Monthly Archives: May 2023

စလင်း၊ သရက်တော ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ သရက်တောရဲစခန်းကို တိုက်ခိုက်သိမ်းရာ စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးပြီးသေနတ် ၁ လက် သိမ်းဆည်းရရှိ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မေလ ၁၀ ရက် နံနက် ၃ နာရီခန့်က အဆိုပါရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေး တိုင်းတပ်ရင်းများက ပြည်သူ့ကာ ကွယ်ရေးတပ်မတော် PDF မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေး တိုင်းကွပ်ကဲရေး အဖွဲ့ နှင့် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ပူးပေါင်း စစ်ကြောင်းက စစ်ကြောင်း ၄ ကြောင်းခွဲကာ ချဥ်းကပ်ခဲ့ပြီး ကင်းငယ်စစ်ကြောင်းက ရှော့တိုက်ဒုံး ၃ လုံးဖြင့် စတင်ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး တိုက်ပွဲ စသည် နှင့် တပြိုင်နက် စခန်းနောက်ကျောဘက်မှ တာဝန်ယူထားသော ကာဗွန်စစ် ကြောင်းနှင့်တောင်ဘက်မှ ဘုန်းမြတ်အောင်စစ်ကြောင်းတို့မှ စတင်ပစ်ခတ် ကာပစ်ပေးထားကာ ယက္ခညီနောင်စစ်ကြောင်းမှာ စခန်းမျက်နှာစာသို့ ချဥ်းကပ်ကာ စစ်ကြောင်းအသီးသီး တိုက်စစ်ဖွင့်ပြီး ၃နာရီ ၃၀မိနစ် နာရီတွင် စခန်းအတွင်းသို့ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသည်။

စခန်းသိမ်းပိုက်ပြီးနောက် အရာရှိအခန်း ၊ တခြားအခန်း ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆိုင်ကယ် ၆ စီး ကျော် မီးရှို့ခဲ့ပြီး RC နှစ် ထပ်တိုက် အပေါ်ထပ်သို့ ဝင်ရောက်ရှင်းလင်းချိန် အခန်းထောင့်တွင် ကျန်နေ သော အကြမ်းဖက်စစ်သား၊ ရဲများနှင့် ထိတွေ့မှု ဖြစ်ကာ ပြည်သူ့ကာကွယ် ရေး ရဲဘော် ၃ ဦးကျဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား နှင့် ရဲ ၁၂ ဦး သေဆုံးပြီး G3 ၁ လက် ၊ကျည်ဘောက် ၂ ခု G3ကျည် ၁၅ တောင့် ၊ Dell လက်တော့ ၁ လုံး ၊ USB memory stick ၂ ခု ၊ ဖုန်းလိုင်းဖြတ် Jammer ၁ ခု ၊ စကားပြောစက် Antenna ၂ ချောင်း ၊ equipment ၂ ခု ၊စစ်ဖိနပ် ၁ ရံ၊ ဘဏ်စာအုပ် ၁ အုပ် ၊ ပိုက် ဆံအိတ် ၂ လုံး ၊ ဒုရဲအုပ် မှတ်ပုံတင်နှင့် ရဲလက်မှတ် ၊ငွေ ၇၀,၅၀၀ ကျပ်တို့ကို သိမ်းဆည်းကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် ၄ နာရီခန့်တွင် ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ khit thit

သေဒဏ် ချမှတ်နိုင်သည့် လက်နက်ဥပ​ဒေကို စစ်​ကောင်စီ ​ခေါင်း​ဆောင် လက်မှတ်​ရေးထိုး ပြဋ္ဌာန်း

စစ်​ကောင်စီ၏ တရားရုံးတွင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက အများဆုံး သေဒဏ်အထိ ချမှတ်နိုင်သည့် လက်နက်ဥပ​ဒေကို အာဏာသိမ်းစစ်​ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က ​မေလ ၁၁ ရက်​နေ့က လက်မှတ်​ရေးထိုးပြဋ္ဌာန်းခဲ့သည်။

အခန်း ကိုးခန်းပါဝင်သည့် အဆိုပါ ဥပ​ဒေတွင် တားမြစ်ချက်များနှင့်ပတ်သက်ပြီး ​ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုအလိုက် ထောင်ဒဏ် အ နည်းဆုံး ​သုံးလမှ အများဆုံး ​​ထောင်ဒဏ် တစ်သက်ဖြစ်​စေ၊ ​သေဒဏ်ဖြစ်​စေ ချမှတ်နိုင်​ရန် ပြဋ္ဌာန်းထားသည်ကို ​တွေ့ရသည်။

