မုန်းမြို့နယ်၊ ညောင်ပင်သာရွာမှ စစ်တပ် မီးရှို့သတ်ဖြတ်သွားသည့် ပြည်သူ ၂၀ ဦး၏ အမည်စာရင်းများကို KNU က အတိအကျ ထုတ်ပြန်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ညောင်ပင်သာရွာမှ စစ်တပ် မီးရှို့သတ်ဖြတ်သွားသည့် ပြည်သူ ၂၀ ဦး၏ အမည်စာရင်း အတိအကျကို ကရင် အမျိုးအသား အစည်းအရုံး – KNU ဗဟိုက သတင်း ထုတ်ပြန်ထားသည်။

မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA တို့ ညောင်လေးပင်ရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး၊ ဗိုလ် ၁ ဦး၊ အကြပ် ၁ ဦးအပါအဝင် ၅ ဦး သေ​ဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်သည် ညောင်ပင်သာရွာသို့ ဝင်‎ရောက်၍ ကျေးရွာနေ ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့​ပြီး ကြိုးနှင့်ချီကာ အစု ၂ စုခွဲပြီး ကလေး ၄ ဦး၊ အမျိုးသမီး ၁၁ ဦး အပါအဝင် ပြည်သူ ၁၉ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ရွာသားတစ်ဦးကိုလည်း ရွာ၏ သင်္ချိုင်းဝင်းအတွင်း အကြမ်းဖက် စစ်တပ်က စအိုတွင်း တုတ်ထိုးသွင်းပြီး ရက်စက်စွာ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ် သတ်ဖြတ်ခဲ့သည့် ပြည်သူ ၂၀ ဦးမှာ

၁၊ အသက် ၈၀ အရွယ် ဦးဝင်းအောင်

၂၊ အသက် ၇၅ အရွယ် ဒေါ်လှ

၃၊ အသက် ၅၅ အရွယ် မခင်အုန်း

၄၊ အသက် ၂၈ အရွယ် မသန်းသန်းဝေ

၅၊ အသက် ၅ အရွယ် မောင်စစ်ပိုင်ဟိန်း

၆၊ အသက် ၅၃ နှစ်အရွယ် ကိုတိုးတိုး

၇၊ အသက် ၅၃ နှစ်အရွယ် မတင်အုန်း

၈၊ အသက် ၁၈ နှစ်အရွယ် မဂျူးဂျူး

၉၊ အသက် ၅၈ နှစ်အရွယ် မချစ်တီး

၁၀၊ အသက် ၅၃ နှစ်အရွယ် မတင်ဆန်း

၁၁၊ အသက် ၆၈ နှစ်အရွယ် ဒေါ်ခင်ရီ

၁၂၊ အသက် ၃၅ နှစ်အရွယ် ဒေါ်သန်းသန်းရွှေ

၁၃၊ အသက် ၆ နှစ်အရွယ် မသက်နှင်းစံ

၁၄၊ အသက် ၅၅ နှစ်အရွယ် ဦးကျော်တင်သိန်း

၁၅၊ အသက် ၇၀ နှစ်အရွယ် ဦးဝင်းမြိုင်

၁၆၊ အသက် ၄၀ နှစ်အရွယ် ကိုဇော်မိုးအောင်

၁၇၊ အသက် ၄၀ နှစ်အရွယ် မသူဇာ

၁၈၊ အသက် ၁၅ နှစ်အရွယ် မောင်မိုးဝေယံ

၁၉၊ အသက် ၇ နှစ်အရွယ် မောင်မိုးဝဿန် အသက် ၇ နှင့်

၂၀၊ အသက် ၃၇ နှစ်အရွယ် ကိုဟန်စိုး တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင်အကြမ်းဖက်စစ်တပ်သည် ရေအိုးစည်ရွာမှ ရွာသား ၄ ဦးနှင့် အဆိုပါ ရွာသို့ လာလည်သည့် အခြားရွာမှ ရွာသူ ၃ ဦး စုစုပေါင်း ၇ ဦးကိုလည်း လူသား ဒိုင်းကာအဖြစ် ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းလည်း သိရှိရသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ ကျူးလွန်သည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအတွက် KNU မှ ပြင်း ထန်စွာ ရှုတ်ချကြောင်းနှင့် တရာမျှတမှုရရှိရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း KNU-ဗဟိုက သတင်း ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s