စစ်တွေမြို့ခံများ မုန်တိုင်းလွတ်ရာတိမ်းရှောင်နေဆဲ

ပြင်းထန်သော အပူပိုင်းမုန်တိုင်း မိုခါအန္တရာယ်ကြောင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှ ဒေသခံများ ယနေ့ (မေ ၁၃) နံနက်ပိုင်းအထိ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်သည်။ မုန်တိုင်းလွတ် မည်ဟု ယူဆရသည့် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များသို့ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ထွက်ပြေး တိမ်းရှောင်နေကြခြင်းဖြစ်သည်။

စစ်တွေမြို့အထွက်ရှိ အဝေးပြေးကားကြီးဝင်းမှတဆင့် ကုန်တင်ကားကြီးများဖြင့် တိမ်းရှောင်နေခြင်းဖြစ် ကာ ထွက်ပြေးတိမ်းရှောင်နေကြသူများတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးနှင့် ကလေးငယ်များနှင့် အတူ လူငယ်လူရွယ်များလည်း ပါဝင်သည်ကို တွေ့ရသည်။

ယနေ့နံနက်ပိုင်းတွင် ကုန်တင်ကားအစီးရေ ၁၀ ကျော် ထွက်ခွာသွားပြီဖြစ်ကာ ဆက်လက်စောင့်ဆိုင်းနေသူ များလည်း တွေ့ရသည်။ စစ်တွေမြို့အနီးမှ မုန်တိုင်းဖြတ်ကျော် တိုက်ခတ်မည်ဆို၍ အလွန်စိုးရိမ်ရသဖြင့် အခြားသို့ ပြောင်းရွှေ့ကြခြင်းဖြစ်ကြောင်း၊ အရေးကြီး စာရွက်စာ တမ်းအချို့နှင့် အဝတ်အစားအနည်း ငယ် သာ ယူဆောင်လာနိုင်ကြသည်ဟု ဆိုသည်။ “ဘာမှအစီအစဥ်မရှိဘဲ ထွက်ပြေးလာတာပါ။ ဘယ်မှာနေရ မယ်ဆိုတာလဲ မသိရသေးပါ” ဟု အသက် ၃၀ အရွယ် အမျိုးသမီးတဦးက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် နက်ဖြန် မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဘင်္ဂလားဒေ့်ရှ်နိုင်ငံ Cox’s Bazar ဒေသနှင့် ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့ကြား၊ စစ်တွေမြို့အနီးမှ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင် ရောက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ နိုင်ငံတကာ မိုးလေဝသစောင့်ကြည့်ရေးဌာနများက ခန့်မှန်းထုတ်ပြန် ထားသည်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ရခိုင်ပြည်နယ် စစ်တွေမြို့ အနီးမှ ကုန်းတွင်းပိုင်း ဖြတ်ကျော်ဝင် ရောက်မည်ဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင် စသည့်မြို့နယ်များကို ဘေး အန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင် အဆင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ယမန်နေ့ (မေ ၁၂) ညပိုင်းတွင် ထုတ်ပြန်သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s