လက်ရှိတွင် ပျူ​စောထီးများအပါအဝင် အများစုမှာ စစ်​ကောင်စီထံတွင် လိုင်စင်မ​လျှောက်ဘဲ ​သေနတ်ကိုင်​ဆောင်​နေသည့်အတွက် စစ်​ကောင် စီက ၎င်းတို့ဘက်မှ လူများကို ​ပြန်လည်ခြောက်လှန့်ရန် ဥပ​ဒေထပ်မံပြဋ္ဌာန်းခြင်းဖြစ်​ကြောင်း အဆိုပါ ဥပ​ဒေနှင့် ပတ်သက်ပြီး တရားလွှတ်​​​တော်​ရှေ့​နေတစ်ဦးက သုံးသပ်သည်။

“သူတို့က ထပ်ပြီး​တော့ ​ခြောက်လှန့်တာ​ပေါ့​နော်။ PDF ​တွေကို အ​ယောင်ပြပြီး သူတို့(စစ်​ကောင်စီ) လူ​တွေကို ပြန်မနိုင်​တော့၊ ရှင်းရှင်း​ပြောရရင်​တော့ မနိုင်​တော့ဘူး​ပေါ့ဗျာ၊ သူတို့က ဓားပြတိုက်တယ်၊ လူသတ်တယ်၊ မုဒိမ်းကျင့်တယ်၊ မီးရှို့ အဲ့တာမျိုး​တွေ လုပ်လာတဲ့အခါမှာ ပျူ​တွေကဆိုရင်လည်း အဲ့တာ ​ရောလုပ်လာတယ်။ ဓားပြတိုက်တာ​တွေ ​ရောလုပ်လာတယ်။ သူတို့ထိန်းချုပ်ရတာ ခက်လာတယ်။ ထို့နည်းတူပဲ သူတို့(စစ်​ကောင်စီ) ဘက်က အကျအဆုံး​တွေကလည်း ​တော်​တော်များလာတယ်။ အသတ်ခံရတာ​တွေနည်းနည်းလည်း စိတ်လာတယ်​ပေါ့ ။ အဲ့တာကို ​ခြောက်တဲ့အ​နေနဲ့ ​သေဒဏ်အထိချနိုင်တယ်ဆိုပြီး​တော့ လုပ်တာ​ပေါ့” ဟု ၎င်းက​ပြောသည်။

စစ်​ကောင်စီ၏ ဥပ​​ဒေသစ်တွင် လက်နက်ကိုင်​ဆောင်ခွင့်နှင့်ပတ်သက်ပြီး တားမြစ်ချက်ပုဒ်မ ရှစ်ခုပါဝင်ပြီး ယင်းတားမြစ်ချက်များကို ​ဖောက်​ဖျက်ကျူးလွန်ပါက ပြစ်ဒဏ်အဖြစ် သတ်မှတ်ထားသည့် ပုဒ်မ ၁၀ ခု ပါဝင်သည်ကို ​တွေ့ရသည်။

အဆိုပါ ဥပ​ဒေမှာ လက်နက်ကိုင်​ဆောင်ခြင်းနှင့်လက်နက်ကိုင်​​ဆောင်ကျူးလွန်သည့်ပြစ်မှုများကို တားဆီးရန်နှင့် တရားမဝင်လက်နက်ကိုင်​ဆောင်ခြင်းကို တားဆီးရန်တို့အတွက်လည်းဖြစ်​ကြောင်း စစ်​ကောင်စီက ဆိုထားသည်။

နိုင်ငံ​တော်ပိုင် လက်နက် သို့မဟုတ် ဥပ​ဒေအရ ကိုင်​ဆောင်ခွင့်ရှိသူပိုင် ​သေနတ်ကို ဖြစ်​စေ၊ ခဲယမ်းကို ဖြစ်​စေ ခိုးယူခြင်း၊ ​ရောင်းချခြင်း၊ လွှဲ​ပြောင်း​ပေးအပ်ခြင်း၊ လုယူခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ရန် အားထုတ်ခြင်းပြုလုပ်ပါက အနည်းဆုံး ​ထောင် ၁၀ နှစ်မှ အများဆုံး ​ထောင်ဒဏ်တစ်သက်အထိဖြစ်​​စေ၊ ​သေဒဏ်ဖြစ်​စေ ချမှတ်နိုင်သည်ဟုလည်း စစ်​ကောင်စီက ထည့်သွင်း ပြဋ္ဌာန်းထားသည်။

