စစ်တွေတွင် နာရီပေါင်း ၂၀ ကြာပြတ်တောက်ပြီးနောက် ဖုန်းလိုင်းများပြန်လည် ရရှိ


ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့က ဆိုင်ကလုန်းမုန်တိုင်းမိုခါဝင်ရောက်စဉ် ဆက် သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ရာမှ ယနေ့ မေလ ၁၅ ရက် မွန်းလွဲ ၁၂ နာရီကျော်တွင် ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မေလ ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် စစ်တွေမြို့သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ရ ခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးရှိ ပင်မဆက်သွယ်ရေးတာဝါ တိုင် ကျိုးကျပြိုလဲသွားခဲ့သဖြင့် မွန်းလွဲ ၂ နာရီမှစတင်ကာ အင်တာနက်၊ ဖုန်းလိုင်း ဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ပြီး လက်ရှိတွင် ဆက်သွယ်မှုများ ပြန်လည်ရရှိပြီဖြစ်ကြောင်း စစ်တွေဒေသခံတစ်ဦးထံမှ သိရသည်။
“မနေ့က မုန်တိုင်းတိုက်နေတဲ့အချိန်မှာ MPT က အစောကြီးပျက်တယ်။ MPT ပျက်နေတဲ့အချိန်မှာ မိုင်တဲ က နာရီဝက်လောက်သုံးလို့ရသေးတယ်။ MPT ကတော့ ဒီနေ့ ၁၂ နာရီကျော်လောက်ကနေ စရတာပေါ့” ဟု စစ်တွေမြို့မှ ဦးခိုင်ကောင်းစံက မဇ္ဈိမ ကိုပြောသည်။
လူမှုကွန်ရက်တွင်လည်း စစ်တွေမြို့တွင် ရှိနေသည့် မိသားစု၊ မိတ်ဆွေများနှင့် အဆက်အသွယ်ပြတ် တောက်နေကြသဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်ကိုလည်း တွေ့ရသည်။
ယနေ့နံနက်ပိုင်းတွင်မြောက်ဦးဘက်၌ မိုင်တဲဖုန်းလိုင်းဖြင့်သာ အင်တာနက်ရပြီး MPT, Telenor (ATOM) , Ooredoo စသည့် မည်သည့် ဖုန်းလိုင်းနှင့်မျှ ဆက်သွယ်၍ မရသေးကြောင်းလည်း သိရသည်။
“မြောက်ဦးမှာ Mytel တစ်ခုကလွဲရင် ကျန်တာ ဘာမှသုံးမရဘူး၊ Mytel ကတော့ ဖုန်း၊ အင်တာနက်သုံးလို့ ရတယ်၊ လက်ရှိိမှာလျှပ်စစ်မီးလည်း ပြတ်တောက်နေပါတယ်” ဟု မြောက်ဦးမြို့တွင် ရောက်နေသည့် သတင်းထောက်တစ်ဦးက မဇ္ဈိမကို ပြောသည်။ mizzima