မိုခါမုန်တိုင်း CAT- 5 အဆင့် လေတိုက်နှုန်းမိုင် ၁၆၀ ကျော်ရောက်နေပြီး စူပါဆိုင်ကလုန်းမုန် တိုင်းအဖြစ်အသွင် ပြောင်း

မိုခါမုန်တိုင်း CAT- 5 အဆင့် လေတိုက်နှုန်းမိုင် ၁၆၀ ကျော်ရောက်နေပြီး စူပါဆိုင်ကလုန်းမုန်တိုင်းအဖြစ်အသွင် ပြောင်း နေကြောင်း ကမ္ဘာ့မိုးလေဝသဌာနများက ထုတ်ပြန်သည်။
UN လက်အောက်ခံ ကမ္ဘာ့သဘာဝဘေး သတိပေးချက် ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination System GDACS) က မိုခါမုန်တိုင်းမှာ CAT – 5 အဆင့်သို့ ရောက်ရှိပြီး လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၁၆၀ ကျော် သို့ ရောက်ရှိလာကြောင်း မေ ၁၄ ရက် နံနက်တွင် ထုတ်ပြန်သည်။
ထို့ပြင် အမေရိကန်မိုးလေဝသဌာနဖြစ်သည့် Joint Typhoon Warning Center ကလည်း မိုခါမုန်တိုင်းမှာ အလွန်ပြင်းထန်သော စူပါဆိုင်ကလုန်းမုန်တိုင်းကြီး (Super Cyclonic Storm Mocha) အဖြစ် ပြောင်းလဲ နေပြီး မုန်တိုင်းအဆင့် သတ်မှတ်ချက် အဆင့် ၅ ( Category 5 ) သို့ ရောက်ရှိသွားကြောင်း လေတိုက်နှုန်း တစ်နာရီလျှင် လေတိုက်နှုန်း ၁၆၁ မိုင်နှုန်း ( 140 Knots) ဖြင့် ရခိုင်သို့ ဦးတည်တိုက်ခတ်နေကြောင်း ထုတ်ပြန်ထားသည်။ mizzima