ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ ထားဝယ်မြို့ နယ်တွင် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးခဲ့ကြောင်း Khin U Special force Organization_KSO အဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ် ခန့်တွင် ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ ဈေးတန်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ရွာသစ်ကုန်း ပျူစောထီး အဖွဲ့ဝင်များ ပူးပေါင်းကာ ချမ်းသာကုန်း (ခ) အောင်ချမ်းသာ ကျေးရွာ အတွင်း လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်း ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် ပစ္စည်းများကို မတရားခိုးယူ သယ်ဆောင်ပြီး နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ၎င်းတို့ အထိုင်ချစခန်းသို့ ပြန်လာစဥ် ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Khin U Special force Organization_KSO အဖွဲ့၊ မြို့နယ်ပကဖ နှင့် ဒေသခံ Local များ ပူးပေါင်းကာ ပွိုင့် ၁၄ နေရာမှ မိုင်း ၁၄ တွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား နှင့် ပျူစောထီး ၁၂ ဦးပွဲချင်းပြီး သေဆုံးကာ ၎င်းတို့ထံမှ G-3 ကျည်ဘောက် ၁ ခုနှင့် 7.62 ကျည် ၁၅ တောင့် သိမ်းဆည်း ရမိ​ခဲ့​ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာ၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – T 1 ထံမှ သိရသည်။

မေ လ ၁၀ ရက်​နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာတွင် တပ်စွဲထား​သော အကြမ်းဖက် စစ်သားများသည် ကားလမ်းမပေါ်တက်၍ ခရီးသွား ပြည်သူများထံမှ အတင်း အဓမ္မ ငွေကြေးတောင်းခံခြင်း၊ ကိုယ်ထိလက်‌ရောက်စော်ကားခြင်းများပြုလုပ်နေ​ချိန် ကာကွယ်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့​ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ကာကွယ်​ရေး တပ်မ​တော် ထားဝယ်ခရိုင် တပ်ရင်း ၁ မှ တပ်ခွဲ ၂ စစ်ကြောင်းနှင့် DGRF ၊ ဧဒင်မှူး၊ Aline Force အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ထားဝယ်ခရိုင်၊ တပ်ရင်း ၁ အနေဖြင့် မဟာမိတ် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စဥ်ဆက်မပြတ်တိုက်ခိုက် ချေမှုန်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s