မိုခါမုန်တိုင်းကြောင့် Vakok တပ်ရင်းစခန်း တစ်ခုလုံးပျက်စီးပြီး အရေးပေါ် မိုးကာများ လိုအပ်နေ

မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်၊ ကန်ပလက်မြို့နယ်၊ CDF – Kanpetlet တပ်ရင်း ၂ Vakok စခန်း တစ်ခုလုံး ပျက်စီးသွားပြီး အရေးပေါ်မိုးကာများလိုအပ်နေကြောင်း Vokok Battalion တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၄ ရက်နေ့က ဝင်ရောက်ခဲ့သော မိုခါမုန်တိုင်း အဖျားခတ်ဝင်ရောက်တိုက်ခိုက်မှု ကြောင့် CDF.Kanpetlet တပ်ရင်း ၂ Vakok တပ်ရင်းစခန်း ၂ ခုမှ တဲ ၁၇ လုံးခန့် မိုးကာများ ပျက်စီး ခဲ့ ကာ ကုတုတ်ကျင်းများ၊ လက်နက်ကြီး၊ လေကြောင်း ပုန်းခိုကျင်းများ မိုးရေဝင်ကာ ပျက်စီးခဲ့ပြီး မိုး ကာများမှ သုံးစားမရအောင် စုတ်ပြတ်ပျက်စီးခဲ့သဖြင့် အရေးပေါ်လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့တပ်ရင်းမှာက မိုးကာကိုပဲ မိုးတယ်၊ ကာတယ် ဆိုတော့ မိုးကာတွေ လိုတာပေါ့၊ တဲက ပြန် ဆောက်လို့ရပေမယ့် မိုးကတွေဝယ်ဖို့က အခက်အခဲရှိနေတာ၊ မိုးက ဆက်တိုက်ရွာနေတော့ ရဲဘော်တွေ မှာ အိပ်စရာ နေရာ မရှိဘူးဖြစ်နေတယ်၊ ပုန်းခိုကျင်းတွေကလည်း ရေတွေဝင်ပျက်စီး ကုန်တယ်၊ ကျနော် တို့ဘက်မှာ ပြည်သူတွေထိခိုက်မှုမရှိပါဘူး” ဟု Vokok Battalion တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s