ရေစကြို၊ ပခန်းကြီးရဲစခန်းမှ ထွက်လာသည့် ရဲများကို ပစ်ခတ် တိုက်ခိုက်မှု စခန်းမှူး အပါ အဝင် ၄ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီး ရဲစခန်းမှ ထွက်လာသည့် ရဲများကို ပစ်ခတ် တိုက်ခိုက်ရာ စခန်းမှူး အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပခန်းကြီးရဲစခန်းမှ ထွက်လာသည့် ရဲများကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စ ခန်းမှူး အပါအဝင် ရဲ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ကျန် ရဲ ၁ ဦးမှ ဆေးရုံ၌ ကုသမှု ခံယူနေစဥ် သေဆုံးခဲ့ကြောင်း သိရသည်။

” အဲတိုက်ခိုက်မှုက စခန်းမှူး အပါအဝင် ရဲ ၄ ဦး သေဆုံးတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေတော့ မရှိဘူး။ စစ်ကောင်စီ တပ်သားတွေအနေနဲ့ ပြည်သူနဲ့ အတူပူးပေါင်းပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပခုက္ကူမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူ ပကဖ (Pakokku Special Guerrilla Force)နှင့် မဟာမိတ် များဖြစ်သော UURF ၊ ပခုက္ကူခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s