်က ၁၃ ဦး လွတ်မြောက်လာပါတယ်။

ဒီနေ့ လားရှိုးအကျဥ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့အထဲမှာ ကျောက်မဲက အမျိုးသမီး ၁ ဦး အပါအဝင် လားရှိုးမှ အမျိုးသား ၂ ဦး၊ ကွတ်ခိုင်က အမျိုးသား ၁ ဦး၊ မူဆယ်က ၈ ဦး၊ ဟိုပန် ၁ ဦး ဖြစ်တယ်လို့ ကနဦး သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်နေ့တုန်းကတော့ လားရှိုးအကျဥ်းထောင်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွတ်မြောက်လာသူ တဦးတယောက်မှ မရှိခဲ့ပါဘူး။

ဧရာဝတီတိုင်း ပုသိမ်အကျဥ်းထောင်ကနေလည်း ပုဒ်မ  ၅၀၅-က အမိန့်ချမှတ်ခံထားရသူ ၁၈ ဦး  ဒီနေ့ ပြန်လည် လွတ်မြောက်လာပါတယ်။

ပုသိမ်မြို့ဒေသခံတစ်ဦးက  “ဒီနေ့ ပုသိမ်ထောင်က ၅၀၅-က နဲ့အမိန့်ချထားသူတွေက ၁၈ ယောက် လွတ်တယ်၊ ပုသိမ်၊ ကျုံပျော်၊ ကျောင်းကုန်းမြို့နယ်က သူတွေ လွှတ်တာ၊ အခု လွှတ်ငြိမ်းပေးသူတွေက လွှတ်ခါနီးသူတွေ”လို့  ပြောပါတယ်။

ပုသိမ်အကျဥ်းထောင်မှာ ပုဒ်၅၀၅-က နဲ့  ထောင်ဒဏ် ၃ နှစ်အမိန့်ချမှတ်ခံထားပြီး ပြန်လွတ်လာသူတွေထဲမှာ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၂ ဦးပါဝင်ကာ ၊ ပုသိမ်က ၃ ဦး ၊ကျုံပျော်က ၆ ဦး၊ ကျောင်းကုန်းမှ ၉ ဦးတို့ဖြစ်ကြပြီး  အမျိုးသမီး၂ဦးကတော့ ပုသိမ်နဲ့ ကျုံပျော်က ဖြစ်ပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ အကျဥ်းကျခံနေတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသား ၂,၁၅၃ ဦးကို စစ်ကောင်စီက  ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးကြောင်း ဒီကနေ့မနက် ကြေ ညာခဲ့တာဖြစ်ပါတယ်။ DVB

အကြမ်းဖက် စစ်ကောင်စီက သေဒဏ် ချမှတ်ထားသည့် အကျဉ်းသား/အကျဉ်းသူ ၃၈ ဦးကို ထောင်ဒဏ် တစ်သက်သို့ ပြောင်းလဲကျခံရမည်ဟု ကြေညာ

အကြမ်းဖက် စစ်ကောင်စီက သေဒဏ် ချမှတ်ထားသည့် အကျဉ်းသား/အကျဉ်းသူ ၃၈ ဦးကို ထောင်ဒဏ် တစ်သက်သို့ ပြောင်းလဲကျခံရဟု ယနေ့တွင် ကြေညာခဲ့သည်။

စစ်ကောင်စီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ အကျဥ်းထောင် အသီးသီးတွင် သေဒဏ် ပြစ်ဒဏ် ချမှတ်ထားသူ ၃၈ ဦးကို ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် အဖြစ် သေဒဏ်ပြစ်ဒဏ်မှ ထောင်ဒဏ် တစ်သက်သို့‌ ပြောင်းလဲလိုက်သည်ဟု အကြမ်းဖက် စစ်ကောင်စီ၏ ကြေညာချက်တွင် ပါရှိသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP ထုတ်ပြန်ထားသည့် စာရင်းများအရ အကြမ်းဖက် စစ်ကောင်စီ အာဏာ သိမ်းယူသည့် အချိန်မှစ၍ သေဒဏ် ချမှတ်ခံထားရသူ ၁၅၄ ဦးရှိကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ ကဆုန်လပြည့်နေ့တွင် ပုဒ်မ ၅၀၅ က နှင့် ထောင်ဒဏ်ချမှတ်ထားသူ ၂၁၅၃ ဦးကို လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်ထားသော်လည်း ပြန်လည် ဖမ်းဆီးမှုများရှိ​ကြောင်း သိရသည်။ khit thit

