မိုခါဆိုင်ကလုန်း မုန်တိုင်းဝင်ရောက်မည့် ချင်း ပြည်နယ်တွင် ပြင်ဆင်မှုများပြုလုပ်

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်မည့်လမ်းကြောင်းဖြစ်သော ချင်းပြည်နယ်တွင် အဖွဲ့အစည်းအသီး သီးက ကြိုတင်ပြင်ဆင်မှုများနှင့် အ သိ ပေးနှိုးဆော်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

မေလ ၁၁ ရက်နေ့တွင် နိုင်ငံတကာမိုးလေဝသအေဂျင်စီများ၏ ခန့်မှန်းချက်ကိုကိုးကားပြီး ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)က မုန်တိုင်းသတိပေးချက် ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းဝင်ရောက်စဉ်အတွင်း ထိခိုက်မှုများ အရေးပေါ်ကူညီနိုင်ရေးအတွက် ICNCC နှင့် လူသားချင်း စာနာထောက် ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာတာဝန်ခံများသို့ အချိန်နှင့်တပြေးညီ ချိတ်ဆက်ဆောင်ရွက် သွားကြရန် အသိပေးထားသည်။

မုန်တိုင်းဖြတ်သန်းဝင်ရောက်နိုင်သည့် ချင်းပြည်နယ်နှင့် နယ်စပ်တလျောက် စစ်ဘေးရှောင်စခန်းများ၊ ချင်းကာ ကွယ်ရေးတပ်ဖွဲ့(CDF)စခန်းများ၊ မုန်တိုင်းဒဏ်ခံစားရနိုင်သည့်ဒေသရှိပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် ကြို တင်ကာကွယ်ရှောင်ရှားနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာန၏ မုန်တိုင်းဆိုင်ရာ ကြိုတင်သတိ ပေးချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် နှိုးဆော်ထားသည်။

“ချင်းပြည်နယ်မှာ ဖြစ်ပေါ်လာနိုင်တဲ့အခြအနေတွေကို ICNCCနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြို့နယ် တာဝန်ခံများ နှင့် ကြိုတင်သတိပေးတာ၊ ကာကွယ်၊ ကယ်ဆယ်ရေးအပိုင်းတွေကို လက်တွဲဆောင်ရွက်ဖို့ ညှိနှိုင်း ဆွေးနွေးထားပါတယ် ၊ ဆက်သွယ်ရေးကွန်ရက်တွေကိုလည်း ထူထောင်ထားတာရှိပါတယ်” ဟု NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဒုဝန်ကြီး ဒေါက်တာငိုင်တမ်မောင်က မဇ္စျိမကို ပြောသည်။

၎င်းအပြင် ICNCC နှင့် ဝန်ကြီးဌာနသာမက နယ်မြေအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော ချင်းအမျိုးသား တပ်ဦး/တပ်မတော် (CNF/CNA) ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) အဖွဲ့အစည်းများနှင့် လက်တွဲ ၍ ပြည်နယ်လုံးအတိုင်းအတာနှင့် တုန့်ပြန်ဆောင်ရွက်ရန် Emergency response Team တစ်ခု ပေါ်ပေါက်နိုင်ရေး အတွက် လုပ်ဆောင်လျက်ရှိကြောင်းဆိုသည်။

လတ်တလောတွင် ပမာဏမများလှသော်လည်း လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန် ကျပ်သိန်း ၁၀၀ ကို ဝန်ကြီးဌာနအနေဖြင့် ကနဦးမတည်ပေးထားကြောင်း သိရသည်။

မုန်တိုင်းဝင်ရောက်လာပါက လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်‌မည်ဖြစ်သဖြင့် စစ်ဘေးရှောင် ယာယီ တဲစခန်းများ ပျက် စီးဆုံးရှုံးနိုင်ပြီး ချင်းကာကွယ်‌ရေးတပ်ဖွဲ့များ၏ စခန်းများလည်း သစ်ပင်သစ်ကိုင်းများ ကျိုးကျ နိုင်သည့် အန္တရာယ်များ ကြုံတွေ့ရနိုင်ကြောင်း ဒုဝန်ကြီးက သုံးသပ်ပြောဆိုသည်။

ထို့ပြင် ချင်းပြည်နယ်တွင် မိုးများသည့်အချိန်၌ ဖြစ်လေ့ဖြစ်ထရှိသော မြေပြိုခြင်းများလည်း ကြုံတွေ့နိုင်သည်ဟု ဆိုသည်။

လတ်တလော ဟားခါးမြို့တွင် မြေပြိုနိုင်သည့် အန္တရာယ်ရှိသည့်အတွက် ဒေသခံအချို့ ယမန်နေ့ မေလ ၁၃ ရက်မှ စတင်ပြောင်းရွှေ့လျက်ရှိကြောင်းသိရှိရသည်။

မုန်တိုင်းဝင်ရောက်မည့် အခြေအနေများနှင့်ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေကို ချင်းလက်နက် ကိုင်အဖွဲ့အစည်းအချို့ထံ မဇ္စျိမမှ ဆက်သွယ်မေးမြန်းခဲ့သည်။

“လုံခြုံရေးသတိနဲ့ မုန်တိုင်းကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေမှာ တတ်နိုင်သလောက် ပြည်သူကိုကူညီဖို့ တပ်လှန့် ထားတယ်” ဟု ချင်းအမျိုး သားတပ်ဦး /တပ်မတော် (CNF/CNA)မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဖြေကြား သည်။

“ရွာတွေကို မိုခါမုန်တိုင်းရှိတဲ့အတွက် သတိနဲ့နေကြဖို့ သတင်းပေးတာတွေ၊ အသိပေးတာတွေ လုပ်ဆောင်နေ ပါ တယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျွန်ငိုင်းက ပြောကြားသည်။

“ Emergency response committe ဖွဲ့စည်းဆောင်ရွက်နေပါတယ် ပျက်စီးဆုံးရှုံးမှုသတင်း အချိန်နဲ့တပြေးညီ ရယူ နိုင်ဖို့၊ ကူညီဆောင်ရွက်နိုင်ဖို့၊ လိုအပ်ရင်ကယ်ဆယ်ဆောင်ရွက်နိုင်ဖို့ လောလောဆယ်မှာတော့ ပြည်သူတွေဆီ သတင်းစကားပို့နေကြပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်းကလည်း ပြောကြားသည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်က လူပေါင်း ၂၀၀,၀၀၀ ကျော် ထိခိုက်နိုင်ကြောင်း ကမ္ဘာ့သဘာဝ ဘေးသတိပေးချက် ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination SYSTEM − GDACS) က မေလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s