လာမည့် နာရီပိုင်းအတွင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ဗဟိုချက်က စစ်တွေမြို့အနီးမှ ဖြတ်သန်းမည်ဖြစ်ပြီး တစ်နာရီ အနည်းဆုံး လေတိုက်နှုန်း ၁၆၇ မိုင်ရှိနိုင်

လာမည့်နာရီပိုင်းအတွင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ဗဟိုချက်က စစ်တွေမြို့အနီးမှ ဖြတ်သန်းမည်ဖြစ်ပြီး တစ်နာရီ အနည်းဆုံး လေတိုက်နှုန်း ၁၆၇ မိုင်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသီ Sonia Leonard က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကုန်တွင်းပိုင်းကို ဝင်တဲ့အချိန်မှာ မိုခါမုန်တိုင်းပြင်းအားအဆင့် ၅ အဆင့်မှာပဲရှိနေတယ်။ ရခိုင်ဒေသမှ ပြည်သူများ အနီးဆုံးခိုလှုံရာများသို့ ယ ခု ချက်ချင်းသွားရောက်ရန် လိုအပ်ပါတယ်။ လေတိုက်နှုန်းက တနာရီမိုင် ၁၆၇ မှ ၁၈၆ မိုင်အထိ နောက်နှစ်နာရီအတွင်း တိုက်ခိုက်နိုင်ပါတယ်” ဟု မိုးလေဝသနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသီ Sonia Leonard က ပြောဆိုသည်။

လက်ရှိ စစ်တွေမြို့ဝန်းကျင်တွင် ကြုံတွေ့နေသည့် မိုးသက်လေပြင်းကို နောက် ထပ် ၁ နာရီမှ ၂ နာရီခန့်အထိ ကြုံတွေ့နေရဦးမည်ဖြစ်ပြီး ဖြည်း ဖြည်းချင်း မုန်းတိုင်းက ရွေ့လျားသွားမည်ဟု ၎င်းက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s