ကန့်ဘလူရှိ ရွာ ၈ ရွာ စစ်တပ်က မီးရှို့၊ ပြည်သူ ၁၁ ဦးကိုဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း မေလ ၁ ရက်နေ့ မှ ၁၂ ရက်နေ့ အထိ ၁၂ ရက်တာကာလအတွင်း ကျေးရွာ ရှစ်ရွာမှ နေအိမ်ပေါင်း ၁၇၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပြည်သူ ၁၁ ဦးလည်းဖမ်းဆီး ခံထားရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန် ကြေညာထားသည်

စစ်ကောင်စီလက်အောက်ခံ ခမရ(၃၆၁)တပ်မှ စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ကန့်ဘလူခရိုင် ဇီးကုန်တိုက်နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ဖိုလ်ကုန်း ကျေးရွာ မှ နေအိမ် ၃၁လုံး၊ ထောက်ရှာအိုင် ကျေးရွာမှ နေအိမ် ၈၃ လုံး နှင့် ခအုံးတာ ကျေးရွာမှ နေအိမ် ၁၃ လုံးတို့ကိုအ ကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ထောက်ရှာအိုင် ကျေးရွာမှ အပြစ်မဲ့ ပြည်သူ ၁၁ ဦးကိုလည်း ဖမ်းဆီးသွားပြီး ယခုအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ကာဘိုးတိုက်နယ် အခြေစိုက် ခမရ (၃၆၈)တပ်သည်လည်း ကန့်ဘလူခရိုင် ကာဘိုးတိုက်နယ်အတွင်းရှိ သိုးဘိုး ကျေးရွာမှ နေအိမ် ၁၅ လုံးနှင့် ချင်မြစ်ကျင်းကျေးရွာမှ နေအိမ် ငါးလုံးတို့ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက်ခေါင်းကျေးရွာနှင့် ဖလံချိုင်ကျေးရွာ များရှိ နေအိမ်များကို ခမရ (၃၆၁) နှင့် ခမရ (၃၆၈) တပ် နှစ်ခုပေါင်းပြီး ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ သရက်ခေါင်းရွာမှ နေအိမ် ငါးလုံး နှင့် ဖလံချိုင်ရွာမှ နေအိမ် ၂၆ လုံး မီးလောင်ပျက်စီးခဲ့သည်။

ယင်းအပြင် ညောင်ပေါင်ရင်း ကျေးရွာကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးများက ဝင်ရောက်မီးရှို့ခဲ့ရာ ပျက်စီး ဆုံးရှုံးမှုကို မသိရသေးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြထားသည်။

စစ်ကောင်စီတပ်များသည် မေလ ၁ ရက်နေ့ မှ စတင်ကာ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများကို ရွာစဉ်လှည့် စစ်ကြောင်းထိုးမီးရှို့နေသော ကြောင့် ဒေသခံပြည်သူ ၂၀,၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s