ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ခင်ဦးနှင့် ရေ ဦးမြို့နယ်တို့မှ စိုက်ခင်းများ ရေဝင်ပျက်စီး

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများမှ စိုက်ခင်းများနှင့် ရေဦးမြို့နယ်အတွင်းရှိ စိုက်ခင်းအချို့ ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။
“ခင်ဦးမြို့နယ်အနောက်ခြမ်းက အဓိက ပဲတီစိမ်းစိုက်ကြတာ။ ဒီနေ့မနက်မှာ ပဲတီစိမ်းခင်းတွေ ရေမြုပ်နေ တယ် “ဟု ဒေသခံတစ်ဦးက ပြော သည်။
လက်ရှိကာလသည် ပဲတီစိမ်း၊ မတ်ပဲများ ရိတ်သိမ်းရမည့်အချိန်ဖြစ်ကာ မုန်တိုင်းကြောင့် မရိတ်သိမ်းလိုက် ရဘဲရေမြုပ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ခင်ဦးမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာ ၄၉ ရွာ၏ စိုက်ပျိုးဧက ၁၀,၀၀၀ (တစ်သောင်းက) ကျော်အထိ ရေဝင်ပျက်စီးခဲ့ရသည်ဟု PVTV ၏ သတင်းတစ်ခုတွင်လည်း ဖော်ပြသည်။
အလားတူ ရေဦးမြို့နယ်၌ စိုက်ခင်းများရေဝင်ပျက်စီးမှုများရှိကြောင်း People’s Defense Comarade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော်က ပြေ ာသည်။
“ စိုက်ပျိုးမြေအများစုက မူးချောင်းဘေးမှာရှိတာ။ အဲဒီတော့ မူးချောင်း ရေလျှံပြီဆိုတာနဲ့ လယ်တွေထဲဝင် တယ်။ ပျက်စီးဆုံးရှုံးမှုတစ်ချို့ရှိတယ်။ အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူး” ဟု ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ယမန်နေ့ (မေလ ၁၄ ရက်)တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ဝင်ရောက်လာသည့် အတွက် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးသည်းထန်းစွာရွာသွန်း ပြီး ချောင်းရေလျှံခြင်း၊ မြစ်ရေလျှံခြင်းများဖြစ်ပေါ်ကာ လယ်ယာစိုက်ခင်းများ ရေမြုပ်ပျက်စီးနေခြင်းဖြစ် သည်။ mizzima