ရခိုင်သို့ ဦးတည်နေသည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ လေတိုက်နှုန်း ပြင်းထန်လာပြီး တစ်နာရီလျှင် ၁၅၀ မိုင်နှုန်း တိုက်ခတ်နေ

ရခိုင်ကမ်းရိုးတန်းနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ဦးတည်နေသည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ လေတိုက်နှုန်းသည် ပြင်းထန်လာပြီး တစ်နာရီလျှင် ၁၅၀ မိုင်နှုန်း(130 Knots) တိုက်ခတ်နေကြောင်း Joint Typhoon Warning Center နှင့် နိုင်ငံတကာမိုးလေဝသဌာနများက သတင်းဖော်ပြထားသည်။
လက်ရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းသည် အားကောင်းနေပြီး ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ချိန်တွင်လည်း လေတိုက်နှုန်း တစ်နာရီလျှင် တစ်နာရီလျှင် ၁၅၀ မိုင်နှုန်း(130 Knots) ဖြင့် ဖြတ်ကျော်မည်ဟု ခန့်မှန်းရကြောင်း သတင်းများက ဆိုသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းသည် လက်ရှိတွင် စစ်တွေမြို့အနီးမှ ဖြတ်ကျော်ရန်ရှိနေပြီး ရခိုင်ဒေသရှိ မြို့နယ် ၇ ခုကို စစ်ကောင်စီက အန္တရာယ်အရှိဆုံး အနီရောင်အဆင့်အဖြစ် ကြေညာထားသည်။ khit thit