မိုခါမုန်တိုင်ကြောင့် မြောက်ဦးမြို့နယ် င/စွယ်ကျေးရွာတွင် ဘုန်တော်ကြီးကျောင်း အပါအ ဝင် တစ်ရွာ လုံး နီးပါး မုန်တိုင်းကြောင့် ပျက် စီး

ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် င/စွယ်ကျေးရွာမှ ဘုန်းတော် ကြီး အပါအဝင် သိမ်ဆောင်နှင့် ဥပုဒ်သီလဆောက်တည်သည့် ဇရပ်အပါအဝင် ကျေးရွာတစ်ရွာလုံး ပြိုကျ ပျက်စီးသွားကြောင်း ကျောင်းထိုင် ဆရာတော် ဦးပညာဝံသ Western News သို့ မိန့်သည်။

မေ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီကနေ စတင်၍ မြောက်ဦးမြို့နယ်တွင် မုန်တိုင်းတိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့နယ် င/စွယ်ကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း အပါအဝင် တစ်ရွာလုံးနီးပါး ပျက်စီး သွားကြောင်း သိရသည်။

“လေစတိုက်ကတော့ ၁ နာရီက တိုက်တာပေါ့ ၄နာရီလောက်မှာ ကျောင်းဆောင်က စပြိုတယ်၊ ပြီးတော့ သိမ်းကျောင်းဆောင်ရယ်။ ဇရပ်တစ်ဆောင်ပျက်စီးသွားတယ်။ အာလုံးပျက်စီးသွားပြီးဆိုတော့ နေရာစရာလည်းမရှိတော့ဘူး။ ရွာမှာလည်း အိမ်တွေ မရှိတော့ဘူး။ ညပိုင်းရေတက်လာမှာကိုလည်း စိုးရိမ်ရတယ်”ဟု ကျောင်းထိုင် ဆရာတော် ဦးပညာဝံသ Western News ကို မိန့်ကြားသည်။

မြောက်ဦးမြို့နယ်၊ င/စွယ်ကန်ကျေးရွာတွင် နေအိမ် ၈၀ လောက်ရှိပြီး တစ်ရွာလုံးနီးပါး မုန်တိုင်းကြောင့် ပျက်စီးသွားကာ ကျေးရွာတွင် နေအိမ် ၄ လုံးသာ ကျန်ရစ်ခဲ့ပြီး လက်ရှိ နေအိမ်များ မပျက်စီးဘဲ ကျန်ခဲ့ သည့် နေအိမ် ၄လုံး တွင် ကျေးရွာသားများ စုပေါင်းနေထိုင်ကြရကြောင်း၊ မုန်တိုင်းမတိုက်ခင် တစ်ခြား ဘေးလွတ်ရာနေရာသို့ တိမ်းရှောင်သွားသူများလည်း ရှိကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s