ခွင့်ပြုမိန့်၊ လိုင်စင်မရှိဘဲ လက်နက်ကိုင်​ဆောင်ခြင်း၊ သယ်ယူခြင်း၊ လက်ဝယ်ထားခြင်း၊ လက်နက်တစ်ခုခုကို ထုတ်လုပ်ခြင်း၊ အသွင်​ပြောင်းခြင်း၊ ​ရောင်းချခြင်း၊ သို​လှောင်ခြင်း၊ ​ရောင်းရန်ကမ်းလှမ်းခြင်း သို့မဟုတ် ​ရောင်းချရန်ခင်းကျင်းပြသခြင်းတို့ ပြုလုပ်ပါကလည်း ​ထောင်ဒဏ် အနည်းဆုံး တစ်နှစ်မှ အများဆုံး ငါးနှစ်အထိ ချမှတ်နိုင်​ကြောင်း ​ဖော်ပြထားသည်။

လက်ရှိတွင် စစ်​ကောင်စီက တရားမဝင်ကိုင်​ဆောင်ထားသည့် လက်နက်ခဲယမ်းများကို လိုင်စင်​လျှောက်ရန် ​မေလ ၉ ရက်​နေ့က ထုတ်ပြန်ခဲ့ပြီး သီးခြားထုတ်ပြန်​ပေးမည့် သတ်မှတ်ကာလအတွင်း လက်နက်ခဲယမ်းအပ်နှံပြီး လိုင်စင်​လျှောက်ထားခြင်းမရှိပါက ​ဖော်ထုတ်ဖမ်းဆီးပြီး ထိ​ရောက်စွာ အ​ရေးယူမည်ဟု ​ခြိမ်း​ခြောက်ပြောဆိုထားသည်။ mizzima

ဘီးလင်းမြို့နယ်ရှိ စစ်တပ်၏ မဲပလီစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စကခ ၈ လက်အောက်ခံ မဲပလီစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့‌ မေလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ စကခ ၈ လက်အောက်ခံ မဲပလီစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် စခန်း အတွင်းသို့ ထိမှန် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ဗုံးအားလုံး ကွဲပါတယ်၊ စခန်းအတွင်းကို တည့်တည့်မတ်မတ်ကျကွဲခဲ့ပါတယ်။ ခွေးသေထိခိုက်တာ တော့ ကနဦးသတင်းဖြစ်နေလို့ အတိ အကျ မသိရသေးပါဘူး” ဟု သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်းအားစု – TPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်းအားစု – TPDF ၊ KNU/ KNLA ၊ TPDF၊ PDF ၊ KRF ၊ PPDF-KD ၊ Ygn Eagle Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

KNU နယ်မြေများတွင် ဧပြီလအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၃၀၀ ကျော်ကျူးလွန်

ကရင်အမျိုးသားအစည်းအရုံး( KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေများတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း စစ်ကောင်စီတပ်က လူ့အခွင့်အ ရေးချိုးဖောက်မှု အကြိမ်ရေပေါင်း ၃၁၀ ထက်မနည်း ကျူးလွန်ခဲ့ကြောင်း KNU က ယနေ့ မေလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

KNU အုပ်ချုပ်နယ်မြေများအတွင်း စစ်ကောင်စီတပ်များသည် နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုများ ပိုမိုတိုးချဲ့ လုပ်ဆောင်လာပြီး လူ့အခွင့်အရေးချိုးဖောက်မှု အမြောက်အမြားကိုလည်း ကျူးလွန်လျက်ရှိသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီလအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် အရပ်သားပစ်မှတ်များအား စစ်ကောင်စီတပ်က ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုအကြိမ်ရေ ၃၁၀ ကျော်တွင် လေယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ အကြောင်းမဲ့သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ရွာသားများအားဖမ်းဆီး၊ သတ်ဖြတ်ခြင်း အစရှိသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစား ၁၁ မျိုးပါဝင်သည်။

စစ်ကောင်စီ​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း KNU နယ်မြေများတွင် နေထိုင်သည့် ဒေသခံပြည်သူ ၁၄ ဦးသေဆုံးခဲ့ရပြီး ၆၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဒေသခံ ၁၈ ဦး စစ်ကောင်စီတပ်​၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း KNU ကဆိုသည်။

