ကရင်နီပြည်နယ်၌ တိုက်ပွဲတွင်ကျဆုံးသွားသည့် ရဲဘော်နိုဘယ်၏စျာပန ပြုလုပ်


ကရင်နီပြည်နယ်၊ တိုက်ပွဲတစ်နေရာတွင် မေလ ၁၀ ရက်နေ့က ကျဆုံးခဲ့သည့် ကယား(ကရင်နီ) တော်လှန်ရေးတပ်ရင်း လက်အောက်ရှိ တပ်ခွဲ (၁) ကွန်မန်ဒိုတပ်ခွဲမှ ရဲဘော်အဲလ်ဖရက်(ခ)ခွန်နိုဘယ်၏ ဈာပနအခမ်းအနားအား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသက်(၁၈)နှစ်အရွယ် ရဲဘော်ခွန်နိုဘယ်သည် မေလ ၁၀ ရက်နေ့က ကရင်နီပြည်နယ်တစ်နေရာ၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတော်လှန် ရေးတပ်ပေါင်းစု KRU တို့ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း ကျဆုံး သွားခဲ့သည်ဟု KRU မှ မေလ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။
“စစ်ကောင်စီတပ်ဖွဲ့ကို ရင်ဆိုင်ရင်း ရှေ့တန်းစစ်မျက်နှာ တစ်နေရာတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော်အဲလ်ဖရက်(ခ)ခွန်နိုဘယ်အား ကယား(ကရင်နီ)တော်လှန်ရေးတပ်ရင်း(KRU) မှ အာဇာနည် သူရဲကောင်းအဖြစ် အသိအမှတ်ပြု လိုက်ပါကြောင်း” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima