Monthly Archives: May 2023

မိုခါဆိုင်ကလုံးကြောင့် ရခိုင်တွင် ပျက်စီးဆုံးရှုံးမှုကြီးမား၊ ယူနီဆက်ဖ်က ကွင်းဆင်းကူညီမည်

ဆိုင်ကလုံးမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်မှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ် စေခဲ့ပြီး ယူနီဆက်ဖ်မြန်မာအနေနဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေ ပေးပို့သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ကနေ ပေးပို့လာတဲ့ ပုံတွေအရ ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားတယ်လို့ ဖော်ပြထားတာဖြစ်ပြီးတော့ ပြည်နယ်တွင်း ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာ တိမ်းရှောင်မှုတွေ အပြင် မုန်တိုင်းဒဏ်ပါ ခံစားခဲ့ရတဲ့ ကလေးသူငယ်တွေနဲ့ မိသားစုတွေအတွက် ကူညီသွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကတော့ မုန်တိုင်းဒဏ်သင့်နိုင်တဲ့ ရခိုင်ပြည်နယ်နဲ့ အနီးနားဒေသတွေက လူဦးရေ ၄ သိန်းကျော်အတွက် ၁ လစာလုံလောက်တဲ့ စားနပ်ရိက္ခာတွေ ကြိုတင်နေရာချထားပြီးပြီလို့ ကနဦး ထုတ်ပြန်ထားပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Ms. Sheela Matthew က “ကျမတို့ WFP အနေနဲ့ အဆိုးဆုံးအတွက် ကြိုတင်ပြင် ဆင်လျက်ရှိသလို၊ အကောင်းဆုံး ဖြစ်လာနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ လမ်းကြောင်းဟာ ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုကိုခံစားနေကြရပြီး ကြံ့ကြံ့ခံနိုင်စွမ်းအား နည်းတဲ့ ဒေသတွေ ဆီကို ဦးတည်နေပါတယ်။ အဲဒီဒေသတွေက မုန်တိုင်းဒဏ် ခံရနိုင်ခြေရှိတဲ့ လူများစွာဟာ လက်ရှိမှာတောင် WFP ရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပုံမှန်အားဖြင့် မှီခိုအား ထားနေကြရတဲ့အခြေအ နေမှာ ရှိနေကြတာပါ။ သူတို့အနေနဲ့ နောက်ထပ် ဘေးအန္တရာယ် တခုကို ဘယ်လိုမှ ခံနိုင်စွမ်းမရှိကြပါဘူး” လို့ ပြောပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီက မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့လို့ တမြို့ လုံးနီးပါး ထိခိုက်ပျက်စီးခဲ့တဲ့ စစ်တွေအပါအဝင် ရခိုင် ပြည်နယ်က မြိုနယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေအဖြစ် သတ်မှတ်လိုက်တယ်လို့ ကြေညာထားပါတယ်။

ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏာကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ မြေပုံမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ- ၁၁ အရ သတ် မှတ်ခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ  မေ ၁၄ ရက် မနေ့က မနက် ၁၁ နာရီခွဲ လောက်ကစပြီး  လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေ မြို့နားက  ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

အဆိုပါ မုန်တိုင်းနဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေးနဲ့  ဧရာဝတီမှာ  သေဆုံးသူ ၅ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့  အမျိုးသားညီညွတ် ရေးအစိုးရ (NUG)က မုန်တိုင်းဘေး ကနဦး ထိခိုက်ပျက်စီးမှု အခြေအနေကို ထုတ်ပြန် ထားပြီး အ သေးစိတ် ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ DVB

မိုခါမုန်တိုင်း​ဘေး မြေပြင်အရေးပေါ် ကူညီကယ်ဆယ်​ရေးတွင် စစ်​ကောင်စီ၏လူကယ်ပြန်ဝန်ကြီးဌာနလုပ်အားမပါဟု ဝေဖန်ခံရ

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအတွက် ရှာ​ဖွေကယ်ဆယ်​​ရေးလုပ်ငန်းစဉ်များအတွင် အသင့်ပြင်ထား​ကြောင်း စစ်​ကောင်စီ လူကယ်ပြန်ဝန်ကြီး ဌာနက ထုတ်ပြန်ထား​သော်လည်း ​​မြေပြင်ကယ်ဆယ်​ရေးလုပ်‌ဆောင်ရာတွင် ယင်းဌာန၏ လုပ်အား မတွေ့ရကြောင်း ဘေးသင့်ဒေသမှ ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များက‌ ပြောသည်။

