မြဝတီ၊ ဝေါ်လေမြိုင် ဗျူဟာကုန်းနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါ်လေမြိုင်ဗျူဟာကုန်းနှင့် ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း KNDO တပ်ရင်း ၈ Dron အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြဝတီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဝေါ်လေမြိုင် ဗျူဟာကုန်း၊ ဝေါ်လေမြိုင်မြို့ ရဲစခန်းတို့ကို KNDO တပ်ရင်း ၈ Dron အဖွဲ့နှင့် Fedral Wings ပူးပေါင်း တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု အတွင်း ဗျူကုန်းရှိ လက်နက်ကြီး တပ်စွဲထားရာ နေရာနှင့် ရဲစခန်းအဆောက်အအုံ၊ ဂိတ်တဲတို့ကို ထိမှန်ခဲ့​ပြီး စစ်သား ၂၀ ဦး ထိ ခိုက်သေဆုံးခဲ့​ကြောင်း သိရှိရသည်။

” ဗျူဟာကုန်းနဲ့ ရဲစခန်းကို ဗုံးကျဲတာ ထိခိုက် သေဆုံး ခန့်မှန်းခြေ ၂ဝ ဦး ရှိတယ်။ ဗျူဟာကုန်း လက်နက်ကြီးရှိတဲ့ နေရာကို အတိအကျပဲ ထိတယ်။ ရဲစခန်းလဲ အဆောက်အအုံနဲ့ ဂိတ်ထဲ အတိအကျ ထိမှန်ခဲ့တယ်။ စစ်ခွေးတွေ ဘက်က ရမ်းပစ်တာတော့ရှိတယ်” ဟု KNDO တပ်ရင်း ၈ Dron အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s