မိုင်တဲလ်ပြန်ရနေတဲ့ ကျောက်တော်

ရခိုင်ပြည်နယ်ကျောက်တော်မြို့တွင် မိုင်တဲလ် တယ်လီဖုန်းလိုင်းနှင့် အင်တာနက်များပြန်လည်ရရှိနေပြီဖြစ်သည်ဟု ​ဒေသခံတစ်ဦးနှင့်ဆက်သွယ်ပြောကြားချက်အရသိရသည်။

သို့သော် အော်ရီဒူးဖုန်းလိုင်းမှာ ပြတ်တောက်သွားသည်ဟု သိရသည်။

ကျောက်တော်တွင်မိုးအနည်းငယ်ရွာသွန်းမှုရှိနေသော်လည်း လေငြိမ်နေသည်ဟုလည်း ဒေသခံ၏ပြောကြားချက်အရသိရသည်။

ကျောက်ဖြူမြို့တွင်လည်း ဒေသခံအချို့ကို အွန်လိုင်းပြန်လည်အသုံးပြုနေသည်ကို ဆိုရှယ်မီဒီယာတွင်ရေးသားထားချက်အရသိရသည်။

စစ်ကောင်စီဘက်မှထုတ်ပြန်ချက်အရ ရွေ့လျားဆက်သွယ်ရေးကားများ Mobile Car စစ်တွေဘက်သို့သွားရောက်နေသော သတင်းများလည်းတွေ့ရသည်။ ဆိုင်ကလုန်းမိုခါကြောင့် မေလ ၁၄ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်ခန့်ကစ၍ အမ်းနှင့်သံတွဲမှလွဲ၍ ရခိုင်ပြည်နယ် မြို့အတော်များများတွင် တယ်လီဖုန်းနှင့်အင်တာနက်များပြတ်တောက်သွားခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s