မုန်တိုင်းဒဏ်သင့်ပြည်သူများကိုကူညီရန် ကြို တင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကုလ ထုတ်ပြန်

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဒဏ်သင့်ပြည်သူများအတွက် သဘာ၀ဘေးဆိုင်ရာ ကူညီကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် အသင့်အနေအထားပြင်ဆင်ထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ UNOCHA က ယနေ့ သတင်းထုတ်ပြန်ထားသည်။

မုန်တိုင်းကြောင့် ထိခိုက်ခံစားရမည့်သူများအတွက် အကူအညီများပေးနိုင်ရန် ပြီးခဲ့သည့်သီတင်းပတ်ကတည်းက သက်ဆိုင်ရာအဖွဲ့များအားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်မှု ပြုလုပ်ထားခဲ့ပြီးဖြစ်သည်ဟု တာဝန်ရှိသူကဆိုသည်။

“ဆိုင်ကလုန်းမုန်တိုင်းပြီးတာနဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂ ဝန်ထမ်းတွေကို ကြိုတင်စီမံနေရာချထားသလို မုန်တိုင်းသင့်ဒေသတွေမှာ ကယ်ဆယ်ရေးပစ္စည်းတွေ ကြိုတင် စုဆောင်းပြင်ဆင်ထားရှိမှုတွေကို ကျွန်တော်တို့ တတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ထားပြီးဖြစ်ပါ တယ်။ ဘေးဒဏ်သင့်ဒေသခံပြည်သူတွေကို အကူအညီတွေဝင်ရောက်ပေးခွင့်ရဖို့နဲ့ ရန်ပုံငွေတိုးမြှင့်ရရှိရေးက လည်း ယခုလိုကာလမှာ အရေးတကြီး လိုအပ်ပါတယ်”ဟု ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး(ယာယီ) မစ္စတာရာမနသန် ဘလာခရစ်ရှ်နန်ကပြောကြားကြောင်း UNOCHA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)ကလည်း ရခိုင်ပြည်နယ်နှင့် အနီးတဝိုက်မှ ဒေသခံ ၄၀၀,၀၀၀ ကျော်အတွက် တစ်လ စာ စားနပ်ရိက္ခာများပေးပို့ထားပြီးပြီဖြစ်ကြောင်း ကြေညာထားသည်။

မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ရခိုင်ကပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ကို ရိုက်ခတ် မည်ဖြစ်ပြီး လူဦးရေ ၁ ဒသမ ၂ သန်းခန့်သည် ရွှေ့ပြောင်းရသည့်အခြေအနေတွင်ရှိနေကာ အများစုသည် အိုးအိမ်မဲ့ ဖြစ်သွားနိုင်ကြောင်း UNOCHA ကထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် မုန်တိုင်းရှောင်ပြည်သူများအတွက် ရွှေ့ပြောင်းရန် ထိရောက်စွာလုပ်ဆောင်နေသော်လည်း စစ်ရေးပဋိပက္ခများဖြစ်နေသည့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် မုန်တိုင်းအန္တရာယ်ကို ရင်ဆိုင် နိုင်ရန်အတွက် အကန့်အသတ်များစွာရှိနေသည်။

အဆိုပါဒေသများတွင် စစ်ကောင်စီသည်စစ်ကြောင်းထိုးမှုများပြုလုပ်ခြင်း၊ အင်တာနက်ဖြတ်တောက်ခံထားရခြင်း ကြောင့် သတင်းအချက် အလက်ရရှိမှုနှောင့်နေးခြင်းနှင့် အကူအညီပေးရေးအဖွဲ့များရောက်ရှိနိုင်ရန်အတွက် အကန့် သတ်များစွာရှိနေသည့် အနေအထားဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s