မိုခါဆိုင်ကလုန်း မုန်တိုင်း တစ်နာရီလျှင် လေ တိုက်နှုန်း ၁၂၇ မိုင်နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းသို့ ချည်းကပ်နေပြီး မုန်တိုင်း ဖြတ်ကျော်ချိန် တစ်နာရီလျှင် လေတိုက်နှုန်း ၁၃၈ မိုင်နှုန်းဖြင့် ဝင်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၂၇ မိုင်နှုန်းဖြင့် ဘင်္ဂလားဒေ့ရှ်နှင့်ရခိုင်ကမ်းရိုး တန်းသို့ ချည်းကပ်နေကြောင်း နိုင်ငံတကာ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန သတင်းများက ဆိုသည်။

လက်ရှိ မေလ ၁၃ ရက်နေ့အချိန်တွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၂၇ မိုင်( 110 Knots) ရှိနေပြီး မေလ ၁၄ ရက်နေ့ ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော် ဝင်ရောက်ချိန်တွင် တစ်နာရီလျှင် လေတိုက်နှုန်း ၁၃၈ မိုင်( 120 knots ) ဖြင့် ဝင်ရောက်မည်ဖြစ်ကြောင်း ၊ လေ တိုက်နှုန်းသည် တစ်နာရီလျှင် ၁၆၆ မိုင်နှုန်း ( 145 Knots) အများဆုံး ရှိနိုင်ကြောင်း JTWC Tropical Warnings က ခန့်မှန်းဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ရခိုင် ပြည်နယ်ရှိ မြို့နယ် ၇ ခုကို အန္တရာယ်ကျရောက်နိုင်ခြေ အမြင့်ဆုံး အနီရောင်အဆင့် ဒေသများအဖြစ် ကြေညာလိုက်ပြီး ယင်းမြို့နယ်များမှာ

၁-စစ်တွေမြို့နယ်

၂-ကျောက်ဖြူမြို့နယ်

၃-မောင်တောမြို့နယ်

၄-ရသေ့တောင်မြို့နယ်

၅-မြေပုံမြို့နယ်

၆-ပေါက်တောမြို့နယ်

၇-မာန်အောင်မြို့နယ် တို့ပါဝင်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s