ရေစကြိုတွင် ရဲ ၄ ဦးတိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး၊ စစ်တပ်လက်နက်ကြီးကြောင့် က လေး ဒေသခံ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းကနေထွက်လာတဲ့ ရဲ ၄ ဦးကို မေ ၁၂ ရက် နေ့လယ် ၁ နာရီလောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၃ ဦးနေရာတင်သေဆုံးခဲ့တယ်လို့  ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

“ရဲလေးယောက်က ဆိုင်ကယ်နဲ့ထွက်ခဲ့တာ၊ ကျနော်တို့က အနီးကပ်ပစ်ခတ်ခဲ့တာပါ။ ၃ ယောက် နေရာတင်ကျတယ်၊ တယောက်က ပခန်းငယ်ရဲစခန်းကစခန်းမှူးပါ” လို့ ပခုက္ကူမြို့နယ်​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပခန်းကြီးငယ်ရဲစခန်းကနေ ပခန်းကြီးရဲစခန်းကိုထွက်လာတဲ့ ရဲ ၄ ဦးမှာ ၃ ဦးနေရာတင်သေဆုံးခဲ့ပြီး ကျန်တဦးက လက်ပစ်ဗုံးနဲ့ပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကျန်နေခဲ့တဲ့ ရဲတဦးကို စစ်ကောင်စီတပ်က တပ်ကူတွေ လာရောက်ခေါ်ဆောင်သွားတယ်ပြီး လက်နက်တွေမရခဲ့ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ရဲတွေကို ပခုက္ကူ ပကဖ (Pakokku Special Guerrilla Force)၊ မဟာမိတ်တွေဖြစ်တဲ့ UURF၊ ပခုက္ကူခရိုင်တပ်ရင်း ၃ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း တင်သားကျေးရွာနဲ့ မြောက်ပိုင်းက လက်ပံချောင်း ကျေးရွာတွေကို စစ်ကောင်စီတပ်က လက် နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာခံအမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၁၁ ရက်က ကလေးအမြှောက်တပ်ကနေ လက်ပံချောင်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် ရွာထဲကို လက်နက်ကြီး ၅ လုံး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

လက်ပံချောင်းရွာခံတဦးက “နေ့လယ် ၁၂ နာရီလောက်မှာ တကြိမ်ကျတာ။ အမျိုးသမီး တယောက် ဒဏ်ရာရတယ်။ နောက်ထပ် ၂ နာရီလောက်မှာ တကြိမ်ကျတာ အမျိုးသမီးတယောက် ထပ်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေက ဆေးကုသမှုခံယူနေကြရတယ်။ လက်နက်ကြီးကျလို့ နေအိမ်တလုံးလည်း မီးလောင်သွားတယ်။ နေအိမ်တွေ ထိခိုက် ပျက်စီးတာတွေ လည်းရှိတယ်” လို့ ပြောပါတယ်။

မေ ၁၂ ရက် နေ့လယ်ပိုင်းမှာလည်း ကြံသာရွာမှာတပ်စွဲ‌နေတဲ့ စစ်ကောင်စီတပ်က ကျေးရွာနဲ့ ၃ မိုင်အကွာ တင်သားရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ တင်သားရွာခံတဦးက ပြောပါတယ်။

“အမှတ် ၃ ထဲ လက်နက်ကြီးကျလို့ ကောင်မလေး တယောက် ဒဏ်ရာ ရသွားတယ်။ ရွာတောင်ပိုင်းကလူတွေတော့ ပြေးကြရသေးတယ်။”  DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s