မုန်တိုင်း အန္တရာယ်ရှိနေသောကြောင့် မုန်တိုင်းဒဏ်ခံနိုင်သည့် အဆောက်အဦများတွင် နေ mထိုင်ကြရန် ဂန့်ဂေါ(ပအဖ) သတိပေး

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) သည် မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ကုန်းတွင်းသို့ ဝင်ရောက်နိုင်ပြီး ဂန့်ဂေါမြို့သည်လည်း မုန်တိုင်းဒဏ်ကို ခံစားရနိုင်သည့်အတွက် မုန်တိုင်းဒဏ်ကို ခံနိုင်သည့် အဆောက်အဦများသို့ ပြောင်းရွှေ့နေထိုင်ကြရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အသိပေးထုတ်ပြန်ထားသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) အကြိုကာလနှင့် ဝင်ရောက်ဆဲကာလများတွင် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း နှင့်အခြားနောက်ဆက်တွဲ ဘေးအန္တရာယ်များ ကျရောက်လာနိုင်သည့်အတွက် မုန်တိုင်းဒဏ်ခံနိုင်သည့် အဆောက်အဦများထံ ပြောင်းရွှေ့နေထိုင်ကြရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားခြင်း ဖြစ်သည်။
ယင်းအပြင် အန္တရာယ်ရှိသည့် မြစ်ချောင်းများဘေးတွင် နေထိုင်ခြင်းမှ ရှောင်ရှားရန်နှင့် အရေးပေါ်အခြေအနေအတွက် ဆေးဝါးများ ၊ စား နပ်ရိက္ခာများကို ကြိုတင်စီစဉ်ထားပြီး အရေးကြီးသည့် စာရွက်စာတမ်းများအား သေချာစွာသိမ်းဆည်းထားကြပါရန်လည်း ဂန့်ဂေါ (ပအဖ) က သတိပေးထားသည်။
အမျိုသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) နှင့် ပတ်သက်၍ အရေးပေါ် တုန့်ပြန်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်သန်း မတည် ဆောင်ရွက်သွားရန် လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ် တုံ့ပြန်ရေးကော်မရှင်က ယနေ့ မေလ ၁၃ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) သည် မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ကုန်းတွင်းပိုင်းသို့ ဝင် ရောက်နိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားကြသည်။ mizzima