ဒါ့အပြင် ဧပြီလအတွင်း စစ်ကောင်စီတပ်​​၏ ပြည်သူလူထုများအားပစ်မှတ်ထား၍ လူနေကျေးရွာများနှင့် လုပ်ကိုင်စားသောက်သော လုပ်ငန်း ခွင်များအတွင်း လေကြောင်းမှ ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ နေအိမ်များအား ဖျက်ဆီးမှုတို့ကြောင့် KNU နယ်မြေများရှိ ဒေသခံနေအိမ်ပေါင်း ၅၂၉ လုံးခန့် ပျက်စီးခဲ့ရပြီး ဘာသာရေးအဆောက်အအုံ ခြောက်လုံး၊ စာသင်ကျောင်း သုံးလုံး၊ ဆေးပေးခန်း နှစ်လုံးအပြင် ပြည်သူပိုင်အဆောက်အဦ ၁၃ လုံး ထိမှန်ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်​၏ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသူနှစ်ဦးရှိပြီး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ၍ သေဆုံးခဲ့ရသည့် ဒေသခံ လေးဦးရှိကြောင်း ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း KNU အုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ ၄၀၀,၀၀၀ ကျော်အထိ ရှိနေပြီး ထိုစစ်ဘေးရှောင်များသည် စားနပ် ရိက္ခာမလုံလောက်မှု၊ အမိုးအကာ မလုံလောက်မှု၊ ဆေးဝါးမလုံလောက်မှု ပြဿနာများအား ကြုံတွေ့နေရပြီး ထိုစစ်ဘေးရှောင်ပြည်သူများအ တွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း သိရသည်။ mizzima

ရခိုင်ဒေသခံတစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနိုင်ခဲ့ဟု AA ပြော

မိုခါအမည်ရ အလွန်ပြင်းထန်သော အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းကျရောက်မည့် အန္တရာယ်မှကင်းလွတ် ရေး ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်နေရာ ယခုလ ၉ ရက်နေ့မှစ၍ ငါးရက်တာအတွင်း ရခိုင်ပြည်နယ် ရှိ လူပေါင်းတစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိ သူက ပြောသည်။

မေလ ၉ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင် စသည့် မြို့နယ် များမှ ဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်းနိုင်ရေး ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကာ ယနေ့အထိ စုစုပေါင်း ၁၀၁, ၉၉၉ ဦးကို ရွှေ့ပြောင်းပေးနိုင်ခဲ့သည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဆိုသည်။ 

“ကျွန်တော်တို့သပ်သပ် အကူအညီပေးတာတော့ မဟုတ်ဘူး။ ဒေသခံရွာသားတွေနဲ့ပေါင်းပြီးတော့ စားရေး သောက်ရေး၊ နေရေးထိုင်ရေးကိစ္စတွေကို စီစဥ်ဆောင်ရွက်ပေးနေတာဖြစ်တယ်” ဟု ၎င်းက ယနေ့ (မေ ၁၃) တွင် Myanmar Now ကိုပြောသည်။

ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က ဖွဲ့စည်းပေးထား သည့် မုန်တိုင်းဘေးအန္တရာယ်ကူညီရေးအဖွဲ့များဖြင့် ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ရေး ကူညီ ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။

“မုန်တိုင်းမရောက်လာခင် မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံစားရနိုင်တဲ့ မြေနိမ့်ပိုင်းဒေသက ပြည်သူတွေကို ဘေးကင်းလုံခြုံတဲ့နေရာကို အာရက္ခပြည်သူ့အစိုးရရဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရွှေ့ပြောင်းပေးနေ ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။ 

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် အလွန်ပြင်းထန်သော မုန်တိုင်းအဖြစ် ဘင်္ဂလားဒေ့်ရှ်နိုင်ငံ Cox’s Bazar ဒေသနှင့် ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့ကြား၊ စစ်တွေမြို့အနီး မှ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနနှင့် နိုင်ငံတကာ သဘာဝဘေးအန္တရာယ် စောင့်ကြည့်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင် စသည့်မြို့နယ်များကို ဘေးအန္တရာယ် ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့် သတ်မှတ်ကြောင်း စစ်ကောင်စီက ယမန်နေ့ (မေ ၁၂) ညပိုင်းတွင် ထုတ်ပြန်သော်လည်း ဒေသခံမည်မျှကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိ သေးပေ။

မုန်တိုင်းအန္တရာယ်ကြောက်လန့်၍ မိမိအစီအစဥ်ဖြင့်သာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးပင် ဆောင်ရွက်ပေးခြင်း မရှိကြောင်း ရခိုင်ဒေသခံတို့က ဆိုသည်။

မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းပေါ်ရှိ စစ်တွေမြို့၌ ယနေ့ နံနက်ပိုင်းအထိ ဒေသခံအများအပြား ကုန်တင် ကားကြီးများဖြင့် ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်သည်။ စစ်တွေမြို့အထွက်ရှိ အဝေးပြေး ကားကြီးဝင်းမှ တဆင့် ကုန်တင်ကားကြီးများဖြင့် ထွက်ခွာနေကြကာ သက်ကြီးရွယ်အိုများ၊ အမျိုးသမီး နှင့် ကလေးငယ်များ ပါဝင်သည်ကို တွေ့ရသည်။

စစ်တွေမြို့တွင် ဒေသခံအများစုမှာ ကုန်းမြင့်ပိုင်းနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး အချို့သော ဒေသခံများမှာ စစ်တွေ၌မနေရဲသော ကြောင့် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များသို့ ထွက်ပြေး နေကြသည်။​

“ကျွန်တော်တို့က အောင်တိုင်ကျေးရွာကပါ။ ပင်လယ်နဲ့လည်းနီးပါတယ်။ စစ်တွေမှာလည်းမနေရဲတော့ ကျောက် တော်ဘက်မှာ နေမလို့သွားမှာပါ။ ရွာကလူတွေလည်း အကုန်လုံးထွက်ပြေးကုန်ပါပြီ။ အားလုံး စိုးရိမ်နေကြပါတယ်” ဟု စစ်တွေမြို့နယ် အောင်တိုင်ရွာမှ အသက် ၂၅ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ 

လက်ရှိ၌ ရခိုင်ပြည်နယ်အတွင်း လေကြောင်းလိုင်းများ အပါအဝင် အဝေးပြေးယာဉ်လိုင်းများနှင့် ရေယာဉ်လိုင်းများ ပိတ်ထားပြီဖြစ်ကာ စစ်တွေ့မြို့၌ မြို့မစျေးကြီးအပါအဝင် စျေးဆိုင်ငယ်များ ပိတ်သိမ်းထားသည်ကို တွေ့ရသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကျရောက်မည်ဟု ခန့်မှန်းထားသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ မတိုက်ခတ်မီ လူပေါင်း ၄ သိန်းကျော်ကို တစ်လကြာပံ့ပိုးနိုင်သည်အထိ လုံလောက်သော စားနပ်ရိက္ခာများ ကြိုတင်နေရာချ ထားပြီးဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ယနေ့ ထုတ်ပြန်သည်။

မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲ၍ အရေးပေါ်အခြေအနေတွင် တုံ့ပြန်ဆောင်ရွက်နိုင်ရေး စားနပ် ရိက္ခာ၊ ကယ်ဆယ်ရေးအထောက်အပံ့၊ မော်တော်ယာဉ်များနှင့် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းကိရိယာ များကို ကြိုတင်နေရာချထားလျက်ရှိသည်ဟု ဆိုသည်။​

“ကျွန်မတို့ WFP အနေနဲ့ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိသလို အကောင်းဆုံးဖြစ်လာနိုင်ဖို့ လည်း မျှော်လင့်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့လမ်းကြောင်းဟာ ပဋိပက္ခနှင့် ဆင်းရဲမွဲတေမှုကို ခံစားနေရပြီး ခံနိုင်စွမ်းအားနည်း တဲ့ဒေသတွေဆီကို ဦးတည်နေပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေ ကိုယ်စားလှယ် Sheela Matthew က ပြောသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလအတွင်းက ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဂီရိမုန်တိုင်း သည် ရခိုင်ပြည်နယ်တောင်ပိုင်းကို အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီ မိုင် ၁၂၀ ဖြင့် ဖြတ်ကျော်ဝင်ရောက် ခဲ့ရာ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရသည်။ myanmar now

ဆွာမြို့၊ ရှမ်းရွာ ရာအိမ်မှူး ဦးသန်မြိုင် ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ရှမ်းရွာ ရာအိမ်မှူး ဦးသန်မြိုင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့​ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

