ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက်သို့ စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးလေယာဉ်များ ပျံဝဲနေ

တနင်္သာရီတိုင်းအတွင်းသို့ စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေးလေယာဉ်များ ယနေ့ မေလ ၁၅ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် ထပ်မံပျံဝဲနေကြောင်း တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေး အဖွဲ့-ပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏လေတပ်မှ ရဟတ်ယာဉ်တစ်စီး မြေပြင်မှပေ ၂၀၀ ခန့် အမြင့်တွင် စက်သေနတ်များဖြင့် အ သင့်ချိန်ရွယ်လှည့်လည်ပျံသန်းခဲ့သည့်အပြင် မွန်းလွဲပိုင်းတွင် ဂျက် ဖိုက်တာလေယာဉ်တစ်စီး ပျံသန်းလှည့်လည်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များထံမှ သိရ သည်။
ထားဝယ်အထူးစီးပွားရေးဇုန်တည်ရှိရာ နဘုလယ်ဒေသတစ်ဝိုက်ကို မေလ ၁၄ ရက် နံနက်ပိုင်းက နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က တိုက်ခိုက်ရေး လေယာဉ် Jet Fighter အမျိုး အစားဖြင့် ဗုံးနှစ်လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန် ကြားရေးတာဝန်ခံကပြောသည်။
“လက်ရှိအချိန်ထိတော့ စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲတာ ဒေသခံတွေရော အရပ်ဖက် အဖွဲ့စည်းတွေအပြင် ရဲဘော်တွေ လုံး၀ထိခိုက်မှု မရှိပါဘူး”ဟု တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေး တာဝန်ခံက ပြောသည်။
စစ်ကောင်စီက ယခုကဲ့သို့ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုပြုလုပ်ခြင်းသည် နယ်မြေစိုးမိုးထားနိုင် ခြင်းမရှိတော့သည့် အနေအထားအားဖော်ပြသကဲ့သို့ ဖြစ်နေကြောင်း ၎င်းကဆိုသည်။
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် ပုလောမြို့နယ်နှင့်တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်းရန် ကြိုတင် ပြင်ဆင်ကာစစ်ရေးသတိဖြင့်နေထိုင်ကြပါရန် စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့များက သတိပေးထုတ်ပြန်ထား သည်။ mizzima