ပုသိမ်ထောင်မှ နိုင်ငံရေးအကျဥ်းသား ၁၈ ဦး ပြန်လည်လွတ်မြောက်

ဧရာဝတီတိုင်း၊ပုသိမ်မြို့၊ ပုသိမ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားများအနက် ၁၈ ဦးသည် ယနေ့ နေ့လယ်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ကဖြင့် အကျဥ်းကျခံနေရသည့် နိုင်ငံရေးအကျဥ်းသား ၁၆ ဦးနှင့် အကျဥ်းသူ နှစ်ဦးကို ယနေ့ မေလ ၃ ရက်၊ နေ့လယ်ပိုင်းတွင် စစ်ကောင်စီက ပြန်လွှတ်ပေးခြင်းဖြစ်သည်။

လွတ်မြောက်လာသူများမှာ လွတ်ရက်စေ့ရန် လပိုင်းသာလိုတော့သည့် ပုသိမ်မြို့မှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ ကျောင်းကုန်းမြို့မှ အမျိုးသား ကိုးဦး၊ကျုံပျော်မြို့မှ အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်သည်ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြော သည်။

“ထောင်ကပြန်လွတ်ဖို့ လပိုင်းလောက်ပဲ လိုတော့တဲ့သူတွေကို ပြန်လွှတ်ပေးတာပါ။လွတ်ဖို့ တစ်နှစ်နဲ့ တစ်နှစ်အထက်ကျန်တဲ့သူတွေကို လွှတ်မပေးဘူးလို့သိရတယ်”ဟု ၎င်းကပြောသည်။

လွတ်မြောက်လာသူများအား နိုင်ငံရေး၊တော်လှန် ရေး ၊ NUG ၊ PDF စသည့်အဖွဲ့အစည်းများနှင့် ပတ်သက်ခြင်းမပြုရန် ခံဝန်လက်မှတ်ထိုးခိုင်းပြီးမှသာ အကျဥ်းဦးစီးတာဝန်ရှိသူများနှင့် ဧရာဝတီတိုင်း စစ်ကောင်စီအဖွဲ့ဝင်များက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူကပြောသည်။

စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူ ၂၁၅၃ ဦးကို ပြန်လွှတ်ပေးမည်ဟု ယနေ့ နံနက်ပိုင်းက ကြေညာပြီးနောက် လွတ်ရက်နီး နိုင်ငံရေးအကျဥ်းသားများ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ပုသိမ်အကျဥ်းထောင်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၄၀၀ ခန့်ရှိနေကြောင်း သိရသည်။

စစ်တပ်က နိုင်ငံတော် အာဏာသိမ်းပြီးချိန်မှယမန်နေ့ မေလ ၂ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၁,၈၀၇ ဦးရှိပြီး ၁၇,၈၉၇ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၅,၈၃၉ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း-AAPP က မေလ ၂ရက်တွင် သတင်းထုတ်ပြန်ထား သည်။ mizzima

