စလင်းမြို့နယ်တွင် ချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်နေပြီး သက်ကြီးရွယ်အိုများ အပါအဝင် ပြည်သူ ၁၀၀ ကျော် ပိတ်မိနေ

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်နေပြီး သက်ကြီးရွယ်အိုများ အပါအဝင် ပြည်သူ ၁၀၀ ကျော် ပိတ်မိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မိုခါ မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းမှု ဆက်တိုက်ဖြစ်ပွားပြီး စလင်းချောင်းရေ မြင့်တက်လာမှုကြောင့် စလင်းမြို့နယ် ကျွန်းရင်းအုပ်စု၊ လေးအိမ်စုကျေးရွာ အပါအဝင် အနီးအနားဝန်းကျင်ရှိ ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်ကာ သက်ကြီးရယ်အိုများ အပါအဝင် ပြည်သူ ၁၀၀ ကျေးရွာအတွင်း၌ ပိတ်မိနေကြောင်း သိရသည်။

” စလင်းမြို့နယ်၊ ကျွန်းရင်းအုပ်စုကတွေနဲ့ အနီးအနားဝန်းကျင်က ရွာပေါင် ၂၀ ကျော်​လောက် ရေနစ်မြုပ်နေတယ်။ အဘိုး အဘွားတွေနဲ့ ရွာက ပြည်သူ ၁၀၀ လောက် ပိတ်မိနေတယ်။ စလင်းချောင်းက ရေတွေ မြင့်တက်လာလို့ ရေနစ်မြုပ်နေတာပါ အရှေ့ဘက်မှာတော့ ကုန်းမြင့်ရှိပါတယ် ဒါပေမယ့် သွားလို့မရတော့ပါဘူး။ ရေကို ဖြတ်ကူးဖို့ လုံးဝ အဆင်မပြေပါဘူး။ ချောင်းချောက်တွေလဲ အရမ်းများတော့ ကယ်ဆယ်ရေးလဲမလာနိုင်ပါဘူး။ ကျမတို့ရွာလေးက ဝေးလံခေါင်ပါးပါတယ်။ တိရစ္ဆာန်တွေလဲ မျောပါတာတွေရှိတယ်။ ရွာသားတွေလည်း ပိတ်မိနေလို့ အခုထိ ထမင်းမစားရသေးဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s