ယမန်​နေ့ ​မေလ ၁၄ရက်​နေ့က အင်အားအလွန်ပြင်းထန်သည့်အဆင့်ဖြင့် စစ်တွေမြို့သို့ ဝင်ရောက်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ခြောက်ခုထက်မနည်းတွင် လူ​သေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ မြေပြင်ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲရေးအပိုင်းတွင် စစ်ကောင်စီ၏ ဘေးစီမံဝန်ထမ်းများမတွေ့ရဘဲ ‌ ပရဟိတအဖွဲ့များနှင့် မီးသတ်ဝန်ထမ်းများသာ အဓိက လုပ်​ဆောင်​နေသည်ကို တွေ့ရသည်ဟုဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များက‌ ပြောသည်။

” မိုးထဲလေထဲမှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေ မတွေ့ရဘူး။လူကယ်ပြန်ရဲ့ ဘေးစီမံဆိုတာ ဘယ်ဌာနမှန်းတောင် မသိရဘူး။ အများဆုံးတွေ့ရတာကတော့ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေ၊ မီးသတ်တွေပါ”ဟု မကွေးတိုင်း၊ စလင်းမြို့မှ ရေဘေးသင့် ပြည်သူတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ လူကယ်ပြန်ဌာနက မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအတွက်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနကို ဖွင့်လှစ်ကာ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ မြို့အပါအဝင်မြို့နယ်ခုနှစ်ခုကို ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးအတွက် ရခိုင်ပြည်နယ်တွင် ၃,၂၁၄ဖွဲ့နှင့် ချင်းပြည်နယ်တွင် ၉၄၅ ဖွဲ့ ဖွဲ့စည်းထားခြင်းအပါ အဝင် မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးအစီအမံများလို့ဆောင်ထားသည်ဟု မုန်တိုင်းမဝင်မီက ထုတ်ပြန်ခဲ့သည်။

သို့သော် ယင်းထုတ်ပြန်ချက်သည် ဟန်ပြသာဖြစ်သည်ဟု ရေဘေးသင့်ပြည်သူများကပြောသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း​ကြောင့် မ​ကွေးတိုင်း၊ စလင်းမြို့နှင့်ဆင်ဖြူကျွန်းမြို့တွင် ယမန်​နေ့ မေလ ၁၄ရက် နေ့လယ်မှစ၍ ​ရေကြီး​ရေလျှံမှု ဖြစ်ပွား​ခဲ့သည်။ ညပိုင်းတွင် ​ဒေသခံများကကယ်ဆယ်​ရေးအကူညီ​​တောင်းခံလာမှုကို မြို့နယ်ကြက်​ခြေနီအဖွဲ့နှင့် ပရဟိတအဖွဲ့အချို့သာ ​ဆောင်ရွက်ခဲ့ကြောင်း မ​ကွေးတိုင်းအ​ခြေစိုက်ပရဟိတအဖွဲ့တစ်ခုက​ ဆိုသည်။

ထို့ပြင် မုန်တိုင်းမတိုက်ခင် မုန်တိုင်းသတင်းနှင့် ပတ်သက်ပြီးလည်း လူမှုကွန်ယက်စာမျက်နှာသတင်းများ​ကို စောင့်ကြည့်ခြင်း၊ ရွာခံအချင်းချင်း သတိ​ပြန်​ပေးခြင်းများသာရှိပြီး အခြားမည်သည့် သတိ​ပေးမှုကိုမျှ မရရှိခဲ့​ကြောင်း ဆင်ဖြူကျွန်းမြို့မှ ​ဒေသခံအမျိုးသမီးတစ်ဦးက​ ပြောသည်။

“သတင်း​တွေ ဘာ​တွေဖတ်တယ်။ တ​ယောက်နဲ့ တ​ယောက်ဖုန်းနဲ့ ဘာနဲ့ လှမ်း​ပြောတယ်။ ကိုယ့်​မွေးချင်းသားချင်း​တွေက လှမ်း​ပြောတယ် ။ အဲ့ဒီလိုမျိုး​တွေ​ပေါ့။ အိမ်​တွေ၊ တိရစ္ဆာန်​တွေက ​တော်​တော်များများပါတယ်။ တစ်အိမ်မှကို မကျန်ဘူး။ အကုန်ကိုပါတာ။ ဘယ်လိုမှကို လုပ်လို့မရဘူး။ ကြိုး​တွေဖြတ် လွှတ်တဲ့သူက လွှတ်ရတယ်”ဟု ယယင်းအမျိုးသမီးကပြောသည်။