ကလေးပင်မသပိတ်အဖွဲ့ဝင်များ၏ မိသားစုဝင်အချို့ ပြန်လွတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်အင်အားစုက သပိတ်အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးလိုက်ပေမဲ့ မိသားစုဝင်တဦး ကျန်ရှိနေသေးတယ်လို့ ကျန်ရှိခဲ့တဲ့ သပိတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သပိတ်အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တချို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းက တသုတ်ချင်းစီ အာမခံနဲ့ ပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပြီး ပင်မသပိတ်အဖွဲ့ဝင် မကျင်ဒိတ်ကင်ရဲ့ မိခင်ကိုတော့ ပြန်လည်လွှတ်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ သပိတ်အဖွဲ့ဝင်နဲ့ နီးစပ်သူတဦးက “မကျင်ရဲ့အမေကတော့ ပြန်မလွတ်သေးဘူး။ ကျန်တဲ့မိသားစုဝင်တွေက လွတ်ပြီးကြပြီ။ သူတို့ကိုတော့ ဒကစထဲမှာပဲ စစ်ဆေးဖမ်းထားတာ။ ဖမ်းခံရတဲ့အဖွဲ့ဝင်တွေကတော့ ရဲစခန်းနဲ့ အချုပ်ထောင်ကို ရောက်သွားကြပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့က ကလေးပင်မသပိတ်အဖွဲ့ဝင် ကိုသန်းစိုးဦး၊ ကိုမျိုးကိုဝင်း၊ မနှင်းစံနဲ့ မကျင်ဒိတ်ကင်တို့ဟာ တော်လှန်သင်္ကြန်သပိတ်ပြုလုပ်စဉ် စစ်ကောင်စီပတ်ကင်းနဲ့ တွေ့ဆုံကာ ဖမ်းဆီးခံခဲ့ရပြီးနောက် ညနေပိုင်းမှာ နေအိမ်တွေကို ချိတ်ပိတ်ပြီး မိသားစုဝင် ၁၀ ယောက်ကျော်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့တာပါ။

သပိတ်အဖွဲ့ဝင်တွေ ဖမ်းဆီးခံရပြီး ၃ ရက်အကြာ ဧပြီ ၁၉ ရက်နေ့မှာတော့ သပိတ်အဖွဲ့ဝင် ကိုဗိုက်ပူ၊ မပွားလေး၊ မနှင်းစံနဲ့ မကျင်ဒိတ်ကင်တို့ရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက အင်အားအများအပြားနဲ့ JCB မြေတူးစက်တွေနဲ့ ဖြိုဖျက်ခဲ့ပါတယ်။ DVB

မုံရွာ-မန္တလေး အမြန် လမ်းပေါ်ရှိ စွမ်းရည်ထက် ဆီဆိုင်၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိ ခိုက် သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးအမြန်လမ်းမပေါ်၊ မြေနဲကျေးရွာနှင့် မင်းရွာကြားရှိ စွမ်းရည် ထက်ဆီဆိုင်၌ တပ်စွဲထားသော စစ် သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Fighter Brotherhood Guerrilla Army တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မေလ ၂ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က အဆိုပါ အ ထိုင်ချ အကြမ်းဖက် စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး တာဝေးပစ် လက်နက်ကြီးများ (40 mm၊ 60 mm၊ 80 mm၊ 120 mm)၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တာဝေးပစ်လက် နက်ကြီးကျည်များ သည် အကြမ်းဖက်စစ်သားတပ်များ နေထိုင်ရာ ဆီဆိုင်အ တွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အဲစခန်းမှာက စစ်ခွေး ၆၀ နီးပါးလောက်ရှိတယ်၊ ကျနော်တို့က ည ၈ နာရီ ၄၅ မိနစ်လောက်ကနေ စပစ်ကြတာ၊ ဒီနေ့မနက်မှာတော့ ဒဏ်ရာရ စစ်ခွေးတွေကို အိမ်စီးကားနဲ့ ဆေးရုံခေါ်သွားတယ်၊ အနီး အနားက သုဿန်မှာလဲ သင်္ဂြိုလ်သွားတယ်လို့ ဒေသခံတွေက ပြောတယ်၊ မနက်အ စောကြီးဆိုတော့ ကျနော်တို့ တိုက်တုန်းက သေတဲ့ခွေးတွေလို့ ယူဆရပါတယ်၊ ကျနော်တို့တိုက်တဲ့အချိန်မှာလည်း ခွေး ၅ ကောင်ထွက်ပြေးသွားတယ်လို့ သတင်းရတယ်၊ အတိအကျသိရဖို့ကတော့ စုံစမ်းနေတုန်းပါ” ဟု Fighter Brotherhood Guerilla Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်-ဆားလင်းကြီး လက်နက် ကြီး မဟာမိတ်တပ်ပေါင်းစုဝင်အဖွဲ့များ ဖြစ် သည့် BED ငညို ပြည်သူ့ကာကွယ် ရေးအဖွဲ့၊ Salingyi Border Task Force ၊ နယ်စည်းမခြား ဇာမဏီ ပျောက် ကြားတပ်ဖွဲ့၊ မဲမှောင်ပျောက်ကြားတပ်ဖွဲ့၊ ယက္ခညီနောင်ပြောက် ကျားတပ်ဖွဲ့၊ ရိုးမရာဇာ (ရောင်နီဦးတပ်စု)၊ Yinmarbin Fighter Brotherhood Guerrilla Army ၊ တောသားကြီးပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၊ Eagle Defence Force ၊ Arlarwaka ပြည်သူ့ကာကွယ်ရေးတပ် ၊ စွန်ရဲပြည်သူ့ကာကွယ်ရေးတပ် ၊ ချင်း တွင်းညီနောင်ပြောက်ကြားတပ်ဖွဲ့၊ Federal Democratic Revolution Force ၊ သေမင်းတမန် ပြည် သူ့ကာကွယ်ရေးတပ်၊ Brother Defence Force ၊ ပြည်သူအားလုံးရဲ့ PK ၊ ရွှေညီကို အဖွဲ့၊ တောင်ပံနီ အ ထူးပျောက်ကြားတပ်ဖွဲ့ ၊ ချင်း တွင်း ဒိုင်းနမိုက် ၊ Salingyi People Defence Force ၊ ချီဂွေဗားရား၊ Golden Star Force တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