မေလ ၁၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဆွာမြို့၊ ရှမ်းရွာတွင် ရာအိမ်မှူးအဖြစ် ဆောင်ရွက်သူ ဦးသန်မြိုင်ကို ပြည်သူ့ ကာကွယ်ရေး အဖွဲ့ဝင် ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် လာရောက် ပစ်ခတ် သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသွားသော ဦးသန်မြိုင်သည် ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူးအဖြစ်လည်း ဆောင်ရွက်နေသူ ဖြစ်ကြောင်း ဒေသပြည်သူများ ပြောကြားချက်အရ သိရသည်။ khit thit

မြဝတီ၊ ဝေါ်လေမြိုင် ဗျူဟာကုန်းနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါ်လေမြိုင်ဗျူဟာကုန်းနှင့် ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း KNDO တပ်ရင်း ၈ Dron အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြဝတီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဝေါ်လေမြိုင် ဗျူဟာကုန်း၊ ဝေါ်လေမြိုင်မြို့ ရဲစခန်းတို့ကို KNDO တပ်ရင်း ၈ Dron အဖွဲ့နှင့် Fedral Wings ပူးပေါင်း တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု အတွင်း ဗျူကုန်းရှိ လက်နက်ကြီး တပ်စွဲထားရာ နေရာနှင့် ရဲစခန်းအဆောက်အအုံ၊ ဂိတ်တဲတို့ကို ထိမှန်ခဲ့​ပြီး စစ်သား ၂၀ ဦး ထိ ခိုက်သေဆုံးခဲ့​ကြောင်း သိရှိရသည်။

” ဗျူဟာကုန်းနဲ့ ရဲစခန်းကို ဗုံးကျဲတာ ထိခိုက် သေဆုံး ခန့်မှန်းခြေ ၂ဝ ဦး ရှိတယ်။ ဗျူဟာကုန်း လက်နက်ကြီးရှိတဲ့ နေရာကို အတိအကျပဲ ထိတယ်။ ရဲစခန်းလဲ အဆောက်အအုံနဲ့ ဂိတ်ထဲ အတိအကျ ထိမှန်ခဲ့တယ်။ စစ်ခွေးတွေ ဘက်က ရမ်းပစ်တာတော့ရှိတယ်” ဟု KNDO တပ်ရင်း ၈ Dron အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

ထီးချိုင့်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်း ဆီးရမိ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ တရားမဝင်သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး အများအပြားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၁၁ ရက် ညနေ ၅ နာရီခွဲက ဖမ်းဆီးရမိထားတယ်လို့ ထီးချိုင်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေထံက သိရပါတယ်။  

မူးယစ်ဆေးတွေဟာ ရှမ်းပြည်တောင်ပိုင်းကနေ သယ်‌ဆောင်လာတာဖြစ်ပြီး မြစ်ကြီုးနားမြို့ကို ပို့ဆောင် ဖြန့်ဖြူး‌ရောင်းချဖို့ ဖြစ်တယ်လို့လည်း သယ်ဆောင်လာသူတွေက ပြောတယ်လို့ ဆိုပါတယ်။ 

ထီးချိုင့်မြို့နယ် ပကဖ တာဝန်ရှိသူ တဦးက “လူ ငါးယောက် ဆိုင်ကယ် ငါးစီးနဲ့သယ်လာတာကို ရှောင်တခင် စစ်ဆေးရာကတွေ့တာ။ ကာလတန်ကြေးနဲ့ဆိုရင် သိန်းပေါင်း ခြောက်ထောင် ကျော်ရှိမယ်။ ဘိန်းဖြူတွေပါ။ အရေအတွက်နဲ့ ဆိုရင် ဆပ်ပြာခွက် ၆၆၀ ခွက် ဖမ်းမိတာပါ။ မြို့နယ်ပလဖအဖွဲ့ထံ တရားဝင် လွှဲပြောင်း အပ်နှံထားပါတယ်”လို့ ပြောပါတယ်။ 

မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့သူတွေဟာ‌ မုံးကိုးမြို့နယ်နေ မောင်လခမ်း (၂၃ နှစ်)၊ မောင်ခေါင်ဟောင်း (၂၉) နှစ်၊ မောင်လွမ်းချင်း (၃၃ နှစ်)၊ လားရှိုးမြို့နယ်နေ မောင်ဇော်ဆိုင်း (၂၅ နှစ်)နဲ့ မောင်အောင်မြင်အသက် (၂၅ နှစ်)တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

မူးယစ်ဆေးဝါး သယ်ဆောင်လာသူများကို  NUG အစိုးရရဲ့ တရားဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ထီးချိုင်နယ်ပလဖ တာဝန်ရှိသူက ပြောပါတယ်။ DVB

« Older Entries