မိုခါမုန်တိုင်းအရှိန်​ကြောင့် စလင်း​ချောင်း အ​ရှေ့ဘက်ကမ်းနှင့် အ​နောက်ဘက်ကမ်းတ​လျှောက်ရှိ ရွာအများစု ​ရေကြီး​ရေလျှံမှုဖြစ်ခဲ့ပြီး လူ ငါးဦးခန့်​ပျောက်ဆုံး​နေသည်ဟု သိရသည်။ ထို​ပျောက်ဆုံးမှုတွင် ​ရွှေ​လှေရပ်ကွက်မှ သားအဖနှစ်ဦးလည်းပါဝင်ပြီး သားဖြစ်သူ က​လေးငယ်၏ အ​​လောင်းကိုသာ လတ်တ​လော ပြန်​တွေ့ထား​ကြောင်း ဆင်ဖြူကျွန်းမြို့ခံတစ်ဉီးက မေလ ၁၅ရက်​ နေ့လယ်ပိုင်းတွင် ပြောသည်။လက်ရှိတွင်လည်း စား​ရေး​သောက်​ရေးအတွက် ​​ကျေးရွာအချင်းချင်း၊ ​ဒေသခံအချင်းချင်းသာ ကူညီ​နေရပြီး စစ်​ကောင်စီဘက်က ​မည်သည့် ထောက်ပံ့မှုကိုမျှ မရရှိ​ကြောင်း ​ဆိုသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်တိုက်ရိုက်ဝင်ခဲ့သည့် စစ်​တွေမြို့တွင်လည်းပျက်စီးဆုံးရှုံးမှုများပြားပြီး စစ်​တွေမြို့လမ်းမကြီး​ပေါ်ရှိ ဓါတ်တိုင်များ၊ သစ်ပင်များပြိုလဲကာ နေအိမ်နှင့်အ​ဆောက်အဦများလည်း ပျပျက်စီးခဲ့သည်။

စစ်​တွေမြို့တွင် မုန်တိုင်းဒဏ်​သင့်ပြီး​နောက် ရှာ​ဖွေရှင်းလင်းခြင်းများကို ​ပရဟိတအဖွဲ့များ၊ ​ဒေသခံများကသာ ဦး​ဆောင်လုပ်​ဆောင်​နေရပြီး စစ်​ကောင်စီဌာနဆိုင်ရာများက လက်​တွေ့ကျကျ အလုပ်လုပ်နိုင်သည့်အင်အားမရှိ​ကြောင်း ၎င်းက​ ဆိုသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်လည်း မုန်တိုင်းဘေးကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ မြို့နယ်အတွင်းရှိ လူမှုကူညီ​ရေးအဖွဲ့များ၊ ရခိုင်ပြည်နယ်မသန်စွမ်းသူများအစည်းအရုံးစသည့်အဖွဲ့များကသာ ဘေး​သင့်သူစာရင်းကောက်ခြင်း၊ ကူညီထောက်ပံ့ခြင်းတို့ လုပ်​ဆောင်​ပေး​နေကြောင်း သိရသည်။

“ကျွန်​တော်တို့အဖွဲ့အ​နေနဲ့ ရ​သေ့​တောင်ဘက်မှာ​လည်း လူဦး​ရေ ၅၀၀ အတွက် ​ရေသန့်ဘူးကြီး တစ်လီတာတစ်ဘူးနဲ့ တစ်​ယောက်ကို ​ခေါက် ဆွဲ​ခြောက်နှစ်ထုပ် ကူညီတာ​ရှိတယ်။ ​​လော​လောဆယ်က​တော့ ဘယ်အဖွဲ့အစည်းမှ ဌာနဆိုင်ရာ​တွေနဲ့ NGO​တွေက ကူညီခဲ့တာ ​လော​လောဆယ် ဘယ်သူမှ မလာ​သေးဘူး။ သတင်း​တွေလည်း အတိအကျမရ​သေးပါဘူး” ဟု ရခိုင်ပြည်နယ်မသန်စွမ်းသူများအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

