ကနီတွင် မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းပြီး ရေကြီးမှုဖြစ်နေစဥ် စစ်တပ်က ကျေးရွာများကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး ဟောင်ဝှစ်ဇာလက်နက်ကြီး များဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မိုခါ မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းပြီး ရေကြီးမှုဖြစ်နေစဥ် စစ်တပ်က ကျေးရွာများကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး ဟောင်ဝှစ်ဇာလက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ကြောင်း KLG PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ မေလ ၁၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်တွင် ကနီမြို့နယ်ရှိ ကျေးရွာများတွင် မိုခါ မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းပြီး ရေကြီးမှုဖြစ်နေစဥ် အကြမ်းဖက် စစ်တပ်က သမင်ခြံကျေးရွာနှင့် မင်းမကျေးရွာ အကြားသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များက ခုခံ တိုက်ခိုက်စဥ် အကြမ်းဖက် စစ်သား အများအပြားသေဆုံးခဲ့သောကြောင့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို တိုက်လေယာဉ်ဖြင့် ၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နခမ)တပ် မှ ဟောင်ဝှစ်ဇာလက် နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မိုးကလည်း အရမ်းရွာနေတယ်၊ သမင်ခြံနဲ့မင်းမကြားမှာ တိုက်ပွဲဖြစ်တာ၊ ခွေးတွေ သေဆုံးတာ များနေ တော့ ၁ နာရီမိနစ် ၄၀ မှာ လေယာဉ်နဲ့ ဗုံးလာကျဲတယ်၊ တစ်ကြိမ်တည်းပဲ၊ လေယောဉ်လာလို့ မရတော့ နမခကနေ ဟောင်ဝှစ်ဇာအမြောက်ကြီးတွေနဲ့ ပစ်ကူပေးနေတာ၊ အထိအခိုက်တော့ မသိရသေးဘူး” ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယင်းအကြမ်းဖက်စစ်ကြောင်း ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး(ပျူ)ရွာအတွင်းမှ မေလ ၁၂ ရက် နေ့တွင် ကနီမြို့နယ်အတွင်း စစ်ကြောင်း စစ် ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ မင်းရွာအနီးအရောက်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား အများ ပြား ထိခိုက်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ တစ်ဦးကျဆုံးကာ ၆ ဦးဒဏ်ရာရရှိထား ကြောင်း ကနီမြို့နယ် သပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်ထံမှ သိရသည်။

ယနေ့‌ မေလ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် မုံရွာမြို့၊ နမခတပ်အတွင်းမှ ချင်းတွင်းတံတားကို ဖြတ်ကာ စစ်ကားအကြီး ၄ စီးဖြင့် အောင်ဇေယျမြို့သစ်မှတဆင့် မုံရွာ-ယာကြီး- ကလေးဝလမ်းအတိုင်း နဘူးအိုင် ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာလာကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် တွင်းကျေးရွာ၊ ချောင်းမကျေး ရွာ၊ လယ် ရှည်ကျေးရွာ၊ ယကန်းတိုင်ကျေးရွာ၊ မင်းမကျေးရွာ၊ သင့်ဝင်ကျေးရွာ၊ သမင်ခြံကျေးရွာ၊ မုဌော ကျေးရွာ၊ ငါးဖျက်ကျေးရွာ၊ ပန်းဆိုင်ကျေးရွာ၊ တဇယ်ချောင်ကျေးရွာ၊ ညောင်ပင်ဝန်းကျေးရွာ၊ ဝါးတန်း ကျေးရွာနေ ပြည်သူ ၅၀၀၀ ကျော်မှာ မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s