ကြာအင်းဆိပ်ကြီးတွင် ရိက္ခာပို့ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၈ ဦးသေ ဆုံးပြီး ၅ ဦး အရှင်ဖမ်းမိကာ သေနတ် ၆ လက် သိမ်းဆည်း ရရှိ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရက်ဖော်ရွာနှင့် တညင်ရွာ အကြားတွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ၅ ဦး အရှင် ဖမ်းမိကာ သေနတ် ၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Saw Dragon Drone Force -SDDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၉ ရက် ညနေ ၅ နာရီ မိနစ် ၅၀ အချိန် ကြာအင်းဆိပ်ကြီးမြို့နယ်မှ အနန်းကွင်းဘက်သို့ ရိက္ခာပို့ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စကခ ၁၉ လက်အောက်ခံတပ်နှင့် BGF ပူးပေါင်းတပ် အင်အား ၈၀ ခန့်အား KNLA တပ်ရင်း ၁၆ ၊ Saw Dragon Drone Force -SDDF တပ်ဖွဲ့နှင့် မြေပြင်ပူးပေါင်းတပ်ဖွဲ့တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ဖြစ်ကြောင်း သိရသည်။
“အနန်းကွင်းဘက်ကို ရိက္ခာသွားပို့တဲ့ ကား ၃ စီးကို တိုက်ခိုက်ခဲ့တာဗျ၊ ကား ၃ စီးလုံးပျက်စီးတယ်၊ ၂ စီး က ဒရုန်းဗုံးသီးထိပြီး မီးလောင် လုံးဝပျက်စီးသွားတာ၊ တိုက်ပွဲဖြစ်ပြီးတော့ ခွေးတွေ သွေးရူးသွေးတန်းနဲ့ ခြေဦးတည်ရာထွက်ပြေးကုန်တာ၊ သုံးပန်းကတော့ တိုက်ပွဲထဲမှာ ၃ ကောင်မိတယ်၊ နောက်တစ်နေမှာ ထွက်ပြေးတဲ့ ၂ ကောင်ထပ်မိတယ်၊ ပစ္စတိုတစ်လက်ပါတယ်ဆိုတော့ ဖမ်းမိတဲ့အထဲမှာ အရှိတော့ပါနိုင် တယ်၊ တိုက်ပွဲဖြစ်တဲ့အချိန် စစ်ကူလာတာမျိုးလဲမရှိဘူး၊ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါ တယ်” ဟု Saw Dragon Drone Force -SDDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကား ၃ စီးပျက်စီးကာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၅ လက်၊ ပစ္စတို သေနတ် ၁ လက်နှင့်အတူ အကြမ်းဖက်စစ်သား ၅ ဦးကို အရှင်ဖမ်းမိခဲ့ ကြောင်း သိရသည်။ khit thit