ရခိုင်တွင် ဆိုင်ကလုန်း မုန်တိုင်း မိုခါ မတိုက် ခတ်မီ WFP က အရေးပေါ် အခြေ အနေအ တွက် အသင့်ပြင်

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား မေလ ၁၄ ရက်နေ့ တိုက်ခတ် ကျရောက်မည်ဟု ခန့်မှန်းထားသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ မတိုက်ခတ်မီ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) အနေဖြင့်အရေးပေါ် အခြေအနေအတွက် ပြင်ဆင်ထားကြောင်း WFP က ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နိုင်ခြေရှိသည့် နယ်မြေဒေသများတွင် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူလက်တွဲ၍ WFP သည် အရေးပေါ်အခြေအနေ အကြီးစားတုံ့ပြန်ရေးလုပ်ငန်းတစ်ရပ် ဆောင်ရွက်နိုင်အောင် အသင့်ပြင်နေကြောင်း၊ အရေးပေါ်အစီအစဉ်များရေးဆွဲချမှတ်ပြီးဖြစ်သလို၊ စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးအထောက်အပံ့များ၊ မော်တော်ယာဉ်များနှင့် အ ရေးပေါ်ကယ်ဆယ်ရေးပစ္စည်းကိရိယာများအားလည်း ကြိုတင်နေရာချထားလျက်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် WFP သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် အနီးအနားဒေသများရှိ လူဦးရေပေါင်း ၄၀၀,၀၀၀ ကျော်တို့၏ လိုအပ်ချက်များကို တစ်လကြာ ပံ့ပိုးပေးနိုင်သည်အထိ လုံလောက်သော စားနပ်ရိက္ခာများကို ကြိုတင်နေရာချထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂဘက်က သတင်းထုတ်ပြန်ထားသည်။

ထို့အတူ ပေါ်ပေါက်လာနိုင်သည့် သယ်ယူပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဆိုင်ရာ ပြတ်တောက်ကြန့်ကြာမှုများကို ကြိုတင်ခန့်မှန်းပြင်ဆင်သည့်အနေဖြင့် WFP ဝန်ထမ်းများသည် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ၏ မုန်တိုင်းအသင့်ပြင်မှုနှင့် တုံ့ပြန်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးစနစ်များကိုလည်း တပ်ဆင်လျက်ရှိပါသည်။

အကူအညီလိုအပ်လျက်ရှိသော ရပ်ရွာလူထုထံ လူသားချင်းစာနာမှုအထောက်အပံ့များ အပြည့်အဝ သွားရောက်ကူညီခွင့် နှင့် ရပ်ရွာလူထု၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးမှုတို့ရှိမှသာ ဆိုင်ကလုန်းမုန်တိုင်း၏ လတ်တလော အကျိုးဆက်များကို တုံ့ပြန်ဆောင်ရွက်ရေးနှင့် ရေရှည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Ms. Sheela Matthew က “ ကျမတို့ WFP အနေနဲ့ အဆိုးဆုံးအတွက် ကြိုတင်ပြင် ဆင်လျက်ရှိသလို၊ အကောင်းဆုံးဖြစ်လာနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့လမ်းကြောင်းဟာ ပဋိပက္ခနဲ့ဆင်းရဲမွဲတေမှုကိုခံစားနေကြရပြီး၊ ကြံ့ကြံ့ခံနိုင်စွမ်းအားနည်းတဲ့ ဒေသတွေဆီကို ဦးတည်လျက်ရှိပါတယ်။ အဲ့ဒီဒေသတွေက မုန်တိုင်းဒဏ်ခံရနိုင်ခြေရှိတဲ့ လူများစွာဟာ လက်ရှိမှာတောင် WFP ရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပုံမှန်အားဖြင့် မှီခိုအားထားနေကြရတဲ့အခြေအနေမှာ ရှိနေကြတာပါ။ သူတို့အနေနဲ့ နောက်ထပ် ဘေးအန္ တရာယ်တစ်ခုကို ဘယ်လိုမှ ခံနိုင်စွမ်းမရှိကြပါဘူး။”ဟု ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s