စက်သုံးဆီအရောင်းဆိုင်များတွင် မီးစက်အ တွက် ဆီဝယ်လိုပါက မီးစက်ပါသယ်လာခိုင်းပြီးမှ ဆီရောင်းပေး

ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် မီးစက်အတွက် ဆီဝယ်ယူလိုပါက မီးစက်ပါ သယ်လာခိုင်းပြီးမှသာလျှင် ဆီရောင်းချပေးကြောင်း ရန်ကုန်မြို့ ပြည်သူတချို့က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် လုံလောက်စွာ လျှပ်စစ်မီးမပေးနိုင်သည့် အတွက် ပြည်သူအများစုမှာ မီးစက်များ၊ အင်ဗာတာများ၊ ဆိုလာ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားရယူသည့် စနစ်များ တပ်ဆင်နေရကြောင်း၊ အများစုသော ပြည်သူများမှာ စျေးချိုသာသော တရုတ်လုပ် မီးစက်များကို ဝယ်ယူသုံးစွဲကြပြီး ယင်းမီးစက်များဖြင့်ပင် မီးထွန်းကြရကြောင်း၊ မီးစက်အတွက် စက်သုံးဆီ ဝယ်ယူရာတွင် လုံး၀ မလွယ်ကူဘဲ ဆီဆိုင်များကလည်း မီးစက်ပြသမှသာလျှင် စက်သုံးဆီရောင်းပေးကြောင်း သိရှိရသည်။

” လုပ်ငန်းသုံး မီးစက်ကြီးတွေကတော့ သက်ဆိုင်ရာက ထောက်ခံချက်တွေနဲ့ စက်သုံးဆီ ဝယ်ဖို့ ဆီဆိုင်တွေက ရောင်းပေးတယ်။ သာမန်ပြည်သူတွေရဲ့ မီးစက်လေးတွေကျတော့ စက်သုံးဆီဆိုင်တွေက ပုံးနဲ့ သွားဝယ်ရင် ရောင်းမပေးဘူး။ အဲဒီတော့ မီးစက်ကိုပါ ဆိုက်ကားနဲ့တင်ပြီး ဆီဆိုင်မှာ သွားဝယ်ရတယ်။ စက်သုံးဆီ ဝယ်ဖို့က မီးစက်ပါ ပြရတယ်။ မီးစက်အတွက် ဆီရောင်းပေးပါ ပြောလည်း မီးစက်မပါရင် မရောင်းပေးဘူး။ စက်သုံးဆီ ရဖို့ မီးစက်ကို တင်လိုက်၊ ချလိုက်နဲ့ ဆီဆိုင်ကို သွားရတယ်။ တချို့က ဆိုင်ကယ်နဲ့ ဆီဝယ်ပြီး အိမ်မှာ ဆိုင်ကယ်ကနေ ဆီကို ပြန်စုပ်ထုတ်ပြီး မီးစက်ထဲထည့်တယ်။ မီးတွေက မလာ။ မီးစက်အတွက် ဆီက ဝယ်ရတာခက်။ အတော် ဆိုးတဲ့ဘ၀တွေ” ဟု ရန်ကုန်မြို့ခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ ဘင်္ဂလားပင်လယ်အော်အတွင်းမှ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြီးသည် ရခိုင် ကမ်းရိုးတန်း အပါအဝင် ပြည်နယ်/တိုင်း နေရာဒေသအ တော်များများသို့ ဝင်ရောက်ရန်ရှိနေသဖြင့် စစ်ကောင်စီက စက်သုံးဆီ အရောင်းဆိုင်များသို့ ပေးအပ်နေသည့် ဆီခွဲတမ်းများကို လျှော့ချလိုက်ကြောင်း၊ စက်သုံဆီ အရောင်းဆိုင်များကလည်း ဆီရရှိမှု နည်းပါးသည့်အတွက် ရောင်းချမှုအပိုင်းတွင် အကန့်အသတ်များရှိလာနေကြောင်း သိရှိရသည်။

“မုန်တိုင်းအကြောင်းပြ ဆီခွဲတမ်းတွေ လျော့သွားပါတယ်။ ၆ရက်စာ ခွဲတမ်းက ၃ ရက်စာပဲ ရပါတယ်။ Real time သမားတွေ ဖြစ်တဲ့ ခရိုနီဘောမ တစ်အုပ်ပဲ ဆီအဆင်ပြေပါတော့တယ်။ ဆီထုတ်ရက်ကိုလည်း ရက်တိုပဲ ပေးတယ်။ မထုတ် နိုင်ရင် Cancel ဖြစ်ပြီး ခရိုနီ​ဘောမ​တွေက ငါတို့ပဲ ထုတ်လိုက်မယ်ဆိုတဲ့ ပုံစံပဲ ” ဟု စက်သုံးဆီအသိုင်းအ၀ိုင်းက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s