ထားဝယ်တွင် စစ်ထောက်လှမ်းရေး ၁ ဦးနှင့် ဆွာမြို့တွင် အုပ်ချုပ်ရေးမှူး ၁ ဦးတို့ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထောက်လှမ်းရေး ၂၅ တပ်မှ ထောက်လှမ်းရေး နေမင်း (ခ)ခေါင်းကီး ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားကြောင်း Dawei Collection Column မှ တာ ဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ မေလ ၁၄ ရက် နေ့လည် ၂ နာရီခန့်က ပကာရီကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ထားဝယ်မြို့မှ ကား ၃ စီးဖြင့်လာရောက်ခေါ်ဆောင်ပြီး ၎င်းကို ဒေသသတင်းထောက်လှမ်း ရန် ပကာရီကျေးရွာ ချန်ထားခဲ့စဉ် ထားဝယ်စုပေါင်း စစ်ကြောင်း(Dawei Collection Column) နှင့် ဥဩ စစ်ကြောင်းတို့မှ သွားရောက်ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က ထားဝယ်ကနေ စကစအင်အား အများပြားနဲ့ မြေတင်ကား ၃ စီးနဲ့ ပကာရီမှာရှိတဲ့ စကစတွေကို လာကြိုသွားတယ်၊ သူက စကစတွေမရှိတော့ တော ထဲသွားပုန်းနေတုန်း ဖမ်းမိခဲ့တာ၊ သူ့မှာက စစ်ယူ နီဖောင်းနဲ့ သေနတ်တော့ရှိတယ်၊စကစကို ပြန်အပ်ထားတာလား၊ သူပဲ ဖွတ်ထားတာလား မသိဘူး၊ ပစ္စည်း တော့ မရလိုက်ဘူး၊” ဟု Dawei Collection Column မှ တာ ဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများကို ဒုက္ခပေးခြင်း၊ အကြမ်းဖက်စစ်ကြောင်း များ၌ လမ်း ပြအဖြစ် လုပ်ဆောင်ပေးခြင်းတို့ ကျူး လွန်နေသဖြင့် ဖမ်းဆီးရှင်းလင်း လိုက်ခြင်းဖြစ်ပြီး ၎င်းရှင်းလင်းခံ ရမှုကြောင့် ယမန်နေ့ည ပိုင်းက အကြမ်းဖက်စစ်ကား ၃ စီး အင်အားအပြည့်ဖြင့် ပကာရီ ကျေးရွာသို့ အ ကြမ်းဖက်စစ်သားများ ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့မြောက်ပိုင်း၊ ရှမ်းရွာ အသက် ၆၇ နှစ်အရွယ် အုပ်ချုပ်ရေးမှူး သန်းမြိုင်ကို မေလ ၁၂ ရက် ည ၈ နာရီခွဲခန့်က ရေတာရှည်မြို့နယ် ပကဖမှ အထူးစီမံ ချက်ဖြင့် ပစ် ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ရေတာရှည် PDF ထံမှ သိရသည်။

စစ်ဘေးရှောင်ပြည်သူများ ခုံလှုံသည့် နေရာများတွင် အကြောင်းအမျိုး မျိုးဒုက္ခပေးခြင်း၊ ဆွာမြို့ ဝန်း ကျင်တွင် ပျူစောထီးသင်တန်းများကို ဦး ဆောင်စေခိုင်းခြင်း၊ အကြမ်းဖက် စစ်တပ်ထောက် တိုင်များ ဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးဘဏ်၊ လျှပ်စစ်ဌာနများနှင့်အတူ ပြည်သူ လူ ထုကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ NUG အစိုးရ ၊ PDF တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုအပေါ် အမြဲ တမ်းခြိမ်းခြောက် နေသည်ကို ခိုင်လုံစွာ စစ်ဆေးတွေ့ရှိရသဖြင့် ပစ်ခတ်ရှင်းရခြင်းဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s