ဘုတ်ပြင်း ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စဖရရုံး တိုက်ခိုက်ခံရ ၁ ဦး သေနတ်ထိမှန်သေဆုံး

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စရဖရုံးကို ယမနေ့ မေလ ၂ ရက်နေ့ နံနက်ပိုင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အမျိုးသား တစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ကောင်စီ တပ်သားများနှင့် ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့များ ရှိရာ စရဖရုံးကို Flying Star Force (ပကဖ) နှင့် PDF တပ်ဖွဲ့များက ပူးပေါင်း၍ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပျူခေါင်းဆောင်လည်းဖြစ် အုပ်ကြီးလည်းဖြစ်သူ တစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ ဒေသခံ တစ်ဦးက “မနေ့ကတော့ မြို့ထဲမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်၊ အုပ်ကြီး တစ်ယောက်တော့ သေသွားတယ်”ဟု ပြော သည်။

အဆိုပါ နှစ်ဖက် အပြန် အလှန်ပစ်ခတ်မှုသည် နံနက် ၇ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်က စစ်ကူရောက်ရှိလာ၍ ၈ နာရီ အချိန်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ အကုန်လုံးပြန်လည် ဆုတ်ခွာခဲ့သည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ပူးပေါင်း တပ်ဖွဲ့က မြို့ထဲ အထိဝင်ပြီး ဝင်ပစ်တာပါ၊ အုပ်ကြီး တစ်ဦး ထိပြီး သေသွားတယ်”လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာ ကွယ်ရေး (ပကဖ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သေဆုံးသွားသည့် ပျူစောထီး ခေါင်းဆောင် အုပ်ကြီးသည် ပြည်ကြီးမဏ္ဍိုင်မြို့က ပျဉ်းမချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်း (အ သက် ၅၅ နှစ်)ဆိုသူ ဖြစ်ကြောင်း သိရသည်။

ယင်း မြို့တွင် ယခင်က မြို့ပြင်မှာသာ နှစ်ဖက် ပစ်ခတ်မှု ရှိခဲ့သော်လည်း အခုအခါတွင် မြို့ထဲအထိ ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ mizzima

« Older Entries