ဟားခါးမြို့နယ်တွင် တိုက်ပွဲ ( ၃ ) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံး ဟုဆို

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်၊ ဇိုခွာကျေးရွာအနီးတွင် မေလ ၁၃ရက်နေ့က စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) တာ၀န်ရှိသူထံက သိရသည်။

“ဂန့်ဂေါက တက်လာတဲ့ အဖွဲ့ နဲ့ သူတို့ကို စစ်ကူလာတဲ့ ဟာခါးကတပ်နဲ့ ပေါင်းမိသွားပြီး အဲဒီအဖွဲ့ကို တိုက်ခဲ့တာပါ” ဟု CNA ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမသို့ ပြောသည်။

ဂန့်ဂေါမြို့မှ ဟာခါးမြို့ကို အင်အား ၁၀၀ကျော် ဖြင့်ချီတက်လာသည့် စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ်ဖွဲ့များ၏ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်မှုကြောင့် တပ်သား ၆၀ခန့်သာ ကျန်ပြီး ဟားခါးမှ စစ်ကောင်စီတပ် အင်အား ၇၀ခန့် စစ်ကူရောက်လာသဖြင့် ယခုအချိန်တွင် အင် အား ၁၃၀ခန့်ရှိနိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။

ယနေ့ မေလ ၁၄ရက် တွင်လည်း တိုက်ပွဲဖြစ်ပွားနိုင်ပြီး ဆက်လက်တိုက်ပွဲများ ပြင်းထန်နိုင်ကြောင်း သိရသည်။

မေလ ၁၂ရက်နေ့က ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ၎င်းတို့ တပ်ဖွဲ့ဝင်များကို လက်နက်ခဲယမ်းများ ချပေးရာ CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များက ၆၀မမ ဗုံးသီး ပါသော အထုပ်များ ရရှိခဲ့ကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s