ကချင် IDP စခန်းများ မိုခါမုန်တိုင်းကြောင့် ပျက်စီး

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကချင်ပြည်နယ်ရှိ ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာဧရိယာထဲက IDPs စခန်းတချို့မှာ ပျက်စီးမှုတွေရှိခဲ့ပြီး မဂယန်စစ်ရှောင်စခန်းက ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။
အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုက “မနေ့ည ၁၄ ရက်နေ့ည ၈ နာရီခွဲကနေ မနက် ၁ နာရီခွဲထိ တိုက်ခတ်တဲ့ အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ရှအစ်ယာန် IDPs နဲ့ မဂယာန် IDPs စခန်းက လူနေအိမ်၊ မီးဖိုချောင်၊ အိမ်သာ၊ စာသင်ကျောင်း အဆောက်အဦတွေ ပျက်စီးသွားကြတာပါ” လို့ ဖော်ပြထားပါတယ်။
အဲဒီအရပ်ဘက်အဖွဲ့အစည်းနဲ့ နီးစပ်သူ တစ်ဦးက “ပရန်ခူးဒုံးရွာကလည်း ၃ အိမ် ခေါင်မိုးလန် ပါသွားတယ်။ မြေရှား တူးထားတဲ့နေရာတွေ မြေပြိုတာမျိုးဖြစ်မှာလည်း သတိထားနေရတယ်။ မပေါက်ကွဲသေးတဲ့ မြေမြှုပ်ဗုံးရန်ကိုလည်း စိုးရိမ်နေရတယ်။ IDPs က အပျက်အစီးတွေကိုတော့ စာရင်းလုပ်နေတုန်းပဲ” လို့ ပြောပါတယ်။
မဂယာန် IDP Camp မှာ လူနေအိမ် ၁၈ လုံး အိမ်သာ အလုံး၂၀ မီးဖိုချောင် ၂၀ ပျက်စီးသွားခဲ့ပြီး camp ရဲ့ အပျက်အစီးစာရင်းတွေကို ဆက် လက်စုံစမ်းနေကြောင်းလည်း ကနဦး သတင်းရရှိပါတယ်။ DVB