စစ်တွေမြို့အတွင်းသို့ ပင်လယ်ရေများ အရှိန်ဖြင့် အလုံးအရင်း ဝင်လာ၊ ပြည်သူအများအ ပြား ပိတ်မိနေပြီး ဒဏ်ရာရသူများလည်းရှိနေကာ ကယ်ဆယ်ရေး လုပ်မည့်သူမရှိဖြစ်နေ



မိုခါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုခံနေရသော စစ်တွေမြို့အတွင်းသို့ ပင်လယ်ရေများ အလုံးအရင်းဖြင့် ဝင်လာနေပြီး ပိတ်မိသူများရှိနေကာ ကယ်ဆယ်ရေးလုပ်မည့်သူမရှိကြောင်း စစ်တွေမြို့ခံများက သတင်းပေးပို့သည်။
“ပင်လယ်ရေတွေ အလုံးအရင်းနဲ့ကို ဝင်လာတာ။ တချို့နေရာတွေမှာ ပိတ်မိနေလို့ ရေတွေ ဝင်လာလို့ အကူအညီတောင်းနေကြတယ်။ အခုမှ ဝင်လာတာ ရေတွေက အရှိန်နဲ့ဝင်လာတာ။ ကယ်ဆယ်ရေးမရှိဘူး။ ဘယ်သူမှလည်း ခေါ်လို့မရဘူး။ အိမ်ပိလို့ဒဏ်ရာရသူတွေလည်းရှိတယ်။ ကယ်ဆယ်ရေးမရှိဘူး” ဟု စစ်တွေဒေသခံတစ်ဦးက ပြောဆိုသည်။
စစ်တွေဒေသခံတစ်ဦးက ပင်လယ်ရေများဝင်ရောက်လာချိန် ပိတ်မိနေ၍ တယ်လီဖုန်းနံပါတ်မှတစ်ဆင့် အကူအညီတောင်းလာသော်လည်း အကူအညီ မပေးနိုင်သည့်အခြေအနေဖြစ်နေသည်ဟု ဆိုသည်။
“ဖေ့ဘုတ်စ် Group ထဲကနေ အကူအညီတောင်းနေတယ်။ စစ်တွေ ရွှေပြားအလယ်လမ်း ဘိလိယက်ခုံဘေးက တထပ်အိမ်မှာ ပါပါ တယောက်တည်း ထပ်ခိုးမှာ ပိတ်နေလို့ပါ အောက်မှာ ရေမြုပ်နေလို့ပါ ကူပေးလို့ရမယ့်သူများ ကူးပီးပါ။ ပါပါဖုန်းနံပါတ်က 09253077680 ပါ” ဆိုပြီး အကူအညီတောင်းနေတယ်။ ကျနော်တို့လည်း ကူညီလို့မရဘူး။ ရေတွေက အရမ်းကိုဝင်လာတာ”ဟု စစ်တွေဒေသခံတစ်ဦးက ပြောဆိုသည်။ khit thit