မုန်တိုင်းနှင့်ပတ်သက်ပြီး ​မြောက်ဦးအပါအဝင် တိုင်း​ဒေသကြီးနှင့် ပြည်နယ်အချို့မှ စစ်​ဘေး​ရှောင်ပြည်သူများကို စစ်​ကောင်စီ လူကယ်ပြန်ဝန်ကြဌာနလက်​အောက်ခံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဆန်၊ ဆီ​ထောက်ပံ့မှု လုပ်​ဆောင်ခဲ့​ကြောင်း ယ​​နေ့ မေလ ၁၅ရက်ထုတ် စစ်​ကောင်စီဝါဒဖြန့်​ကြေးမုံသတင်းစာတွင် ​ဖော်ပြထားသည်။

စစ်​ကောင်စီခန့် လူကယ်ပြန်ဝန်ကြီးဖြစ်ပြီး အမျိုးသားသဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ကော်မတီတွင် ဒုဥက္ကဌအဖြစ်တာဝန်ယူထားသူ ဒေါ်သက်သက်ခိုင်အ​နေဖြင့် မုန်တိုင်းပြီး​နောက် မုန်တိုင်းဒဏ်သင့်​ဒေသများသို့ သွား​ရောက်ကြည့်ရှု့ စစ်​ဆေးခြင်းများလည်း မ​တွေ့ရ​သေးပေ။

မိုခါဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို မဝင်မီ မေလ ၁၃ရက်နေ့လယ်က မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးအစီအမံများနှင့် ကြိုတင်ရွှေပြောင်းပေးထားသည့် လူဦးရေစာရင်းကိုမေးမြန်းရန် စစ်ကောင်စီ၏ လူကယ်ပြန်ဝန်ကြီးဌာနအောက်ရှိ ဘေးစီမံဌာနမှ ဒုတိယညွှန်ကြားရေးမှူး၏ဖုန်းနံပါတ်ကို

မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ အမျိုးသမီးတစ်ဦးက ဖုန်းလာကိုင်ပြီး ပြန်ဆက်သွယ်မည်ဟုပြောခဲ့သည်။ ၆နာရီခန့်ကြာသည်အထိ ဖုန်းဆက်မလာ၍ မဇ္ဈိမကထပ်ခေါ်ဆိုခဲ့ရာ ပြည်ပဖုန်းများသို့ အချက်အလက်ကို ပို့ပေး၍ မရဟု အကြောင်းပြန်သည်။ mizzima

ပေါက်တောမြို့နယ် ဝင်းကျွန်းကုလားချောင်းရွာတွင် ဘာသာရေးအဆောက်အအုံးများနှင့် နေအိမ် ၂၀၀ ပျက်စီး၊မြောက်ဦးမြို့နယ်၊ နတ်ချောင်းရွာဟောင်း တရွာလုံးနီးပါးပျက်စီး

မေ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ဝင်းကျွန်းကုလားချောင်းရွာ တစ်ရွာလုံးနီးပျက် စီးသွားကြောင်း ကျေးရွာဒေသခံများ က ပြောသည်။

ကျောင်းထိုင်ဆရာတော် အရှင်နန္ဒေါဘာသက “ဘုန်းကြီးကျောင်းရယ်၊ ဓမ္မာရုံရယ်၊ ပြီးတော့ ဥပုသ်သင်္ခန်း၊ ဆွမ်းစားကျောင်းနဲ့ စေတီ၊ စာသင် ကျောင်းအကုန် ပျက်စီးသွားပါတယ်။ ရွာက အိမ်ခြေ ၂၂၀ ရှိတဲ့အထဲမှာ ၂၀၀ လောက်ပျက်စီးကုန်တယ်” ဟုမိန့်သည်။

မုန်တိုင်းကြောင့် ရှေ့ဟောင်းသမိုင်းဝင်ကံကြီးပြင်ဘုရားသိမ်တော်လည်း ပျက်စီးခဲ့ပြီး သိုးလောင်ထားသည့် ကျေးရွာသားများ၏ ဆန်စပါးများလည်း အားလုံးပျက်စီးရှုံးခဲ့ကား လက်တစ်လော အရေးပေါ် စားနပ်ရိက္ခာများလိုအပ်နေကြာင်း ကျေးရွာသားများက ပြောသည်။

ထို့ပြင် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ နတ်ချောင်းရွာဟောင်း ကျေးရွာ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် တစ်ရွာလုံးနီးပါး ပျက်စီးသွားပြီး ကျေး ရွာသားမှာ နေစရာ နေရာများလည်း ခက်ခဲမှုများနှင့် ရင်ဆိုင်နေရကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်သည်။

မေ ၁၄ ရက်နေ့ နေ့လည်ပိုင်းက တိုက်ခိုက်သွားသည် မိုခါ ဖျက်အားပြင်း မုန်တိုင်းကြောင့် ကျေးရွာအတွင်း၌ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းများနှင့် လူနေအိမ်အားလုံးနီး ပျက်စီးသွားကြောင်း ဆရာတော်က မိန့်သည်။

အဆိုပါ နတ်ချောင်းရွာဟောင်းကျေးရွာတွင် လူနေအိမ်ခြေ ၁၆၀ ခန့်ရှိပြီး ယင်းအထဲမှာ နေအိမ်အနည်းငယ် မပျက်စီးဘဲ ကျန်နေခဲ့ကြောင်း သိရပြီး လူထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိကြောင်း ကျောင်းထိုင်ဆရာတော်က ဆက်လက်မိန့်သည်။ khit thit

စစ်တပ် မီးရှို့သတ်ဖြတ်ခဲ့သည့် ညောင်ပင်သာရွာသား ၁၈ ဦးအပါအဝင် ကျဆုံးပြည်သူ ၃၅ ၀၉ ဦးထိ ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၅၀၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၂,၂၅၂ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၁၅ ရက အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၉၄၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၉၂၀ ယောက်ကတော့ ထောင် ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၂ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချ မှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၀၃ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီ မှတ်တမ်းနှင့်သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အကြမ်းဖက်စစ်အုပ်စုတပ်က အရပ် သားပြည်သူတွေကို အစုလိုက် အပြုံလိုက် ဖမ်းဆီး သတ်ဖြတ်မှုတွေနဲ့ မုန်တိုင်းဒဏ်သင့်ဧရိယာတွေက အရပ်သားပြည်သူတွေ နေထိုင်ရာဒေ သတွေကို စစ်ကြောင်းထိုးဝင်ရောက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်မနက် ၁၀ နာရီကနေ ညနေ ၅ နာရီ လောက်အထိ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာ ကျေးရွာနားမှာ အ ကြမ်းဖက် စစ်အုပ်စုတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စု စစ်ကြောင်းက ကျေးရွာထဲက အသက် ၁၈ နှစ်နဲ့အောက် က လေး ၆ ယောက် အပါအဝင် အရပ်သား ၁၈ ယောက်ကို ဖမ်းဆီးမီးရှို့ သတ်ဖြတ်ခဲ့တယ် လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့က အရပ်သားပြည်သူ ၂ သောင်းခွဲ လောက်ဟာ မိုခါ (Mocha) ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နေချိန် အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးခဲ့တာကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နေချိန်မှာတောင် မိုးထဲ လေထဲ အသက်လု ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၁၀ ရက်မနက်ပိုင်းက တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းပြီးတော့ မင်္ဂလာဆောင်အတွက် အကြိုဓါတ်ပုံရိုက်ရန် ကျေးရွာထဲကို ရောက်ရှိနေတဲ့ ဖမ်းဝရမ်းထုတ်ခံ ထားရတဲ့ ရန်တောင်ကျေးရွာက ကိုတင်ရှိန်နဲ့ သတိုးသမီးလောင်းတို့ ၂ ယောက်ကို ဖမ်း ဆီးခဲ့သည်။ အဲဒီနောက် မေ ၁၁ ရက်ညနေပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက ကိုတင်ရှိန်ကို သူ့ရဲ့ နေအိမ်ရှိရာ ရန်တောင်ကျေးရွာဆီ ခေါ်ဆောင်ခဲ့ပြီး သူ့ရဲ့နေအိမ်ရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေ ၈ ရက်တုန်းကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက အကြမ်းဖက်စစ်အုပ်စုရဲ့ ကော့ကရိတ်မြို့ အခြေစိုက် ခလရ ၉၇ တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မေ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ ကော့က ရိတ်မြို့က ဒေသခံ ၄၀ လောက်ကို ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ကော့ကရိတ် စစ်ဗျူဟာတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးကာ ကော့ကရိတ်မြို့မ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေကတော့ လုပ်ငန်းရှင်တွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေ အပါအဝင် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သူတွေ ပါဝင်ပြီး သူတို့ကို မိသားစုဝင်တွေက တွေ့ခွင့်မရရှိသေးဘူးလို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက်သို့ စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေး‌လေယာဉ်များ ပျံဝဲနေ

တနင်္သာရီတိုင်းအတွင်းသို့ စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေးလေယာဉ်များ ယနေ့ မေလ ၁၅ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် ထပ်မံပျံဝဲနေကြောင်း တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေး အဖွဲ့-ပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏လေတပ်မှ ရဟတ်ယာဉ်တစ်စီး မြေပြင်မှပေ ၂၀၀ ခန့် အမြင့်တွင် စက်သေနတ်များဖြင့် အ သင့်ချိန်ရွယ်လှည့်လည်ပျံသန်းခဲ့သည့်အပြင် မွန်းလွဲပိုင်းတွင် ဂျက် ဖိုက်တာလေယာဉ်တစ်စီး ပျံသန်းလှည့်လည်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များထံမှ သိရ သည်။

ထားဝယ်အထူးစီးပွားရေးဇုန်တည်ရှိရာ နဘုလယ်ဒေသတစ်ဝိုက်ကို မေလ ၁၄ ရက် နံနက်ပိုင်းက နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က တိုက်ခိုက်ရေး လေယာဉ် Jet Fighter အမျိုး အစားဖြင့် ဗုံးနှစ်လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန် ကြားရေးတာဝန်ခံကပြောသည်။

“လက်ရှိအချိန်ထိတော့ စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲတာ ဒေသခံတွေရော အရပ်ဖက် အဖွဲ့စည်းတွေအပြင် ရဲဘော်တွေ လုံး၀ထိခိုက်မှု မရှိပါဘူး”ဟု တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ကောင်စီက ယခုကဲ့သို့ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုပြုလုပ်ခြင်းသည် နယ်မြေစိုးမိုးထားနိုင် ခြင်းမရှိတော့သည့် အနေအထားအားဖော်ပြသကဲ့သို့ ဖြစ်နေကြောင်း ၎င်းကဆိုသည်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် ပုလောမြို့နယ်နှင့်တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်းရန် ကြိုတင် ပြင်ဆင်ကာစစ်ရေးသတိဖြင့်နေထိုင်ကြပါရန် စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့များက သတိပေးထုတ်ပြန်ထား သည်။ mizzima

ထားဝယ်မြို့နယ်တွင် စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက် ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များ ပြား

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း ဒေသတော်လှန်ရေး အဖွဲ့များက ပြောဆိုသည်။

မေလ ၁၂ ရက် ညနေ ၅ နာရီခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာနှင့် ဇဟာကျေးရွာကြား ရှိ ဥယျာဉ်ခြံမြေများအတွင်း တပ်ဖြန့်ပြီး ခြေကုပ်ယူရန် ကြိုးစားနေသော အကြမ်းဖက်စစ်သားများကို ဒရုန်း ဖြင့် ကင်းထောက်ပြီး လက်လုပ် ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် အချက် ၅၀ ခန့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင်တပ်ရင်း ၁ မှ တပ်ခွဲ ၂ စစ် ကြောင်းနှင့် ဥဩစစ်ကြောင်း တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ မေလ ၁၄ ရက် နံနက် ၈ နာရီခန့်က တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီ ကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက် အောက်ခံ ရဲကင်းစခန်း ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါရဲစခန်းကို ထားဝယ်စုပေါင်းစစ်ကြောင်း (Dawei Collective Column) တပ်ဖွဲ့မှ ၆၀ မမ လက် နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲကင်းစခန်းရှိ အကြမ်း ဖက်စစ်သား၊ ရဲများ ဘက်မှ လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ခန့် အပြန်အလှန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက် မှုအတွင်း အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက်သေဆုံးမှု အ တည် ပြုနိုင်ရန် စုံစမ်းဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။ khit thit

ရေးမြို့နယ်တွင် ဝါပသဲရွာနှင့် PDF စခန်းများကို လေကြောင်းမှ ကင်းထောက်၊ လက်နက် ကြီးဖြင့် ပစ်ခတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ဝါပသဲကျေးရွာနဲ့ PDF တပ်စခန်းတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေယာဉ်နဲ့ နေ့စဉ်ကင်းထောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တဦးက “စစ်တပ်က မြေပြင်ကနေ ၂ ည ဆက်တိုက်တော့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ လက်နက်ငယ်နဲ့ရော ရေးမြောက်ပိုင်းဘက်ရွာတွေဘက်ကို ပစ်ခတ်နေခဲ့တာ။ ထိခိုက်တာတော့ မရှိဘူး” လို့  ပြောပါတယ်

မေ ၇ ရက်၊ ၈ ရက်နဲ့ ၁၀ ရက်တွေမှာ  ရေးမြို့နယ်မြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စု၊ ဝါပသဲကျေးရွာနားက PDF စခန်းတစ်ခုနဲ့ ဝါပသဲကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက် နေ့စဉ်နဲ့အမျှ လေယာဉ်နဲ့ကင်းထောက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့မြောက်ပိုင်းက ပြောပါတယ်။

တစ်ရက်လျှင်အနည်ဆုံး ၅ ကြိမ်ထက်မနည်း ကင်းထောက်တာတွေရှိတဲ့အပြင် ဗုံးကြဲမှာ စိုးရိမ်တဲ့အတွက် ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကလည်း စခန်းကနေ ထွက်ခွာပြီး ဖြန့်ကြက်ထားရတယ်လို့ ရေးမြောက်ပိုင်း PDF တာဝန်ရှိသူတွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝါပသဲကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်တချို့ မီးလောင်ပျက်စီးဆုံးရှုံးသွားရသလို  PDF စခန်း ဗုံးကြဲတိုက်ခိုက်မှုမှာတော့ PDF တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ DVB

ကရင်နီပြည်နယ်၌ တိုက်ပွဲတွင်ကျဆုံးသွားသည့် ရဲဘော်နိုဘယ်၏စျာပန ပြုလုပ်

ကရင်နီပြည်နယ်၊ တိုက်ပွဲတစ်နေရာတွင် မေလ ၁၀ ရက်နေ့က ကျဆုံးခဲ့သည့် ကယား(ကရင်နီ) တော်လှန်ရေးတပ်ရင်း လက်အောက်ရှိ တပ်ခွဲ (၁) ကွန်မန်ဒိုတပ်ခွဲမှ ရဲဘော်အဲလ်ဖရက်(ခ)ခွန်နိုဘယ်၏ ဈာပနအခမ်းအနားအား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက်(၁၈)နှစ်အရွယ် ရဲဘော်ခွန်နိုဘယ်သည် မေလ ၁၀ ရက်နေ့က ကရင်နီပြည်နယ်တစ်နေရာ၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတော်လှန် ရေးတပ်ပေါင်းစု KRU တို့ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း ကျဆုံး သွားခဲ့သည်ဟု KRU မှ မေလ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

“စစ်ကောင်စီတပ်ဖွဲ့ကို ရင်ဆိုင်ရင်း ရှေ့တန်းစစ်မျက်နှာ တစ်နေရာတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော်အဲလ်ဖရက်(ခ)ခွန်နိုဘယ်အား ကယား(ကရင်နီ)တော်လှန်ရေးတပ်ရင်း(KRU) မှ အာဇာနည် သူရဲကောင်းအဖြစ် အသိအမှတ်ပြု လိုက်ပါကြောင်း” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima

မြ၀တီကုန်သွယ်ရေးဇုန်တွင် လုံခြုံရေး အ ကြောင်းပြ၍ စစ်တပ်၊ ရဲ က ဂိတ် ၄ ခုဖွင့်ပြီး ဆက်ကြေးကောက်ယူမှု အခြေ အနေ ဆိုးလာ

ကရင်ပြည်နယ်၊ မြ၀တီကုန်သွယ်ရေးဇုန်တွင် လုံခြုံရေး အကြောင်းပြ၍ စစ်တပ်နှင့်ရဲက ဂိတ် ၄ ခုဖွင့်ပြီး ဆက်ကြေး တောင်းယူမှု အခြေအနေ အလွန်ဆိုးဝါးလာကြောင်း ဒေသပြည်သူများနှင့်ကုန်တင်ယာဉ်မောင်းက ပြောဆိုကြသည်။

