နေပြည်တော်တွင် စစ်ကောင်စီက ဘုန်းကြီး ကျောင်း ၇ ကျောင်းကို အတင်းအဓမ္မဖျက်ခိုင်း၊ မိဘမဲ့ကလေး ၈၀ ကျော်ပြုစုစောင့် ရှောက်နေသော ရတနာသိမ်ဖြူဘုန်းတော်ကြီးကျောင်းကိုပါ စစ်တပ်က ဖျက်ခိုင်းနေ

နေပြည်တော်တွင် ဘုန်းကြီးကျောင်းများကို အကြမ်းဖက် စစ်တပ်နှင့် စည်ပင်ပေါင်း၍ အတင်းအဓမ္မဖျက်ခိုင်းနေပြီး မဖျက်သိမ်းပါက အရေး ယူမည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလ ၁၀ ရက်နေ့တွင် နေပြည်တော်ရှိ ဘုန်းကြီးကျောင်း ၄ ကျောင်းထက်မနည်းကို စစ်ကောင်စီက အတင်းအဓမ္မ ဖျက်သိမ်းခဲ့ကြောင်း၊ ထပ် မံ၍ ဖျက်သိမ်းခံရမည့် ဘုန်းကြီးကျောင်းများတွင် ရတနာသိမ်ဖြူကျောင်းပါဝင်ပြီး ယင်းကျောင်းသည် သက်တမ်း ၁၀ နှစ်ကျော်ကာ ကျောင်း သား ၅၀ ကျော်၊ မိဘမဲ့ ကလေး ၃၀ ကျော် ပြုစုပေးနေသည့် ဘုန်းတော်ကြီးကျောင်းဖြစ်ကြောင်း ဒေသပြည်သူက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

“စစ်ကောင်စီက မေလ ၁၀ ရက်နေ့မှာ ဘုန်းကြီးကျောင်း ၄ ကျောင်းကို ဖျက်ပြီးပြီ။ ဓမ္မဒါနကျောင်း၊ အနတ္တဂုဏ်ရည်ကျောင်း၊ မေတ္တာအေး ငြိမ်းကျောင်း၊ နောက်အဖျက်ခံရတဲ့ ကျောင်းတစ်ကျောင်းကတော့ နာမည် မသိဘူး။ ထပ်ဖျက်ဖို့ စစ်တပ်က ခြိမ်းခြောက်နေတဲ့ ဘုန်းကြီး ကျောင်း ၃ ကျောင်းက ရတနာသိမ်ဖြူပရဟိတကျောင်းနဲ့ အခြားဘုန်းကြီးကျောင်း ၂ ခုကို အခု မေလ ၁၈ ရက်နေ့ ဖျက်မယ်ဆိုပြီး စစ်တပ်က လာပြောသွားတယ် “ဟု သံဃာတော်တစ်ပါးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နေပြည်တော်ရှိ ဘုန်းကြီးကျောင်း ၃ ကျောင်းကို မေလ ၂၅ ရက်နေ့တွင် အပြီးဖျက်သိမ်းရန် အကြောင်းကြားပြီးမှ မေလ ၁၈ ရက်နေ့ အပြီး ဖျက်သိမ်းရန် ထပ်မံစာပို့လာကြောင်း၊ နေပြည်တော်တွင် ဘုန်းကြီးကျောင်းများသာမက လူနေအိမ်များကိုပါ ဖျက်သိမ်းမှုများ ပြုလုပ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ဘုန်းကြီးကျောင်းတွေတင်မဟုတ်တော့ဘူး လူနေအိမ်တွေ၊ ရပ်ကွက်တွေပါ ဖျက်တာပေါ့။ အစအနတောင်ရှာမရ။ အိမ်တွေကို အကုန်ဖျက်၊ လူတွေကို အကုန်ကားပေါ်တင်ပြီး တစ်နေရာချပေးခဲ့ကြတာ” ဟု ဒေသပြည်သူတစ်ဦးက လူနေအိမ်များ ဖျက်သိမ်းခံရမှုနှင့် ပတ်သက်၍ ပြောကြားသည်။

နေပြည်တော်တွင် ဘုန်းကြီးကျောင်းများ ဖျက်သိမ်းရာတွင်လည်း နေရာအစား ပြန်ပေးခြင်းများ မရှိဘဲ အတင်းအဓမ္မဖျက်သိမ်းခိုင်းနေခြင်း ဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s