မိုခါက စူပါ ဆိုင်ကလုန်းမုန်တိုင်းကြီး (Super Cyclonic Storm Mocha) အဖြစ် အသွင်ပြောင်းလဲပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၁၆၁ မိုင်နှုန်းဖြင့် ရခိုင်ကမ်းခြေသို့ ဦးတည်နေ

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် အလွန်ပြင်းထန်သော စူပါ ဆိုင်ကလုန်းမုန်တိုင်းကြီး (Super Cyclonic Storm Mocha) အဖြစ် အသွင်ပြောင်းလဲသွားပြီး မုန်တိုင်းအဆင့် သတ် မှတ်ချက် အဆင့် ၅ ( Category 5 ) သို့ ရောက်ရှိသွားကြောင်း Joint Typhoon Warning Center က သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် အလွန်ပြင်းထန်သော စူပါ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြီး (Super Cyclonic Storm Mocha) သည် လေတိုက်နှုန်း တစ်နာရီလျှင် လေတိုက်နှုန်း ၁၆၁ မိုင်နှုန်း ( 140 Knots) ဖြင့် ရခိုင်ကမ်းခြေသို့ ဦး တည်တိုက်ခတ်နေကြောင်း သိရှိရသည်။

လက်ရှိတွင် Super Cyclonic Storm Mocha သည် လုံး၀ အင်အား လျှော့ကျသွားခြင်းမရှိဘဲ လေတိုက်နှုန်း ထပ်မံမြင့်မားကာ ဖျက်အားပြင်းသည့် အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန် တိုင်း‌ကြီးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ် ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s