မတ်လ ၂၅ ရက်နေ့တွင် မြ၀တီကုန်သွယ်ရေးဇုန်ကို KNLA နှင့်PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က မြ၀တီကုန်သွယ် ရေး ဇုန်တွင် အတွင်း အပြင်စည်းများ သတ်မှတ်၍ ဂိတ်များစွာ ချထားကြောင်း၊ ယင်းသို့ လုံခြုံရေးတိုးမြှင့်ပြီးချိန်မှစတင်၍ ကုန်ကားများ၊ ခရီးသွားကားများအားလုံး ဆက်ကြေး အဆမတန် ပေးလာရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အကြမ်းဖက်စစ်ကောင်စီ တပ် သားတွေက ဂိတ်ဖွင့် ဆပ်ကြေးကောက်တာမှာ အတွင်းစည်း၊ အပြင်စည်း ဆိုပြီး ဂိတ် ၄ ခု ဖွင့်ထားပါတယ်။ ထိုင်း ဘက်အခြမ်း ု ကုန်ကား ကြီး တွေ ဆို လျှင် ကားတစ်စီးကို ဘတ် ငွေ ၁၀၀ ပေးရပါတယ်။ ၄ ဂိတ် ဆိုတော့ ဘတ် ၄၀၀ ပေးရပါတယ်။ ထိုင်းကားသမားတွေ က စိတ်ပျက်နေရတယ်။ မြန်မာ ကုန်ကားတွေဆို လည်း တစ်စီး ၁သောင်းပေးရပါတယ်။ ဂိတ် ၄ ဂိတ်ဆိုတော့ မြန်မာကုန်ကားတွေက ငွေ ၄ သောင်းပေးရတယ်။ တွဲ ကားကြီး တွေ ဆို ကားတစ်စီးကို ဂိတ်တစ်ခုမှာ ကျပ် ငွေ ၁သောင်းခွဲပေးရပါတယ်။ VIP လမ်း ကြောင်းနဲ့ တန်းစီစရာမလိုဘဲ ဇုန် အဝင် အထွက် ထိ ကား ကြီး တစ်စီး ကို ကျပ်ငွေ တစ်သိန်းခွဲ ပေးရပါတယ်။ အကြမ်းဖက် စစ်ကောင်စီ တပ် စစ်ဆေးရေး၊ ကုန်သွယ်ရေး ဇုန်လုံခြုံရေး စစ်သားများနှင့် အပေါင်းပါများ အလုပ်ဖြစ်နေကြတယ်။ ငွေရနေကြတာ” ဟု မြ၀တီမြို့ခံ ကုန်သွယ် ရေးနှင့်ပို့ဆောင်ရေး သမားတစ်ဦးက ပြောသည်။

ယခင်က အမှတ် ၂ တံတားမှ ဝင်လာသည့် ကားများသည်မြ၀တီမြို့နယ်ထဲသို့ နယ်ကျော် ဝင်ရောက်လာကြပြီး မြန်မာကားနံပါတ် ကပ်လိုက်ကြကြောင်း၊ ယခုအခါ ထိုကဲ့သို့ မြန်မာနံပါတ် တပ်သည့် ထိုင်းကားတချို့ကို ဖမ်းဆီးမှုများရှိလာပြီး မြ၀တီဒေသအာဏာပိုင်များအကြား အ ချင်းချင်း အဝေမတည့်သည့် ပြဿနာများရှိလာကြောင်း သိရှိရသည်။

မြ၀တီမြို့နယ်တွင် ရဲဘက်ကလည်း ဆက်ကြေးကောက်ယူမှုများရှိနေရာ ခရိုင်ရဲဒနမှ ထွန်းထွန်းနိုင် ဦးဆောင်သော ရဲတပ်ဖွဲ့၊ ၊သင်္ဃန်းညီနောင် ရွာသစ်တွင် ပြည်နယ်ဒန အေးနိုင် ဦးဆောင်သောအဖွဲ့၊ တပ်ကြပ်စိုးဇော်ဦး၊ ပျူစောထီး ကိုငယ်တို့ကလည်း ပုံစံမျိုးစုံဖြင့် ခရီးသွားကားများ၊ ကုန်ကားများကို ငွေညှစ် ဆက်ကြေးတောင်းလျက်ရှိကြောင်း သိရှိရသည်။ khit thit

« Older Entries