ရခိုင်ကမ်းရိုးတန်းသို့ ၁ နာရီလျှင် လေတိုက်နှုန်း ၁၃၅ မိုင်ကျော်ဖြင့် မိုခါမုန်တိုင်း ဝင်ရန်ရှိ​သော်လည်း ရခိုင်ဒေသတချို့တွင် ​ပြောင်း​ရွှေ့ရန် သတိ​ပေးမှုကို မလိုက်နာ

ရခိုင်ပြည်နယ်သို့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်နေ့တွင် တစ်နာရီလျှင် လေတိုက်နှုန်း ၁၃၅ မိုင်ကျော်ဖြင့် ဝင်နိုင်​ကြောင်း နိုင်ငံတကာ မိုးဇလ ဌာနများက သတိပေး ခန့်မှန်းထားသည်။

ရခိုင်ပြည်အတွင်းက စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင်မြို့နယ်တို့ကို အန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသည့် ဒေသများအဖြစ် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အနီရောင်အဆင့် သတ်မှတ်ထားသည်။

သို့သော်လည်း ဆိုင်ကလုန်း မုန်းတိုင်းကျရောက်နိုင်သည့် ဒေသများတစ်ချို့ ဒေသခံများသည် လက်ရှိအချိန် အထိပြောင်းရွှေ့နေမှုများ ရှိနေသလို တချို့လည်း မပြောင်းရွှေ့ဘဲ မုန်တိုင်း ဒဏ်ကို ရင်ဆိုင်မည်ဟု ဆုံးဖြတ်ထားကြသည်ကို တွေ့ရသည်။

မိုးဇက သတိပေးချက်များကို အလေးထားပြီး ဘေးလွတ်ရာသို့ အချိန်မီ ပြောင်းရွှေသင့်ကြောင်း စစ်တွေမြို့ကနေ ပုဏ္ဏားကျွန်းကျောက်တော်ဘက်သို့ မုန်တိုင်းဘေးရှောင်သူများကို လိုက်လံ ကူညီပေးနေသူတစ်ဦးက ပြောသည်။

“တစ်ချို့ကတွေကတော့ ပြောင်းရွှေ့နေကြတယ်။ တစ်ချို့ ကျ‌တော့ မပြောင်းဘူး။ ဒီအတိုင်းပဲ ရှိနေကြတယ်။ စစ်တွေမှာကတော့ ဈေးတွေကတော့ အကုန် ပိတ်လိုက်ပြီ။ လိုက်နာမှုအားနည်တယ်လို့ ပြောလို့ ရတယ်။ ပေါ့ပေါ့ဆဆ နေလို့တော့ မရဘူး။ ပြောင်းရွှေ့သင့်တာတွေကို ရွှေ့ရမယ်။ ဒီလောက်ကြီးမားတဲ့ မုန်တိုင်းကို ရင်ဆိုင်မယ်လို့ ပြောတဲ့သူတွေကို ပြောချင်တယ်။ သူ့ရဲနောက်မှာ မိသားစုရှိတယ်။ ဆွေမျိုးတယ်။ သားသမီးတွေရှိတယ်။ ဒါတွေကို နားလည်းဖို့ လိုတယ်။ ပြင်ဆင်ကြပါ။ ရွှေ့ထားကြပါ။ အချိန် ရနေပါသေးတယ်”ဟုပြောသည်။

ဆိုင်ကလုန်း မုန်းတိုင်းဒဏ်ကို အများခံရဖွယ်ရှိသည့် စစ်တွေမြို့က ဒေသခံတစ်ချို့မှာ ကုန်မြင့်နေရာများသို့ လူဦးရေ ၅ သောင်းကျော်ခန့် တိမ်းရှောင်သွားကြကြောင်း လူမှုကယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။

စစ်တွေမြို့နယ် မြေနိမ့်ပိုင်းနေရာများက မြို့ပေါ် ဘုန်းတော်ကြီးကျောင်းများအသီးသီးသို့ မေလ ၁၂ ရက်နေ့ ညပိုင်းအထိ မုန်တိုင်းဘေးတိမ်းရှောင်သူ ၄၀၀၀ ကျော်ခန့် ခိုလှုံလာကြောင်း လူမှုကယ်ဆယ်ရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။

စစ်တွေကနေ မင်းပြားမြို့နယ်ဖက်သို့ တိမ်းရှောင်သွားသည့် သတင်းသမားတစ်ဦးက “တနာရီကို လေတိုက်နှုန်းက ၁၃၅ မိုင်လို့ ခန့်မှန်းထားတော့ နာဂစ် မုန်တိုင်းနဲ့ ညီမျှတယ်လို့ ခန့်မှန်းလို့ ရပါတယ်။ မိုးဇလကလည်း တစ်လျှောက် သတိပေးနေတာတွေ၊ နိုင်ငံတကာအဖွဲ့တွေကလည်း သတိပေးထားပြီ၊ မရှောင်လို့ မရတော့ဘူးဆိုတာကို သိထားတယ်။ ကျနော်တို့ကတော့ အရမ်းအန္တရာယ်ဖြစ်မှာစိုးလို့ ကုန်းမြင့်တဲ့တစ်နေရာကို ရှောင်သွားပြီး”ဟု ပြောသည်။

ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အား ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက် မြောက်ဘက် ရေမိုင် ၂၅၅မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက် တောင်ဘက် ရေမိုင် ၂၉၅မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင် ဘက် ရေမိုင် ၃၄၀မိုင်ခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေ သည်။

ထို့အပြင် အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား၏ မြောက်- အနောက်မြောက်ဘက် ရေမိုင် ၃၃၀မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၃၇၅ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ယနေ့ မေ ၁၃ ရက်နေ့ ၉ နာရီခွဲက ထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s