ဖလမ်း-ဟားခါးလမ်းတွင် ဒေသခံ ၂ဦးပျောက် ဆုံးနေ၍ မိသားစုဝင်များ စိုးရိမ်နေ

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်မှ ဟားခါးမြို့သို့သွားရန်ထွက်ခွာလာသော ဒေသခံ နှစ်ဦးသည် ဖလမ်း-ဟားခါးလမ်းပိုင်းတွင် ပျောက်ဆုံးနေ၍ ၎င်းတို့၏ မိသားစုဝင်များ စိုးရိမ်နေသည်ဟု သတင်းရရှိသည်။

တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်နေ ဒေါ်ကျင်းဟောက်ဝုန်(ခ)လင်းလင်း အသက် ၃၂နှစ် နှင့် ဦး လျန်းဇထွန်း အသက် ၃၂ နှစ် တို့ နှစ်ဦးသည် မေလ ၂ ရက်တွင် ဖလမ်းမြို့မှ ဟားခါးမြို့သို့ ဆိုင်ကယ်တစ်စီးဖြင့် အတူစီးနင်းသွားကြသည်။

ယင်းနေ့ ညနေ ၆ နာရီနောက်ပိုင်းမှ ယနေ့ထိ အဆက်အသွယ်လုံးဝမရရှိ၍ ၎င်းတို့၏ အသက်အန္တရယ်အတွက် စိုးရိမ်နေခြင်းဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

“ကျတော်တို့က အဲဒီလမ်းပိုင်းကို နှစ်ခေါက်သွားရှာသေးတယ်။ အဲ့လမ်းပိုင်းမှာရှိတဲ့ ဒေသကာကွယ်ရေး လက်နက်ကိုင်အဖွဲ့တွေရော၊ စကစဘက်ရော မေးကြည့်တယ်။ နှစ်ဘက်အဖွဲ့တွေက ဒီလူငယ်နှစ်ဦးကို မတွေ့ရှိဘူးလို့ပဲ ပြန်ဖြေကြတယ်။” ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးကမဇ္ဈိမသို့ပြောသည်။

သူတို့နှစ်ဦးကို မိသားစုဝင်များက ဖုန်းဖြင့် နောက်ဆုံးအဆက်အသွယ်ရရှိချိန်တွင် ဟားခါးမြို့နယ်၊ ချွန်းကျုံးရွာသို့ ရောက်ခါနီးပြီဖြစ်ကြောင်း သိရသည်ဟု ဆိုသည်။

၎င်းတို့၏ စာရွက်စာတမ်း နှင့် အဝတ်အစားများမှာ ဟားခါးမြို့ နှီယာလောန် ရွာသစ် အနီး လမ်းဘေးတွင်ပြန့်ကျဲလျက်ရှိသည်ကို ခရီးသွားများက ကောက်ရထားကြောင်း မိသားစုဝင်များထံက သိရသည်။

ဒေါ်ကျင်းဟောက်ဝုန်(ခ) ဆရာမလင်းလင်းသည် Obed House မိဘမဲ့ကျောင်းတွင် အမှုတော်ဆောင်ဆရာမတစ်ဦးဖြစ်ပြီး ဦးလျန်းဇထွန်းသည် ဟားခါးပြည်သူ့ဆေးရုံ ဓါတ်ခွဲ-၂တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ဒေါ်ကျင်းဟောက်ဝုန်(ခ) ဆရာမလင်းလင်းနှင့် ဦး လျန်းဇထွန်းတို့အားတွေ့ရှိပါက ဖုန်းနံပါတ် ၀၉၇၆၇၁၃၃၂၃၈ သို့ အကြောင်း ကြားပေးပါရန် ၎င်းတို့နှင့်နီးစပ်သူများမှ လူမှုကွန်ရက်ပေါ်တွင် အကူအညီတောင်းခံနေကြသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s