စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် အချို့တွင် အင်တာနက်လိုင်းမရရှိ၍ မုန်တိုင်းေဘးသတင်းအချက်လက်ရရှိရေး နှင့် ကူညီကယ်ဆယ်ရေးတွင် နှောင့်နှေးမှုများ ရှိနိုင်

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် ဆိုင်ကလုန်းမုန်တိုင်း မိုခါနှင့် ပတ်သက်သည့် သတင်းအချက်လက်ရရှိရေး နှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် နှောင့်နှေးမှုများရှိနိုင်ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ခင်ဦး ၊ချောင်းဦး ၊ မြင်းမူ ၊ အရာတော် ၊ ပုလဲ နှင့် ယင်းမာပင် စသည့် မြို့ နယ်များတွင် ပြီခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ကတည်းက ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံထားရကြောင်း ဒေသခံများကပြောသည်။
“ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် အတော်များများမှာ ဖုန်းလိုင်းဖြတ်ထားတယ်။ ဖုန်းအင်တာနက်လိုင်း ဖြတ်ထားတယ်။ ဒါပေမဲ့ ဝိုင်ဖိုင်အင်တာနက်ရတယ်။ ဒါပေမဲ့ မီးမမှန်တော့ဝိုင်ဖိုင်အင်တာနက်ကလည်း သိပ်အဆင်မပြေဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
မြင်းမူမြို့နယ်တွင် ဒေသခံပြည်သူများအနေဖြင့် မုန်တိုင်း အန္တရာယ်နှင့် ကြိုတင်ပြင်ဆင်ထားရမည့် အချက်များကို သိရှိမှု အားနည်းသည့်အတွက် ပြင်ဆင်မှုများသေချာလုပ်ထားခြင်း မရှိကြောင်း ဒေသခံတစ်ဦးက ပြော သည်။
“လတ်တလော(မေလ ၁၄ ရက်နေ့ နေ့လယ်) မှာတော့ မိုးရွာတာလောက်ပဲ ရှိတယ် ။ လေပြင်းတိုက်ခိုက်တာတော့ မရှိသေးဘူး ။ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးတာတွေ ပြည်သူတွေ တိမ်းရှောင်ရတာတွေ ရှိလာရင် စားနပ်ရိက္ခာ တွေ ထောက်ပံ့ပေးဖို့အတွက် မြို့နယ် ပကဖ ကနေ တိုက်နယ် ပကဖ တွေ ကို ညွှန်ကြားထားတာတွေတော့ရှိတယ်” ဟု မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သို့ရာတွင် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် မုန်တိုင်းနဲ့ ပတ်သက်ေသာ သတင်းအချက် အလက်များကို ပြည်သူများအား အချိန်နှင့်တပြေးညီ ပေးပို့နိုင်မှု အားနည်းကြောင်း ၎င်းကဆိုသည်။
လက်ရှိ အရာတော်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ရေးအတွက် အရေးပေါ်ကြိုတင်ပြင်ဆင်မှုများကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် တော်လှန်ရေးတပ်ဖွဲ့များ က ပူးပေါင်းဆောင်ရွက်ပေးေနကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
၎င်းက “သဘာ၀ဘေးအန္တရယ်နှင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် ရိက္ခာနဲ့ ဆေးဝါး တွေ ကြိုတင် ပြင်ဆင်ထားတယ်လို့ မြို့နယ် ပအဖ အဖွဲ့ က ပြောထားတယ်” ဟု ပြောသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက ယနေ့ မနက် အစောပိုင်းကတည်းက စစ်ကြောင်းထိုး၍ ဒေသခံပြည်သူများ မိုးလေကျရောက်နေသည့်ကြားမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးဒေသခံများထံက သိရသည်။
“မိုးရွာတာလောက်ပဲရှိသေးတော့ ကူညီကယ်ဆယ်ရေးက မလုပ်ရသေးတော့မပြောနိုင်သေးဘူး ။တစ်ကယ်လို့ လုပ်ရပြီဆို ဖုန်းလိုင်းပြတ်တောက်နေတာတွေ၊ အင်တာနက်မရတာတွေကြောင့် ကူညီ ကယ်ဆယ်ရေးအပိုင်းတွေ မှာအားနည်းမှုတွေရှိနိုင်တယ်” ဟု ခင်ဦးမြို့ ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကလည်း “ကျတော်တို့ မြို့နယ်မှာက အင်တာနက်ကော၊ လျှပ်စစ်ကော ဖြတ်တောက်ထားတော့ ပြည်သူတွေက မုန်တိုင်း ရှိတယ်ဆိုတာလောက်ပဲ သိတယ် ပြင်ဆင်မှု အပိုင်းမှာတော့ အားနည်းနေသေးတယ်” ဟု ပြောသည်။
ဆိုင်ကလုန်းမုန်းတိုင်း မိုခါ၏ ရိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းနေ သည့် အတွက် စစ်ဘေးရှောင် ပြည်သူများသည် ယာယီတဲများတွင် နေထိုင်နိုင်ခြင်း မရှိဘဲ မိုး လေ လွတ်ရာ နေရာများကို အရေးပေါ် ရွှေ့ပြောင်းနေရကြောင်းသိရသည်။ mizzima